သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump အေပၚ တရားစြဲဆိုေရးစံုစမ္းမႈ လႊတ္ေတာ္ၾကားနာပဲြ ဗုဒၶဟူးေန႔ စမည္


သမၼတ Trump

(Zawgyi/Unicode)

အေမရိကန္ သမၼတ Donald Trump ကို တရားစြဲဆိုႏုိင္ေရး အမ်ားျပည္သူေရွ႕ေမွာက္ လႊတ္ေတာ္ ၾကားနာမႈေတြကို ဗုဒၶဟူးေန႔ စတင္ဖို႔ ရွိေနခ်ိန္မွာဘဲ သမၼတကို ေထာက္ခံၾကတဲ႔ ရီပတ္ပလီကန္ေတြ ကေတာ့ သူ႔ကို ကာကြယ္ဖို႔ တက္တက္ၾကြၾကြ ျပင္ဆင္ေနၾကပါတယ္။

အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ၀န္ထမ္းႏွစ္ဦး ျဖစ္တဲ႔ လက္ရွိ ယူကရိန္းဆိုင္ရာ အေမရိကန္ ထိပ္တန္း သံတမန္ William Taylor နဲ႔ ယူကရိန္းနဲ႔ ဆက္ဆံေရးကို ႀကီးၾကပ္ရသူ George Kent တို႔ကို နာရီနဲ႔ခ်ီ ၾကားနာမွာ ျဖစ္ၿပီး သမၼတ Trump အစိုးရ အဖြဲ႔ တာ၀န္ရွိသူေတြလည္း ဒီအတြက္ ျပင္ဆင္ေနၾကပါတယ္။

ယူကရိန္း အေရွ႕ပိုင္းက ရုရွားလိုလားတဲ႔ ခြဲထြက္ေရးသမားေတြကို ေခ်မႈန္းတဲ႔ ေနရာမွာ ယူကရိန္းဘက္က ကူညီဖို႔ လိုလားတဲ႔ ေဒၚလာ ၃၉၁ သန္း စစ္ေရး အေထာက္အပံ႔ကို အေမရိကန္ဘက္က မေပးခင္မွာ ယူကရိန္း အေနနဲ႔ ၂၀၂၀ အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ Trump ရဲ႕ အဓိက ၿပိဳင္ဘက္ တဦး ျဖစ္လာမယ့္ ဒုတိယ သမၼတေဟာင္း Joe Biden ကို စံုစမ္းစစ္ေဆးေရး လုပ္ဖို႔ ယူကရိန္း သမၼတ Volodymyr Zelenskiy ကို သမၼတ Trump က ဖိအားေပးခဲ႔တယ္လို႔ ဒီ ပုဂၢိဳလ္ ႏွစ္ဦးစလံုးက ေျပာဆိုထားတာပါ။

ဒါေပမယ့္လည္း ရီပတ္ပလီကန္ ပါတီ အဖြဲ႔၀င္ေတြၾကား တနလာၤေန႔ညနဲ႔ အဂၤါေန႔မွာ ျဖန္႔ေ၀ထားတဲ႔ စာထဲမွာေတာ့ လႊတ္ေတာ္ ေရွ႕ေမွာက္ ၾကားနာခံမယ့္ ပုဂၢိဳလ္ ႏွစ္ဦးကို ခ်က္က် လက္ခ် ေမးခြန္းေတြ ေမးဖို႔ ရီပတ္ပလီကန္ေတြ ျပင္ဆင္ေနပါတယ္။ သမၼတ Trump ဘက္က ယူကရိန္းနဲ႔ ညွိႏိႈင္းေနတဲ႔ ရည္ရြယ္ခ်က္ကို နားလည္ရဲ႕လား ဆိုတာကို ေမးျမန္းဖို႔ ရွိသလိုဘဲ ယူကရိန္းမွာ အဂတိလိုက္စားမႈ အေပၚ သမၼတ Trump က သံသယ ရွိေနတာေၾကာင့္ ယူကရိန္းကို ေပးမယ့္ အကူအညီ ဆိုင္းငံ႔တာဟာ အျပည့္အ၀ ေၾကာင္းက်ိဳးဆီေလ်ာ္တယ္ ဆိုၿပီး ခုခံဖို႔လည္း စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

သမ္မတ Trump အပေါ် တရားစွဲဆိုရေးစုံစမ်းမှု လူထုကြားနာပွဲ ဗုဒ္ဓဟူးနေ့ စမည်

(Unicode)

အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုနိုင်ရေး အများပြည်သူရှေ့မှောက် လွှတ်တော် ကြားနာမှုတွေကို ဗုဒ္ဓဟူးနေ့ စတင်ဖို့ ရှိနေချိန်မှာဘဲ သမ္မတကို ထောက်ခံကြတဲ့ ရီပတ်ပလီကန်တွေ ကတော့ သူ့ကို ကာကွယ်ဖို့ တက်တက်ကြွကြွ ပြင်ဆင်နေကြပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းနှစ်ဦး ဖြစ်တဲ့ လက်ရှိ ယူကရိန်းဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန် William Taylor နဲ့ ယူကရိန်းနဲ့ ဆက်ဆံရေးကို ကြီးကြပ်ရသူ George Kent တို့ကို နာရီနဲ့ချီ ကြားနာမှာ ဖြစ်ပြီး သမ္မတ Trump အစိုးရ အဖွဲ့ တာဝန်ရှိသူတွေလည်း ဒီအတွက် ပြင်ဆင်နေကြပါတယ်။

ယူကရိန်း အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ချေမှုန်းတဲ့ နေရာမှာ ယူကရိန်းဘက်က ကူညီဖို့ လိုလားတဲ့ ဒေါ်လာ ၃၉၁ သန်း စစ်ရေး အထောက်အပံ့ကို အမေရိကန်ဘက်က မပေးခင်မှာ ယူကရိန်း အနေနဲ့ ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Trump ရဲ့ အဓိက ပြိုင်ဘက် တဦး ဖြစ်လာမယ့် ဒုတိယ သမ္မတဟောင်း Joe Biden ကို စုံစမ်းစစ်ဆေးရေး လုပ်ဖို့ ယူကရိန်း သမ္မတ Volodymyr Zelenskiy ကို သမ္မတ Trump က ဖိအားပေးခဲ့တယ်လို့ ဒီ ပုဂ္ဂိုလ် နှစ်ဦးစလုံးက ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း ရီပတ်ပလီကန် ပါတီ အဖွဲ့ဝင်တွေကြား တနလာၤနေ့ညနဲ့ အင်္ဂါနေ့မှာ ဖြန့်ဝေထားတဲ့ စာထဲမှာတော့ လွှတ်တော် ရှေ့မှောက် ကြားနာခံမယ့် ပုဂ္ဂိုလ် နှစ်ဦးကို ချက်ကျ လက်ချ မေးခွန်းတွေ မေးဖို့ ရီပတ်ပလီကန်တွေ ပြင်ဆင်နေပါတယ်။ သမ္မတ Trump ဘက်က ယူကရိန်းနဲ့ ညှိနှိုင်းနေတဲ့ ရည်ရွယ်ချက်ကို နားလည်ရဲ့လား ဆိုတာကို မေးမြန်းဖို့ ရှိသလိုဘဲ ယူကရိန်းမှာ အဂတိလိုက်စားမှု အပေါ် သမ္မတ Trump က သံသယ ရှိနေတာကြောင့် ယူကရိန်းကို ပေးမယ့် အကူအညီ ဆိုင်းငံ့တာဟာ အပြည့်အ၀ ကြောင်းကျိုးဆီလျော်တယ် ဆိုပြီး ခုခံဖို့လည်း စီစဉ်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG