သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ကောင်းမွန်ကြောင်း သမ္မတ Trump ပြော


အမေရိကန်သမ္မတ Donald Trump. (နိုဝင်ဘာ ၈၊ ၂၀၁၉)
အမေရိကန်သမ္မတ Donald Trump. (နိုဝင်ဘာ ၈၊ ၂၀၁၉)

(Zawgyi / Unicode)

အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေဟာ သိပ်ကိုကောင်းမွန်နေတယ်လို့ အမေရိကန်သမ္မတ Donald Trump က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံအတွက် မှန်ကန်တဲ့ သဘောတူညီချက်မျိုး ရမှသာ အလုပ်ဖြစ်မယ်လို့လည်း ပြောပါတယ်။

ဆွေးနွေးမှုတွေဟာ သူဖြစ်စေချင်တာထက် နှေးကွေးနေကြောင်းနဲ့ တရုတ်ဘက်က သဘောတူညီချက်အတွက် သူပေးနိုင်တာထက် ပိုလိုချင်နေတာ တွေ့ရတယ်လို့ သမ္မတ Trump က Alabama ပြည်နယ် Tuscaloosa ကို မထွက်ခွာခင် Andrew လေတပ်အခြေစိုက်စခန်းမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၅၇ နှစ်အတွင်း စီးပွားရေးအရ အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံနေရပြီး သဘောတူညီမှုရအောင် လုပ်ချင်နေတယ်လို့လည်း ပြောပါတယ်။

တရုတ်အပေါ် ချမှတ်ထားတဲ့ အခွန်အခကို အမေရိကန်ဘက်က လျှော့ပေးချင်နေကြောင်း သတင်းတွေ ထွက်နေတာဟာ မှားယွင်းကြောင်းနဲ့ ဒါဟာ အမေရိကန်ပြည်ထောင်စုအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိနေကြောင်းလည်း ပြောပါတယ်။

ကြာသပတေးနေ့ကတော့ တရုတ်နဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် နစ်နာမှုရှိနေကြတာတွေ အဆုံးသတ်စေဖို့အတွက် ချမှတ်ထားတဲ့ အခွန်တိုးမြှင့်မှုတွေကို ပြန်လျှော့ချဖို့ သဘောတူညီမှုရကြောင်း နှစ်ဖက်စလုံးက အရာရှိတွေက ပြောခဲ့တာပါ။ ဒါပေမယ့် Trump အစိုးရအဖွဲ့တွင်းက တချို့ကတော့ ဒါကို လက်မခံနိုင်ဘဲ ဖြစ်နေတာပါ။

သောကြာနေ့ကတော့ သမ္မတ Trump က အခွန်တွေ ပြန်လျှော့ပေးဖို့ သူသဘောမတူခဲ့သလို ဘာအတွက်မှ သဘောတူထားတာလည်း မရှိသေးဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

---------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG