သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရေတပ်စခန်း ဖွင့်ခွင့်ပြုတဲ့သတင်း Cambodia ငြင်းဆို


ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen
ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen

ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen က ထိုင်းပင်လယ်ကွေ့မှာ ရှိတဲ့ သူတို့ရဲ့ရေတပ်စခန်းကို တရုတ်ရေတပ်ကို အသုံးပြုခွင့်ပေးဖို့ လျှို့ဝှက်သဘောတူ လက်မှတ်ရေးထိုးခဲ့တယ် ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ ဝန်ကြီးချုပ်က တနင်္လာနေ့မှာ ငြင်းဆိုလိုက်ပါတယ်။

ဒီနှစ်စောစောပိုင်းက နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုး ခဲ့တဲ့အကြောင်း The Wall Street Journal သတင်းစာကြီးက တနင်္ဂနွေနေ့က ဒီသတင်းကို ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Hun Sen က နိုင်ငံခြား စစ်စခန်းဖွင့်ခွင့် ပြုတာဟာ ကမ္ဘောဒီးယားရဲ့ ဖွဲ့စည်းပုံကို ချိုးဖေါက်ရာ ရောက်တဲ့အတွက် လုံးဝမဖြစ်နိုင်တဲ့ အကြောင်း ကမ္ဘောဒီးယား ရဲ့ Fresh News သတင်းဌါနနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

တရုတ်ကရော ကမ္ဘောဒီးယားကပါ ဒီသဘောတူညီမှုကို ထုတ်ပြန်ခြင်းမရှိသေးဘူးလို့လည်း The Wall Street Journal သတင်းမှာ ဖေါ်ပြထား ပါတယ်။

ကမ္ဘောဒီးယားမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှှု ဗဟိုရ်ချက်ဖြစ်တဲ့ Sihanoukville အနားမှာ ရှိတဲ့ ရေတပ်စခန်းကို အသုံးပြုခွင့်ပေးဖို့ ကမ္ဘောဒီးယားနဲ့ တရုတ်တို့ သဘောတူညီမှု ရရှိခဲ့တဲ့အကြောင်း အမည်မဖေါ်လိုတဲ့ အမေရိကန်အစိုးရ အရာရှိတွေကို ကိုးကားပြီး The Wall Street Journalမှာ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

ဒီရေတပ်စခန်းကို ဌားရမ်းအသုံးပြုခွင့်စာချုပ်အရ စစ်သားတွေစေလွှတ်ချထားဖို့၊ လက်နက်တွေသိုလှောင်ဖို့၊ စစ်ဘောၤတွေ ဆိုက်ကပ်ဖို့ အတွက် ပထမ အနှစ် ၃၀ သုံးပြီး၊ သက်တမ်းကုန်ဆုံးရင် အလိုအလျောက် နောက်ထပ် ၁၀ နှစ် အသုံးပြုခွင့် ရမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယား ကမ်းခြေမှာ ခုလိုရေတပ်စခန်း ထားရှိခွင့် ရခြင်းအားဖြင့် အရှေ့တောင်အာရှအပြင် အငြင်းပွါးနေတဲ့ တောင်တရုပ်ပင်လယ် မှာတရုတ်ရဲ့ လွှမ်းမိုးမှုကို အားဖြည့်ပေးရာ ရောက်စေမှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း ဒီသတင်းဟာ အခြေအမြစ် မရှိတဲ့အကြောင်း ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG