ေျမာက္အတၱလန္တိတ္မဟာမိတ္ ေနတုိးအဖြဲ႔ႀကီးဟာ ဦးေဆာင္မႈမယ့္သူ မရွိေတာ့တာေၾကာင့္ ဦးေႏွာက္ေသေနတဲ့ အဖြဲ႔အစည္းလုိ ျဖစ္လာေနေၾကာင္း ျပင္သစ္သမၼတ Emmanuel Macron ရဲ႕ တင္စား ေျပာဆုိမႈဟာ ေအာက္တန္းက်တဲ့ မွတ္ခ်က္မ်ဳိးျဖစ္ေၾကာင္း အေမရိကန္သမၼတ Donald Trump က ျပင္သစ္သမၼတကုိ အဂၤါေန႔မွာ ေ၀ဖန္ ေျပာၾကားလုိက္ပါတယ္။
ေနတုိးအေၾကာင္း အဲဒီလုိ ေျပာဆုိဖုိ႔မသင့္ေၾကာင္း အဖြဲ႔၀င္ႏုိင္ငံေတြ လန္ဒန္ၿမိဳ႕မွာ က်င္းပမယ့္ ေနတုိးထိပ္သီးစည္းေ၀းပြဲမစခင္ ေနတုိးအဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg နဲ႔ ေဘးခ်င္းယွဥ္ရပ္ရင္း သမၼတ Trump က အဲဒီလုိ ေျပာၾကားလုိက္တာပါ။
ၿပီးခဲ့တဲ့ လက ထုတ္ေ၀တဲ့ လန္ဒန္အေျခစုိက္ The Economist မဂၢဇင္းနဲ႔ ေတြ႔ဆုံ ေမးျမန္းခန္းအတြင္း ျပင္သစ္သမၼတ Macron က ေနတုိးအဖြဲ႔ကုိ အဲဒီလုိ ေ၀ဖန္လုိက္တာပါ။ အဲဒီလုိ ေ၀ဖန္ ေျပာဆုိခဲ့တဲ့ကိစၥအေပၚ ေနာက္ပုိင္းမွာ သမၼတ Macron က ခုခံ ေျပာဆုိခဲ့ၿပီး ေနတုိးအဖြဲ႔အေနနဲ႔ အဖြဲ႔၀င္ တႏုိင္ငံခ်င္းစီက အဖြဲ႔၀င္ေၾကး ဘယ္ေလာက္ထည့္၀င္သလဲဆုိတာထက္ ပုိအေရးႀကီးတဲ့ ကိစၥရပ္ေတြကုိ အာရုံစုိက္ လုပ္ေဆာင္ဖုိ႔ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
သမၼတ Trump နဲ႔ သမၼတ Macron တုိ႔ ၂ ဦးဟာ ဒီကေန႔ ေတြ႔ဆုံဖုိ႔ ရွိပါတယ္။
ေနတုိးအဖြဲ႔ရဲ႕ ကာကြယ္ေရး အသုံးစားရိတ္နဲ႔ ပတ္သက္လုိ႔ ၂၀၁၇ ခုႏွစ္မွာ သူအာဏာရၿပီးကတည္းက သမၼတ Trump က အာရုံစုိက္ ေျပာဆုိလာခဲ့တာျဖစ္ၿပီး အေမရိကန္က အသုံးစားရိတ္ေတြကုိ အဆမတန္ စုိက္ထည့္ေပးေနရတယ္လုိ႔ ေျပာပါတယ္။
သမၼတ Trump ရဲ႕ ဦးေဆာင္မႈက အဖြဲ႔၀င္ေတြ အသုံးစားရိတ္ တုိးထည့္တဲ့ကိစၥအေပၚ သိသာတဲ့ အက်ဳိးသက္ေရာက္မႈ ျဖစ္ေပၚေစေၾကာင့္ ေနတုိး အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က ဒီကေန႔ ခ်ီးက်ဴး ေျပာၾကားလုိက္ပါတယ္။
[Unicode Version]
NATO အပေါ် ဝေဖန်မှုအတွက် ပြင်သစ်သမ္မတကို သမ္မတ Trump အပြစ်တင်
မြောက်အတ္တလန်တိတ်မဟာမိတ် နေတိုးအဖွဲ့ကြီးဟာ ဦးဆောင်မှုမယ့်သူ မရှိတော့တာကြောင့် ဦးနှောက်သေနေတဲ့ အဖွဲ့အစည်းလို ဖြစ်လာနေကြောင်း ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ တင်စား ပြောဆိုမှုဟာ အောက်တန်းကျတဲ့ မှတ်ချက်မျိုးဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြင်သစ်သမ္မတကို အင်္ဂါနေ့မှာ ဝေဖန် ပြောကြားလိုက်ပါတယ်။
နေတိုးအကြောင်း အဲဒီလို ပြောဆိုဖို့မသင့်ကြောင်း အဖွဲ့ဝင်နိုင်ငံတွေ လန်ဒန်မြို့မှာ ကျင်းပမယ့် နေတိုးထိပ်သီးစည်းဝေးပွဲမစခင် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့ ဘေးချင်းယှဉ်ရပ်ရင်း သမ္မတ Trump က အဲဒီလို ပြောကြားလိုက်တာပါ။
ပြီးခဲ့တဲ့လ ထုတ်ဝေတဲ့ လန်ဒန်အခြေစိုက် The Economist မဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြင်သစ်သမ္မတ Macron က နေတိုးအဖွဲ့ကို အဲဒီလို ဝေဖန်လိုက်တာပါ။ အဲဒီလို ဝေဖန် ပြောဆိုခဲ့တဲ့ကိစ္စအပေါ် နောက်ပိုင်းမှာ သမ္မတ Macron က ခုခံ ပြောဆိုခဲ့ပြီး နေတိုးအဖွဲ့အနေနဲ့ အဖွဲ့ဝင် တနိုင်ငံချင်းစီက အဖွဲ့ဝင်ကြေး ဘယ်လောက်ထည့်ဝင်သလဲဆိုတာထက် ပိုအရေးကြီးတဲ့ ကိစ္စရပ်တွေကို အာရုံစိုက် လုပ်ဆောင်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတ Trump နဲ့ သမ္မတ Macron တို့ ၂ ဦးဟာ ဒီကနေ့ တွေ့ဆုံဖို့ ရှိပါတယ်။
နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေး အသုံးစားရိတ်နဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ်မှာ သူအာဏာရပြီးကတည်းက သမ္မတ Trump က အာရုံစိုက် ပြောဆိုလာခဲ့တာဖြစ်ပြီး အမေရိကန်က အသုံးစားရိတ်တွေကို အဆမတန် စိုက်ထည့်ပေးနေရတယ်လို့ ပြောပါတယ်။
သမ္မတ Trump ရဲ့ ဦးဆောင်မှုက အဖွဲ့ဝင်တွေ အသုံးစားရိတ် တိုးထည့်တဲ့ကိစ္စအပေါ် သိသာတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေကြောင့် နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg က ဒီကနေ့ ချီးကျူး ပြောကြားလိုက်ပါတယ်။