သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ တူရကီသမ္မတတို့ ဘာဆွေးနွေးကြမလဲ


သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တူရကီ သမ္မတ Erdogan
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တူရကီ သမ္မတ Erdogan

Donald Trump နဲ့ တူရကီသမ္မတတို့ ဘာဆွေးနွေးကြမလဲ

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုနဲ့ တူရကီ နှစ်နိုင်ငံအကြား ဆက်ဆံရေး မပြေမလည် ဖြစ်နေချိန်မှာ တူရကီ သမ္မတ Erdogan ဟာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဖို့ ဝါရှင်တန်ဒီစီကို ဒီ တစ်ပတ်ထဲ လာရောက်ဖို့ ရှိနေပါတယ်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲဟာ မူဝါဒအတော် များများမှာ သဘောထားကွဲလွဲနေတာတွေကြောင့် မပြေမလည်ဖြစ်နေတဲ့ ဆက်ဆံရေးကို ပြန်လည် တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ဖို့ အခွင့်ကောင်း ဖြစ်လာနိုင်ကြောင်း VOA သတင်းထောက် Dorian Jones သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပေးပါမယ်။

မြို့တော် ဝါရှင်တန်ဒီစီမှာ အမေရိကန်နဲ့ တူရကီ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးကြတဲ့အခါ ဆီးရီးယား မြောက်ပိုင်းက ကာ့ဒ်တွေပေါ် တူရကီနိုင်ငံက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကိစ္စကို ဦးစားပေး ဆွေးနွေးကြမှာပါ။ တူရကီက အဲဒီ ကာ့ဒ် လက်နက်ကိုင်တပ်ဖွဲ့တွေကို အကြမ်းဖက် သမားတွေလို့ ကြေညာထားပေမဲ့လည်း အမေရိကန်တွေအတွက်တော့ သူတို့တစ်တွေဟာ အစ္စလာမစ် စစ်သွေးကြွ IS တွေကို အတူတကွ နှိမ်နင်းခဲ့တဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။။

တူရကီရဲ့ ကာ့ဒ်တွေအပေါ် ထိုးစစ်ကို မနှစ်မြို့တာကြောင့် အမေရိကန် ကွန်ဂရက်စ်က တူရကီကို ဒဏ်ခတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်မလို့ ခြိမ်းခြောက်နေပါပြီ။ တစ်ချို့ ဒဏ်ခတ်မှုတွေဟာ တူရကီ သမ္မတအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက် ချမှတ်မှာပါ။ ဒါကြောင့် ဒီ တစ်ပတ် သမ္မတ နှစ်ဦးရဲ့ တွေဆုံပွဲဟာ နေတိုး မဟာမိတ် နှစ်နိုင်ငံအကြား အင်မတန် အရေးကြီးတဲ့ တွေ့ဆုံပွဲ ဖြစ်လာပါတယ်။ ဥရောပ ကောက်စီ နိုင်ငံခြား ဆက်ဆံရေးဌာနက Asli Aydintasbas က အခုလို ပြောပါတယ်။

“နှစ်နိုင်ငံကြား ပြဿနာတွေက အများသား။ နှစ်နိုင်ငံ ဆက်ဆံရေး ဒီ အချိန်လောက် ဆိုးခဲ့တာ တစ်ခါမှ မရှိသေးဖူးဘူး။ အခု လောလောဆယ် တူရကီက ဆီရီးယားနိုင်ငံထဲ ဝင်ပြီး ထိုးစစ်ဆင်နေတာနဲ့ အမေရိကန်က ဒီ ထိုးစစ်ကို ကန့်ကွက်နေတဲ့ကိစ္စ ရှိတာပေါ့။ တိုက်ပွဲနယ်မြေတွေမှာ မငြိမ်မသက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်တိုက် ဖြစ်နေတာပါ။

အခုလို နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာနေပေမဲ့ သမ္မတ နှစ်ဦးအကြားမှာတော့ ကောင်းကောင်းမွန်မွန် လက်တွဲ အလုပ်လုပ်သွားနိုင်မယ့် ဆက်ဆံရေး တည်ဆောက်နေချင်ကြပုံရနေပါတယ်။ သမ္မတ နှစ်ဦးကြား ပုဂ္ဂိုလ်ရေးအရ လိုက်ဖက်ညီညွတ်မှု ရှိနေတာကလည်း ဆက်ဆံရေး ကောင်းဖို့ အခွင့်အရေးတစ်ခုလို့ တူရကီဘက်က ယူဆထားပါတယ်။ အဲဒီလို မြင်တဲ့အထဲ တူရကီသမ္မတရဲ့ အကြံပေး Mesut Casin တစ်ယောက်လည်း ပါဝင်ပါတယ်။

“သမိုင်း ဝင် ထိပ်သီး ဆွေးနွေးပွဲက နှစ်ဖက်လုံးအတွက် အကျိုးရှိမှာပါ။ ကျွန်တော်က အကောင်းဘက်ကပဲ မြင်မိပါတယ်။ နှစ်ဖက်အကြား ပြဿနာ ပြေလည်ရေး ဖြေရှင်းချက်နဲ့ လုပ်ထုံးလုပ်နည်း အသစ်တွေ ရကြပါလိမ့်မယ်။”

ဒါပေမဲ့ တစ်ချို့ လေ့လာသုံးသပ်သူတွေကတော့ သမ္မတ ထရမ့်အပေါ် သိပ်ကို မှီခို အားထားလွန်းပြီး နှစ်နိုင်ငံကြားက ပြဿနာတွေ ဖြေရှင်းဖို့ လုပ်နေတာဟာ တူရကီအတွက် သိပ် စွန့်စားရာ ရောက်တယ်လို့ မြင်ပါတယ်။

“တူရကီဘက်က မဟာ ဗျူဟာမြောက် အမှားကြီး တစ်ခုက နှစ်နိုင်ငံဆက်ဆံရေး တစ်ခုလုံးကို သမ္မတ ထရမ့်ဆိုတဲ့ လူတစ်ဦး တစ်ယောက် တည်းအပေါ်မှာ မှီပြီး တည်ဆောက်ဖို့ လုပ်နေတာပါ။ သူ့ရဲ့ တွစ်တာ ရေးသားချက်တွေအပေါ် မှီခိုနေတာပါ။ ဒါဟာ သိပ် စွန့်စားရာ ကျတယ် လို့ ကျွန်တော် မြင်ပါတယ်။ ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ဆက်ဆံရေးအပေါ် ခြောက်လုံးပူး ကျည်တစ်တောင့်နဲ့ ကိုယ့်ကိုယ်ကို ပစ်ကစားတဲ့ Russia roulette ကစားနေသလိုပါပဲ။

တူရကီ သမ္မတ Erdogan ကတော့ အမေရိကန် တိုက်လေယာဉ်တွေ တူရကီကို မရောင်းချဘဲ ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးစေလိုပါတယ်။ ရုရှားလုပ် S 400 ဝေဟင်ပစ် ဒုံးကျည်တွေ တူရကီ ဝယ်ကတည်းက တိုက်လေယာဉ် ရောင်းချမှုကို ထရမ့် အစိုးရက ပိတ်ပင် ခဲ့တာပါ။ အမေရိကန်က တူရကီနဲ့ ရုရှား ဆက်ဆံရေး နက်ရှိုင်းလာတာကို သတိထားလာနေပါတယ်။ တူရကီဘက်ကတော့ ထရမ့်နဲ့ ဒီ တစ်ပတ် တွေ့ဆုံပွဲဟာ ရုရှားတို့ လိုချင်တဲ့ ဆက်ဆံရေး ပုံစံဘက်ကို ပြောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သမ္မတ အကြံပေး Mersut Casin က အခုလို ဆက်ပြောပါတယ်။

“ဒီလို ခြိမ်းခြောက်မှုတွေ အများကြီး ဆက်ရှိနေရင် တူရကီတို့အနေနဲ့ အလုပ်ဖြစ်တဲ့ မဟာမိတ် ဆက်ဆံရေးမျိုး အမေရိကန်တို့နဲ့ ဆက်မရှိနေ နိုင်ဘူးလေ။ ဒါဟာ နှစ်ဖက်လုံးအတွက်လည်း အကျိုး မရှိဘူး။ ဒီလို ဖြစ်နေတာကို တစ်ခြား ရှုထောင့် တစ်ခုကနေကြည့်မယ်ဆိုရင် အောင်ပွဲ ခံမယ့်သူက ဘယ်သူဖြစ်မလဲ။ တရုတ်နဲ့ ရုရှားတို့ပဲ ဖြစ်မှာပေါ့။”

အခုပဲ ဆီရီးယားမှာ ရုရှားနဲ့ တူရကီတပ်တွေ လက်တွဲနေကြပြီ ဖြစ်ပါတယ်။ တူရကီ သမ္မတ Erdogan ကို မျက်နှာချိုသွေးနေတဲ့ တစ်ချိန် တည်းမှာပဲ ရုရှား သမ္မတ Vladimir Putin ဟာ Erdogan ရဲ့ ဝါရှင်တန် ခရီးစဉ်ကိုလည်း အနီးကပ် စောင့်ကြည့်နေဖွယ် ရှိနေကြောင်းပါ။

တိုက်ရိုက် လင့်ခ်


..............

Donald Trump နဲ့ တူရကီသမ်မတတို့ ဘာဆှေးနှေးကွမလဲ

(Unicode)










သမ်မတ အကွံပေး Mersut Casin က အခုလို ဆကျပွောပါတယျ။



XS
SM
MD
LG