သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Blue Nile ရေအားလျှပ်စစ်စီမံကိန်းကိစ္စ ၃ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ သမ္မတ Trump တွေ့ဆုံ


အီသီယိုးပီးယားနိုင်ငံ၊ Blue Nile မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး အီဂျစ်၊ အီသီယိုးပီး ယား၊ ဆူဒန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ ဗုဒ္ဓဟူးနေ့က ကြိုတင်ကြေညာမထားဘဲ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

“ဆွေးနွေးပွဲ သိပ်ကိုအဆင်ပြေပြီး ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်” လို့ သမ္မတထရမ့်ပ်က Twitter မှာရေးပါတယ်။

ဒီဆွေးနွေးပွဲဟာ အများပြည်သူသိအောင် ထုတ်ပြန်ထားတဲ့ သမ္မတရဲ့ တနေ့တာ အစီအစဉ်ထဲမှာ မပါဝင်သလို ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုပေးဖို့ ဗွီအိုအေက ပန်ကြားတာကိုလည်း အိမ်ဖြူတော်က မတုန့်ပြန်ပါဘူး။

အီဂျစ်၊ အီသီယိုးပီးယားနဲ့ ဆူဒန် နိုင်ငံခြားရေးဝန်ကြီးတွေဟာ Grand Ethiopiaa Renaissance ဆည် (GERD) စီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ရဲ့ ဖိတ်ကြားချက်နဲ့ ဝါရှင်တန်မြို့တော်မှာ ရောက်နေ တာပါ။

ဒီဆည်စီမံကိန်းဟာ အီသီယိုးပီးယားနဲ့ အီဂျစ်ကြား ရေအရင်းအမြစ် ခွဲဝေသုံးစွဲရေးမှာ တင်းမာမှု မြင့်တက်နေတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။

ဒီဆည်ကိစ္စ ပဋိပက္ခဖြစ်နေတာကို ကြားဝင်စေ့စပ်ပေးဖို့ အီဂျစ်သမ္မတ Abdel-Fattah el-Sisi က သမ္မတထရမ့်ပ်ကို ပန်ကြားခဲ့ပြီး တဲ့နောက် ဗုဒ္ဓဟူးနေ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာတာပါ။

(Unicode)



“ဆှေးနှေးပှဲ သိပျကိုအဆငျပွပွေီး ဆှေးနှေးပှဲတှကေို ဆကျလုပျသှားမယျ” လို့ သမ်မတထရမ့ျပျက Twitter မှာရေးပါတယျ။




ဒီဆညျကိစ်စ ပဋိပက်ခဖွဈနတောကို ကွားဝငျစေ့စပျပေးဖို့ အီဂစြျသမ်မတ Abdel-Fattah el-Sisi က သမ်မတထရမ့ျပျကို ပနျကွားခဲ့ပွီး တဲ့နောကျ ဗုဒ်ဓဟူးနေ့ တှေ့ဆုံဆှေးနှေးပှဲ ဖွဈလာတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG