သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမိုကေရစီ ျပန္ေဖာ္ေဆာင္ဖို႔ ကေမာၻဒီးယားကို သမၼတထရမ့္ပ္ တိုက္တြန္း


သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ ႏွင့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္

(Zawgyi/Unicode)

ကေမာၻဒီးယားႏုိင္ငံအေနနဲ႔ ဒီမုိကေရစီလမ္းေၾကာင္းေပၚ ျပန္တက္ပါလို႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္က ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကို တို္က္တြန္းထားပါတယ္။

“ကေမာၻဒီးယားကို ဒီမိုကေရစီနည္းက် အုပ္ခ်ဳပ္ေရးလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ အေဆြေတာ္ လုပ္ေဆာင္ဖို႔ရာဟာ က်ေနာ္တို႔ ႏွစ္ႏုိင္ငံဆက္ဆံေရး အနာဂတ္အတြက္ အေရးႀကီးပါတယ္” လို႔ ႏိုဝင္ဘာလ ၁ ရက္ေန႔စြဲနဲ႔ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဆီ ေပးပို႔တဲ့စာထဲမွာ သမၼတထရမ့္ပ္က ေရးထားတာကို ႐ိုက္တာသတင္းဌာနက ေသာၾကာေန႔မွာ ဖတ္ရတာပါ။

ကေမာၻဒီးယားကို ၃၄ ႏွစ္ေက်ာ္ အုပ္ခ်ဳပ္လာတဲ့ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ လူူ႔အခြင့္အေရးအေျခအေန တိုးတက္ေအာင္လုပ္ဖို႔ အေနာက္ႏိုင္ငံေတြက အျပင္းအထန္ ဖိအားေပးတာကို ခံေနရပါတယ္။ ဥေရာပသမဂၢ EU ကဆိုရင္ ကုန္သြယ္ေရးဆိုင္ရာ အထူး အခြင့္အေရးေတြ ႐ုပ္သိမ္းမယ့္အလားအလာထိ ေျပာထားတာပါ။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကို ျဖဳတ္ခ်ဖို႔ အေမရိကန္က ၾကံစည္တယ္ဆိုၿပီး ကေမာၻဒီးယားက စြပ္စြဲခဲ့တာေၾကာင့္လညး္ ႏွစ္ႏုိင္ငံၾကား ဆက္ဆံေရးက အဆင္မေျပပါဘူး။

အတိုက္အခံ ကေမာၻဒီးယား အမ်ဳိးသားကယ္တင္ေရးပါတီ (CNRP) ကို ၂၀၁၇ ခုႏွစ္မွာ တရား႐ံုးခ်ဳပ္က ဖ်က္သိမ္းလိုက္ၿပီးတဲ့ ေနာက္ ကေမာၻဒီးယားကို တပါတီစနစ္က်င့္သံုးတဲ့ႏုိင္္ငံအျဖစ္ သတ္မွတ္ထားၾကပါတယ္။ အဓိက အတိုက္အခံပါတီကုိ ဖ်က္သိမ္း လိုက္တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေရြးေကာက္ပြဲမွာ အမတ္ေနရာအားလံုးကုိ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ အာဏာရပါတီ အႏုိင္ရဖို႔ လမ္းပြင့္ သြားေစခဲ့တာပါ။ အေမရိကန္က အတိုက္အခံ CNRP ကို ေထာက္ခံတယ္ဆိုၿပီး ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က စြပ္စြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ဒီမိုကရေစီ ပြန်ဖော်ဆောင်ဖို့ ကမ္ဘောဒီးယားကို သမ္မတထရမ့်ပ် တိုက်တွန်း

(Unicode)

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ပါလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို တိုက်တွန်းထားပါတယ်။

“ကမ္ဘောဒီးယားကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးလမ်းကြောင်းပေါ် ပြန်ရောက်အောင် အဆွေတော် လုပ်ဆောင်ဖို့ရာဟာ ကျနော်တို့ နှစ်နိုင်ငံဆက်ဆံရေး အနာဂတ်အတွက် အရေးကြီးပါတယ်” လို့ နိုဝင်ဘာလ ၁ ရက်နေ့စွဲနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဆီ ပေးပို့တဲ့စာထဲမှာ သမ္မတထရမ့်ပ်က ရေးထားတာကို ရိုက်တာသတင်းဌာနက သောကြာနေ့မှာ ဖတ်ရတာပါ။

ကမ္ဘောဒီးယားကို ၃၄ နှစ်ကျော် အုပ်ချုပ်လာတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ လူူ့အခွင့်အရေးအခြေအနေ တိုးတက်အောင်လုပ်ဖို့ အနောက်နိုင်ငံတွေက အပြင်းအထန် ဖိအားပေးတာကို ခံနေရပါတယ်။ ဥရောပသမဂ္ဂ EU ကဆိုရင် ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ ရုပ်သိမ်းမယ့်အလားအလာထိ ပြောထားတာပါ။

ဝန်ကြီးချုပ်ဟွန်ဆန်ကို ဖြုတ်ချဖို့ အမေရိကန်က ကြံစည်တယ်ဆိုပြီး ကမ္ဘောဒီးယားက စွပ်စွဲခဲ့တာကြောင့်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေးက အဆင်မပြေပါဘူး။

အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ကို ၂၀၁၇ ခုနှစ်မှာ တရားရုံးချုပ်က ဖျက်သိမ်းလိုက်ပြီးတဲ့ နောက် ကမ္ဘောဒီးယားကို တပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံအဖြစ် သတ်မှတ်ထားကြပါတယ်။ အဓိက အတိုက်အခံပါတီကို ဖျက်သိမ်း လိုက်တာကြောင့် ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ အမတ်နေရာအားလုံးကို ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အာဏာရပါတီ အနိုင်ရဖို့ လမ်းပွင့် သွားစေခဲ့တာပါ။ အမေရိကန်က အတိုက်အခံ CNRP ကို ထောက်ခံတယ်ဆိုပြီး ဝန်ကြီးချုပ်ဟွန်ဆန်က စွပ်စွဲထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG