သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြေႏွာက္ယွက္မႈ ရုရွားမဟုတ္၊ ယူကရိန္းလို႔ဆိုျခင္းဟာ စိတ္ကူးယဥ္ျဖစ္ဟု အိမ္ျဖဴေတာ္အရာရွိေဟာင္းထြက္ဆို


(Zawgyi/Unicode)

၂၀၁၆ အေမရိကန္သမၼတ ေရြးေကာက္ပဲြကုိ ယူကရိန္းက ၾကား၀င္စြက္ဖက္ခဲ့တယ္လုိ႔ဆုိတဲ့ ထင္ျမင္ခ်က္ကုိ သမၼတ Donald Trump က ထပ္မံေထာက္ခံ ေျပာဆုိလုိက္ပါတယ္။

ေရြးေကာက္ပဲြကုိ ၾကား၀င္ ေႏွာက္ယွက္ခဲ့တာဟာ ႐ုရွားႏုိင္ငံ မဟုတ္ဘဲ ယူကရိန္းႏုိင္ငံ ျဖစ္ေၾကာင္း ေျပာဆုိေနတာေတြဟာ စိတ္ကူးယဥ္၀တၳဳဆန္ဆန္ ေျပာဆုိခ်က္ေတြသာျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ အမ်ဳိးသားလုံၿခံဳေရးေကာင္စီ အႀကံေပးအရာရွိေဟာင္း Fiona Hill ကေျပာဆုိလုိက္ၿပီး ေနာက္တရက္မွာပဲ သမၼတက ေျပာဆုိလုိက္တာပါ။

အေမရိကန္က စစ္ေရး အကူအညီေတြကုိ ဆုိင္းငံ့ခဲ့တဲ့ အခ်ိန္မွာ ယူကရိန္းႏုိင္ငံက အက်င့္ပ်က္ျခစားမႈေတြကုိ တုိက္ဖ်က္ဖုိ႔ ရည္ရြယ္ခဲ့တာျဖစ္ေၾကာင္းလည္း Fox သတင္းဌာန အစီအစဥ္မွာ သမၼတ Trump က ေျပာဆုိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇူလုိင္လထဲ ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ တယ္လီဖုန္းစကား ေျပာရာမွာ ေဒၚလာသန္း ၄၀၀ နီးပါးရွိတဲ့ စစ္ေရးအကူအညီေတြကုိ ဆုိင္းထားၿပီး အျပန္အလွန္အေနနဲ႔ သူ႔ရဲ႕ႏုိင္ငံေရး ၿပိဳင္ဘက္ေတြအေပၚ စုံစမ္းဖုိ႔ ေျပာဆုိခဲ့တဲ့အတြက္ ေအာက္လႊတ္ေတာ္က စုံစမ္းစစ္ေဆးေနတာပါ။

သမၼတ Trump ကေတာ့ လႊတ္ေတာ္မွာ သက္ေသေတြ ထြက္ဆုိသြားခဲ့တာေတြနဲ႔ ဆန္႔က်င္ၿပီး သူ႔ဘက္က အေပးအယူလုပ္ဖုိ႔ ႀကိဳးပမ္းခဲ့တာ မရွိေၾကာင္း ျငင္းဆန္ထားပါတယ္။

မေန႔တုန္းက ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီ ၾကားနာပဲြမွာ အိမ္ျဖဴေတာ္ အမ်ဳိးသားလုံၿခံဳေရးေကာင္စီ ႐ုရွားဆုိင္ရာ အႀကံေပးအရာရွိေဟာင္း Hill က ထြက္ဆုိရာမွာေတာ့၊ ယူကရိန္းအစုိးရက စုံစမ္းစစ္ေဆးမႈေတြလုပ္ဖုိ႔ အေမရိကန္အစုိးရ အရာရွိေတြရဲ႕ ႀကိဳးပမ္းမႈေတြဟာ ျပည္တြင္းႏုိင္ငံေရး အက်ဳိးအျမတ္အတြက္ အေမရိကန္ရဲ႕ ႏုိင္ငံျခားေရးရာ ရည္မွန္းခ်က္ေတြက ေသြဖီတဲ့လုပ္ရပ္အျဖစ္ ေျပာဆုိခဲ့တာပါ။

ဥေရာပသမဂၢ (EU) ဆုိင္ရာ သံအမတ္ႀကီး Gordon Sondland ကလည္း သမၼတနဲ႔ ထိပ္တန္း အစုိးရတာ၀န္ရွိသူေတြဟာ ယူကရိန္းအစုိးရက စုံစမ္းစစ္ေဆးမႈေတြလုပ္ေအာင္ ဖိအားေပးဖုိ႔ ႀကိဳးပမ္းခဲ့ေၾကာင္း ဗုဒၶဟူးေန႔ကပဲ ထြက္ဆုိထားပါတယ္။

[Unicode Version]

ကန်ရွေးကောက်ပွဲနှောက်ယှက်မှု ရုရှားမဟုတ်၊ ယူကရိန်းလို့ဆိုခြင်းဟာ စိတ်ကူးယဉ်ဖြစ်ဟု အိမ်ဖြူတော်အရာရှိဟောင်းထွက်ဆို

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ယူကရိန်းက ကြားဝင်စွက်ဖက်ခဲ့တယ်လို့ဆိုတဲ့ ထင်မြင်ချက်ကို သမ္မတ Donald Trump က ထပ်မံထောက်ခံ ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကို ကြားဝင် နှောက်ယှက်ခဲ့တာဟာ ရုရှားနိုင်ငံ မဟုတ်ဘဲ ယူကရိန်းနိုင်ငံ ဖြစ်ကြောင်း ပြောဆိုနေတာတွေဟာ စိတ်ကူးယဉ်ဝတ္ထုဆန်ဆန် ပြောဆိုချက်တွေသာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးအရာရှိဟောင်း Fiona Hill ကပြောဆိုလိုက်ပြီး နောက်တရက်မှာပဲ သမ္မတက ပြောဆိုလိုက်တာပါ။

အမေရိကန်က စစ်ရေး အကူအညီတွေကို ဆိုင်းငံ့ခဲ့တဲ့ အချိန်မှာ ယူကရိန်းနိုင်ငံက အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်းလည်း Fox သတင်းဌာန အစီအစဉ်မှာ သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တယ်လီဖုန်းစကား ပြောရာမှာ ဒေါ်လာသန်း ၄၀၀ နီးပါးရှိတဲ့ စစ်ရေးအကူအညီတွေကို ဆိုင်းထားပြီး အပြန်အလှန်အနေနဲ့ သူ့ရဲ့နိုင်ငံရေး ပြိုင်ဘက်တွေအပေါ် စုံစမ်းဖို့ ပြောဆိုခဲ့တဲ့အတွက် အောက်လွှတ်တော်က စုံစမ်းစစ်ဆေးနေတာပါ။

သမ္မတ Trump ကတော့ လွှတ်တော်မှာ သက်သေတွေ ထွက်ဆိုသွားခဲ့တာတွေနဲ့ ဆန့်ကျင်ပြီး သူ့ဘက်က အပေးအယူလုပ်ဖို့ ကြိုးပမ်းခဲ့တာ မရှိကြောင်း ငြင်းဆန်ထားပါတယ်။

မနေ့တုန်းက အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ကြားနာပွဲမှာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ရုရှားဆိုင်ရာ အကြံပေးအရာရှိဟောင်း Hill က ထွက်ဆိုရာမှာတော့၊ ယူကရိန်းအစိုးရက စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အမေရိကန်အစိုးရ အရာရှိတွေရဲ့ ကြိုးပမ်းမှုတွေဟာ ပြည်တွင်းနိုင်ငံရေး အကျိုးအမြတ်အတွက် အမေရိကန်ရဲ့ နိုင်ငံခြားရေးရာ ရည်မှန်းချက်တွေက သွေဖီတဲ့လုပ်ရပ်အဖြစ် ပြောဆိုခဲ့တာပါ။

ဥရောပသမဂ္ဂ (EU) ဆိုင်ရာ သံအမတ်ကြီး Gordon Sondland ကလည်း သမ္မတနဲ့ ထိပ်တန်း အစိုးရတာဝန်ရှိသူတွေဟာ ယူကရိန်းအစိုးရက စုံစမ်းစစ်ဆေးမှုတွေလုပ်အောင် ဖိအားပေးဖို့ ကြိုးပမ်းခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ကပဲ ထွက်ဆိုထားပါတယ်။

XS
SM
MD
LG