သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အစီရင်ခံစာ သမ္မတထရမ့်ပ်အပေါ် စွပ်စွဲချက်များပါဝင်


 အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အစီရင်ခံစာ
 အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အစီရင်ခံစာ

(Zawgyi/ Unicode)

သမ္မတDonald Trump အပေါ် တရားစွဲဆို အရေးယူနိုင်ရေး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက အစီရင်ခံစာတစ်စောင် အင်္ဂါနေ့က ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာရဲ့ တစ်မျက်နှာစာအနှစ်ချုပ်မှာ သမ္မတထရမ့်ပ်ကို တရားစွဲဆိုနိုင်ရေး အဓိက အကြောင်းအချက်တွေကို ဖော်ပြထားပါတယ်။ အစီရင်ခံစာအနှစ်ချုပ်မှာ သမ္မတထရမ့်ပ်ဟာ သူ ပြန်လည် ရွေးချယ်ခံရရေးကို အထောက်အကူပြုစေမယ့် နိုင်ငံရေးပယောဂ အခြေခံတဲ့ စုံစမ်းစစ်ဆေးရေးနှစ်ရပ်ကို လုပ်ဆောင်စေချင်တာကြောင့် အမေရိကန်နိုင်ငံရဲ့ ယူကရိန်းဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို အဖျက်အမှောင့်လုပ်တဲ့ အစီအစဉ်နဲ့ အမျိုးသားလုံခြုံရေးကို အားနည်းချိနဲ့ အောင် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ သမ္မတထရမ့်ပ်ဟာ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ပြိုင်ဖက်ဖြစ်လာနိုင်သူ ဒုတိယသမ္မတဟောင်း Joe Biden ကို အဂတိလိုက်စားမှုနဲ့ စုံစမ်း စစ်ဆေးမယ့်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာပေးဖို့ ယူကရိန်းသမ္မတ Volodymya Zelenskiy ကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကို ရုရှားက ဝင်ရောက်စွက်ဖက်တာမဟုတ်ဘဲ ယူကရိန်းက စွက်ဖက်တာဆိုတဲ့ ပုံပြောင်းဇာတ်လမ်းကို ယူကရိန်းက စုံစမ်းစစ်ဆေးပေးဖို့ကိစ္စနဲ့ ပတ်သက်လို့ လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အပေးအယူအဖြစ် အဲဒီလို စုံစမ်း စစ်ဆေးမှုတွေ လုပ်ပေးမယ်ဆိုရင် သမ္မတ ထရမ့်ပ်က ယူကရိန်းသမ္မတ Zelenskiy ကို အိမ်ဖြူတော် Oval Office မှာ လက်ခံတွေ့ဆုံမှာဖြစ်သလို ယူကရိန်းနိုင်ငံက အသည်းအသန်လိုအပ်နေတဲ့ စစ်ရေးအကူအညီ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကို ပေးအပ်မှာဖြစ်ကြောင်း ထရမ့်ပ်က ကတိပြုခဲ့တယ်လို့လည်း ပါရှိပါတယ်။

သမ္မတဟာ အခုအစီအစဉ်ကို သူ့အစိုးရအရာရှိ တော်တော်များများရဲ့ နားလည် အတည်ပြု ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း အစီရင်ခံစာ အနှစ်ချုပ်မှာ ဖော်ပြပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)







XS
SM
MD
LG