သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သွင်းကုန်တွေအပေါ် အမေရိကန် အခွန်တိုးမြှင့်သတ်မှတ်


သမ္မတ Donald Trump (မေ၊ ၀၉၊ ၂၀၁၉)
သမ္မတ Donald Trump (မေ၊ ၀၉၊ ၂၀၁၉)

တရုတ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို တင်သွင်းတဲ့ ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်လိုက်ပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်အပေါ် အင်မတန်စိတ်မကောင်းဖြစ်တယ်လို့ တရုတ်က ဒီကနေ့ ပြောကြားလိုက်ပြီး လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ အသိပေးခြင်းမရှိပါဘူး။့

သမ္မတ Donald Trump ကတော့ သွင်းကုန်ခွန်တိုးတာနဲ့ပါတ်သက်လို့ Twitter လူမှုကွန်ယက်ပေါ်မှာ သောကြာနေ့ မနက်ထဲက တောက်လျှောက် ရေးသားနေပါတယ်။ မမျှတတဲ့ တရုတ်နဲ့ကုန်သွယ်မှုမျိုး အဖြစ်မခံနိုင်တော့ဘူးလို့ သမ္မတက Twitter ပေါ်မှာရေးနေပါတယ်။

ဝါရှင်တန်မှာ ရောက်နေတဲ့ တရုတ်ကုန်သွယ်ရေး အထူးညှိနှိုင်းရေးမှူး ဒုဝန်ကြီးချုပ် Liu He ကတော့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နဲ့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ ဒီကနေ့ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကြာသပတေးနေ့က ကုန်သွယ်ရေးဆွေးနွေးမှုကတော့ သဘောတူညီမှု တစုံတရာရခဲ့ပုံမရပါဘူး။ ကုန်သွယ်ရေးကိုယ်စားလှယ် Lighthizer နဲ့ ဘဏ္ဍာရေးဝန်ကြီး Mnuchin တို့ ကြာသပတေးနေ့ညနေက သမ္မတ Donald Trump နဲ့တေ့ွဆုံပြီး တရုတ်နဲ့ဆက် ညှိနေတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အဲဒီနောက် သူတို့ ၂ ဦးဟာ တရုတ်ဒုဝန်ကြီးချုပ် Liu He နဲ့ ညစာစားရင်း ဆက်ဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးမှုကို ဒီကနေ့အထိဆက်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲက စတင်တဲ့ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေကနေ ခုချိန်ထိ သဘောတူညီမှု မရနိုင်သေးပါဘူး။

၂ ဘက်သဘောတူထားတဲ့ အချက်တချို့ကို တရုတ်က ဖောက်ဖျက်တယ်လို့ဆိုပြီး တရုတ်သွင်းကုန်ခွန်တွေကို သမ္မတ Trump ကတိုးမြှင့်လိုက်တာဖြစ်ပါတယ်။ သဘောတူညီမှုရခါနီးမှ ပြန်ညှိနှိုင်းဖို့ တရုတ်တို့ဖက်က ပြောခဲ့တာဖြစ်တယ်လို့ သမ္မတ Trump က ကြာသပတေးနေ့က ပြောကြားပါတယ်။

တရုတ်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ဒုဝန်ကြီးချုပ်နဲ့ သမ္မတ Xi Jinping ကသူ့အတွက် ပေးလိုက်တဲ့စာထဲမှာ အတူလက်တွဲလုပ်သွားဖို့ ရေးသားထားတယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။

တရုတ်သွင်းကုန်တွေအပေါ် အမေရိကန် အခွန်တိုးမြှင့်သတ်မှတ်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG