သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ရာဇ၀တ္မႈက်ဴးလြန္သူေတြကို သမၼတ Trump လြတ္ၿငိမ္းခြင့္ ေပးသင့္သလား


(Zawgyi / Unicode)

စစ္ရာဇ၀တ္မႈ က်ဴးလြန္ခဲ့သူ အေမရိကန္ စစ္သား ၃ ဦးကို သမၼတရဲ႕ လြတ္ျငိမ္းခ်မ္းသာခြင့္အမိန္႔နဲ႔ ျပစ္ဒဏ္က ကင္းလြတ္ခြင့္ ျပဳခဲ့တဲ့အတြက္ စိုးရိမ္မိေၾကာင္း ကုလသမဂၢက ေျပာပါတယ္။

စစ္ရာဇ၀တ္မႈ က်ဴးလြန္ရင္ ကင္းလြတ္ခြင့္ မေပးသင့္ဘဲ ျပစ္ဒဏ္က်ခံရမွာသာျဖစ္တယ္လို႔ ကုလသမဂၢက ေျပာေၾကာင္း Lisa Schlein သတင္းေပးပို႔ထားတာကို ကိုရဲမင္းထြန္းက ေျပာျပေပးပါမယ္။

ကုလသမဂၢ အရာရွိေတြကေတာ့ ဒီ စစ္ရာဇ၀တ္မႈ ၃ မႈမွာ ႏုိင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒကို ဆိုးဆိုးရြားရြားခ်ိဳးေဖာက္တာေတြ ပါ၀င္ေနတယ္လို႔ေျပာပါတယ္။ ဒီလိုက်ဴးလြန္မႈေတြအထဲ အရပ္သား အုပ္စုတစ္စုကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာနဲ႔ ဖမ္းဆီးရမိခဲ့တဲ့ လက္နက္ကိုင္ အဖြဲ႕၀င္တစ္ဦးကို အဆုံးစီရင္ခဲ့တာေတြလည္း ပါတယ္လို႔ ဆိုပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းၾကီးရုံး ေျပာခြင့္ရ Rupert Colville က စစ္ရာဇ၀တ္မႈ က်ဴးလြန္သူေတြကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က လြတ္ျငိမ္းခ်မ္းသာခြင့္ေပးတာဟာ ကမၻာတစ္၀ွမ္းက စစ္တပ္ေတြကို အဖ်က္အေမွာင့္ သေကၤတ ျပလိုက္တာပဲလို႔ ေျပာပါ တယ္။ စစ္ရာဇ၀တ္မႈဆိုတာက အဆိုးဆုံး ရာဇ၀တ္မႈတစ္ခုပါလို႔လည္း သူက ဗီအိုေအကို ေျပာပါတယ္။

“ဂ်ီနီဗာ ကြန္ဗင္းရွင္းနဲ႔ တစ္ျခား အျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းစာခ်ဳပ္ေတြအရ ဒီ လုပ္ရပ္ေတြကို တားျမစ္ထားပါတယ္။ ႏိုင္ငံတကာ လူသား ခ်င္းစာနာမႈဆိုင္ရာ ဥပေဒလည္း အလားတူ ပါပဲ။ ဆိုးရြားတဲ့ ရာဇ၀တ္ ျပစ္မႈက်ဴးလြန္သူေတြဟာ သူတို႔ က်ဴးလြန္တဲ့ ျပစ္မႈေတြအတြက္ တာ၀န္ရွိပါတယ္။ အခု ဒီကိစၥမွာ ၀မး္နည္းစရာေကာင္းတာက တာ၀န္ရွိတယ္လို႔ စီရင္ခ်က္ခ်ျပီးမွ ျပန္လႊတ္တာပါ။ ဒီ အထဲက အမႈတစ္မႈမွာ အျပစ္ ရွိ-မရွိ စစ္ေဆးေနဆဲမွာပဲ လြတ္ျငိမ္းခ်မ္းသာခြင့္ ေပးလိုက္ေတာ့ ေတာ္ေတာ္ စိတ္ အေႏွာင့္အယွက္ ျဖစ္စရာ ေကာင္းပါတယ္။”

သမၼတ ထရမ့္ဟာ အေမရိကန္ စစ္ဘက္တရားရုံးက စီရီခ်က္ ခ်မွတ္ထားျပီးသား အေမရိကန္ စစ္သားႏွစ္ေယာက္ကို လြတ္ျငိမ္းခ်မ္းသာခြင့္ ေပးခဲ့တာပါ။ ဒါ့အျပင္ စစ္ရာဇ၀တ္မႈ က်ဴးလြန္ျခင္း ရွိ-မရွိ စစ္ေဆးခံေနရဆဲ ဗိုလ္မွဴး Mathew Golsteyn ကိုလည္း ျပစ္ဒဏ္ကကင္းလြတ္ခြင့္ ေပးခဲ့ပါတယ္။

ဗိုလ္မွဴး Mathew Golsteyn အမႈမွာ တရားစီရင္ေရး လုပ္ငန္းစဥ္ကိုပါ ျဖတ္ေတာက္ပစ္လိုက္တာေၾကာင့္ ပိုျပီး စိတ္ပ်က္စရာေကာင္းတယ္လို႔ Coville က ေျပာပါတယ္။

“မတရားမႈေတြကို သင့္ေလ်ာ္သလို ေျဖရွင္းေပးျပီးတဲ့ေနာက္မွာ လြတ္ျငိမ္းခ်မ္းသာခြင့္ေပးတာ အျပည္ျပည္ဆိုင္ရာ ဥပေဒမွာ ရွိပါတယ္။ ဒါေပမဲ့ အခုကိစၥမွာေတာ့ ဥပေဒလုပ္ငန္းစဥ္ကို ခပ္ရွင္းရွင္းပဲ ေရွာင္ရွားဖို႔ ၾကိဳးစားခဲ့တယ္ဆိုတာကိုပဲ ေတြ႔ရပါတယ္။”

အခုလို စစ္ရာဇ၀တ္ေကာင္ေတြကို လြတ္ျငိမ္းခ်မ္းသာခြင့္ေပးခဲ့တဲ့ ေနာက္ဆုံး ျဖစ္ရပ္ကေတာ့ ဗီယက္နမ္ စစ္တုန္းက ျဖစ္ေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းၾကီးရုံး ေျပာခြင့္ရ Rupert Colville က ေထာက္ျပသြားေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္


............................

စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို သမ္မတ Trump လွတ်ငြိမ်းခွင့်ပေးသင့်သလား

(Unicode)

စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ အမေရိကန် စစ်သား ၃ ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ပြုခဲ့တဲ့အတွက် စိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

စစ်ရာဇဝတ်မှု ကျူးလွန်ရင် ကင်းလွတ်ခွင့် မပေးသင့်ဘဲ ပြစ်ဒဏ်ကျခံရမှာသာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောကြောင်း Lisa Schlein သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပေးပါမယ်။

ကုလသမဂ္ဂ အရာရှိတွေကတော့ ဒီ စစ်ရာဇဝတ်မှု ၃ မှုမှာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွားချိုးဖောက်တာတွေ ပါဝင်နေတယ်လို့ပြောပါတယ်။ ဒီလိုကျူးလွန်မှုတွေအထဲ အရပ်သား အုပ်စုတစ်စုကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာနဲ့ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးကို အဆုံးစီရင်ခဲ့တာတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ Rupert Colville က စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ ကမ္ဘာတစ်ဝှမ်းက စစ်တပ်တွေကို အဖျက်အမှောင့် သင်္ကေတ ပြလိုက်တာပဲလို့ ပြောပါ တယ်။ စစ်ရာဇဝတ်မှုဆိုတာက အဆိုးဆုံး ရာဇဝတ်မှုတစ်ခုပါလို့လည်း သူက ဗီအိုအေကို ပြောပါတယ်။

“ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့ တစ်ခြား အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်တွေအရ ဒီ လုပ်ရပ်တွေကို တားမြစ်ထားပါတယ်။ နိုင်ငံတကာ လူသား ချင်းစာနာမှုဆိုင်ရာ ဥပဒေလည်း အလားတူ ပါပဲ။ ဆိုးရွားတဲ့ ရာဇဝတ် ပြစ်မှုကျူးလွန်သူတွေဟာ သူတို့ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် တာဝန်ရှိပါတယ်။ အခု ဒီကိစ္စမှာ ဝမ်းနည်းစရာကောင်းတာက တာဝန်ရှိတယ်လို့ စီရင်ချက်ချပြီးမှ ပြန်လွှတ်တာပါ။ ဒီ အထဲက အမှုတစ်မှုမှာ အပြစ် ရှိ-မရှိ စစ်ဆေးနေဆဲမှာပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တော့ တော်တော် စိတ် အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။”

သမ္မတ ထရမ့်ဟာ အမေရိကန် စစ်ဘက်တရားရုံးက စီရီချက် ချမှတ်ထားပြီးသား အမေရိကန် စစ်သားနှစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာပါ။ ဒါ့အပြင် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိ-မရှိ စစ်ဆေးခံနေရဆဲ ဗိုလ်မှူး Mathew Golsteyn ကိုလည်း ပြစ်ဒဏ်ကကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။

ဗိုလ်မှူး Mathew Golsteyn အမှုမှာ တရားစီရင်ရေး လုပ်ငန်းစဉ်ကိုပါ ဖြတ်တောက်ပစ်လိုက်တာကြောင့် ပိုပြီး စိတ်ပျက်စရာကောင်းတယ်လို့ Coville က ပြောပါတယ်။

“မတရားမှုတွေကို သင့်လျော်သလို ဖြေရှင်းပေးပြီးတဲ့နောက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ အပြည်ပြည်ဆိုင်ရာ ဥပဒေမှာ ရှိပါတယ်။ ဒါပေမဲ့ အခုကိစ္စမှာတော့ ဥပဒေလုပ်ငန်းစဉ်ကို ခပ်ရှင်းရှင်းပဲ ရှောင်ရှားဖို့ ကြိုးစားခဲ့တယ်ဆိုတာကိုပဲ တွေ့ရပါတယ်။”

အခုလို စစ်ရာဇဝတ်ကောင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ နောက်ဆုံး ဖြစ်ရပ်ကတော့ ဗီယက်နမ် စစ်တုန်းက ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ Rupert Colville က ထောက်ပြသွားကြောင်းပါ။

XS
SM
MD
LG