(Zawgyi / Unicode)
သမ္မတ ထရမ့်က Conan ကို ကမ္ဘ့ာ့ အကျော်ကြားဆုံး ခွေးဆိုပြီး ချီးမွန်း ခေါ်ဆိုခဲ့ပြီး သဲူ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူး စကား ပြောကြားခဲ့ပါတယ်။
Conan ကို မွေးမလားဆိုတဲ့ မေးခွန်းကိုတော့ သမ္မတ ထရမ့်က တိုက်ရိုက် ဖြေကြားခြင်းမရှိဘဲ Conan ဟာ အနားမယူသေးဘဲ သူ့ရဲ့ အကောင်းဆုံး အချိန်မှာ ရှိကြောင်းသာ ပြောပါတယ်။
.................
IS ခေါင်းဆောင်ဖမ်းဆီးရာမှာ ပါတဲ့ခွေး သမ္မတ Trump ဂုဏ်ပြု
(Unicode)
အောက်တိုဘာလအတွင်းက IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးခဲ့ရာမှာ ပါဝင်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိခဲ့တဲ့ အမေရိကန် စစ်ခွေး Conan ကို အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လလာနေ့က ကြိုဆို ဧည့်ခံခဲ့ပါတယ်။
သမ္မတ ထရမ့်က Conan ကို ကမ္ဘ့ာ့ အကျော်ကြားဆုံး ခွေးဆိုပြီး ချီးမွန်း ခေါ်ဆိုခဲ့ပြီး သူဲ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူး စကား ပြောကြားခဲ့ပါတယ်။
Conan ဟာ ဘယ်လ်ဂျီယံ Malinois ခွေး အမျိုးအစားဖြစ်ပြီး တိုက်ခိုက်ရေးနဲ့ မူးယစ်ဆေး အနံ့ခံရာမှာ ထူးကဲတဲ့ စွမ်းရည်ရှိတယ်လို့လည်း ထရမ့်က ချီးကျူးခဲ့ပါတယ်။
Conan ကို အသိအမှတ်ပြု လက်မှတ်ပေးမယ့်အပြင် ဆုလည်း ချီးမြှင့်ဦးမယ့်အကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။။
Conan ကို မွေးမလားဆိုတဲ့ မေးခွန်းကိုတော့ သမ္မတ ထရမ့်က တိုက်ရိုက် ဖြေကြားခြင်းမရှိဘဲ ကိုနန်ဟာ အနားမယူသေးဘဲ သူ့ရဲ့ အကောင်းဆုံး အချိန်မှာ ရှိကြောင်းသာ ပြောပါတယ်။