သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း စစ်ရေးအထောက်အပံ့ကို သမ္မတ Trump နိုင်ငံရေး အကျိုးအတွက် သုံးခဲ့သလား


ယူကရိန်းအနေနဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် နိုင်ငံရေးအရ အမြတ်ထွက်စေမယ့် စုံစမ်းစစ်ဆေးမှု မလုပ်ဘူးဆိုရင် လိုချင်တဲ့ စစ်ရေးအကူအညီကို ရမှာမဟုတ်ဘူးဆိုတာ မကြာသေးခင် လတွေအတွင်းက သတ်မှတ်ချက်တခု ဖြစ်ခဲ့တယ်လို့ အမေရိကန် သံတမန် Gordon Sondland က အလေးအနက်ပြောပါတယ်။ သမ္မတက ငြင်းထားတဲ့ကြားမှာပဲ သံအမတ်ကြီး Sondland က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကြားနာပွဲ အတွင်း ပြောသွားတာပါ။

သမ္မတကို တရားစွဲဆိုရေး စုံစမ်းစစ်ဆေးနေသူတွေဟာ ဒီရှုပ်ထွေးတဲ့ကိစ္စတွေကို ရိုးရှင်းတဲ့ မေးခွန်းပုံစံတခုထဲမှာ မကြာခန ဘောင်သွင်းပြီးတော့ အပေးအယူလုပ်တာ ရှိခဲ့သလားဆိုပြီး မေးကြကြောင်း၊ အရင်တုန်းက ကျနော် ထွက်ဆိုထားခဲ့သလိုပဲ အဖြေ ကတော့ ဟုတ်ပါတယ် ဆိုပြီး အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ ဥရောပသမဂ္ဂ EU ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sondland ကပြောပါတယ်။

မစ္စတာ Sondland ဟာ သူ့ကို EU ဆိုင်ရာသံအမတ်ကြီးတာဝန် ခန့်အပ်ဖို့ သမ္မတထရမ့်ပ်က မရွေးခင် လွန်ခဲ့တဲ့သုံးနှစ်နီးပါး သမ္မတထရမ့်ပ်က ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဒေါ်လာ ၁ သန်း ထည့်ဝင် လှူဒါန်းခဲ့သူပါ။ ယူကရိန်းနဲ့ ဆက်ဆံရေးကို ကြီးကြပ်ဖို့ သမ္မတကပြောထားတဲ့ သမ္မတရဲ့ ပုဂ္ဂိုလ်ရေးရှေ့နေ Rudy Giuliani နဲ့ အတူလုပ်ကိုင်ခဲ့ရကြောင်း၊ ယူကရိန်းအစိုးရနဲ့ ဆက်ဆံရေး မှာ နိုင်ငံခြားရေးဌာနရဲ့ ပုံမှန်လမ်းကြောင်းတွေကို ဘေးဖယ်ပြီး လုပ်ကိုင်ရတာကြောင့် သူမလုပ်ချင်ပေမယ့်လည်း လုပ်ခဲ့ရ ကြောင်း သံအမတ်ကြီး Sondland က ထွက်ဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG