သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားရွေးကောက်ပွဲ ကော်မရှင်ကို ဥရောပသမဂ္ဂ ငွေကြေးထောက်ပံ့မှု ရုပ်သိမ်း


ကမ္ဘောဒီးယား အဓိက အတိုက်အခံ ပါတီကို မကြာခင်က ဖျက်သိမ်းလိုက်တဲ့ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်ကို ဥရောပ သမဂ္ဂက ငွေကြေးထောက်ပံ့မှု ရုပ်သိမ်းလိုက်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမှာ လာမယ့် ဇူလိုင်လ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲကနေ အတိုက်အခံ ပါတီကို ဖယ်ထုတ်လိုက်တဲ့ လုပ်ငန်းစဉ်က ဥပဒေကြောင်းနဲ့ ညီညွတ်မှု ရှိတယ်လို့ မရှုမြင်ကြောင်း EU ဥရောပ သမဂ္ဂရဲ့ ဒီကနေ့ အင်္ဂါနေ့ထုတ် ကြေညာချက်မှာ ဖော်ပြပါတယ်။

အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီကို တရားရုံးချုပ်က ပြီးခဲ့တဲ့လက ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံ CNRP ပါတီဟာ အစိုးရကို ဖယ်ရှားရေး ပူးပေါင်းကြံစည်ခဲ့တယ်လို့ စွပ်စွဲပြီး ဝန်ကြီးချုပ် Hun Sen ရဲ့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ ပါတီက အမှုဖွင့်တာပါ။

ဒီစွပ်စွဲချက်ကြောင့်ဘဲ အတိုက်အခံ ပါတီ ခေါင်းဆောင် Kem Sokha ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် CNRP ပါတီဝင် ၁၁၈ ဦးတို့ကိုလည်း နောက် ၅ နှစ် အတွင်း နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကိုလည်း တားမြစ်လိုက်ပါတယ်။

အတိုက်အခံ CNRP ပါတီက ၂၀၁၃ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ထင်မှတ်မထားတဲ့ အတိုင်းအတာအထိ အောင်မြင်မှု ခိုင်ခိုင်မာမာ ရရှိခဲ့ပြီးနောက်မှာတော့ နိုင်ငံကို ၃၂ နှစ်ကြာ အုပ်ချုပ်လာတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်း အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာခဲ့တာပါ။အတိုက်အခံ အပေါ် ထောက်ခံမှုက ကြီးထွားလာနေတာပါ။ အထူးသဖြင့်တော့ အပြောင်းအလဲကို စိတ်အားထက်သန်နေကြတဲ့ ကမ္ဘောဒီးယား လူငယ်တွေကြားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG