သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ကို အေရးယူေရးလုပ္ငန္းစတင္ၿပီလို႔ ေအာက္လႊတ္ေတာ္ဥကၠ႒ေၾကညာ


ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi

(Zawgyi/Unicode)

အေမရိကန္သမၼတ Donald Trump အေပၚ တရားစဲြဆုိ အေရးယူေရး လုပ္ငန္းစဥ္ စတင္ေတာ့မွာျဖစ္ေၾကာင္း ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ဒီကေန႔ပဲ ေၾကညာလုိက္ပါတယ္။

ဖဲြ႔စည္းပုံ အေျခခံဥပေဒနဲ႔အညီ သမၼတအေပၚ အေရးယူႏုိင္ေရး ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီကုိ ညြန္ၾကားထားေၾကာင္း ေျပာဆုိလုိက္တာပါ။ သမၼတရဲ႕ လုပ္ရပ္ေတြဟာ ဖဲြ႔စည္းပုံအေျခခံဥပေဒကုိ ခ်ဳိးေဖာက္တယ္ဆုိတာ မျငင္းႏုိင္ေၾကာင္းလည္း ေအာက္လႊတ္ေတာ္ ဥကၠ႒က ေျပာဆုိခဲ့ပါတယ္။

ႏိုင္ငံေရး အက်ဳိးအျမတ္ရမယ့္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေပးဖုိ႔ ယူကရိန္းကုိ သမၼတ Trump ဖိအားေပးခဲ့တာဟာ တရားစဲြႏုိင္ေလာက္တဲ့ ျပစ္မႈေျမာက္ေၾကာင္း ဖဲြ႔စည္းပုံ အေျခခံ ဥပေဒေရးရာ ကၽြမ္းက်င္သူ ပညာရွင္ ၃ ေယာက္က လႊတ္ေတာ္မွာ ထြက္ဆုိခဲ့ၿပီး ေနာက္တရက္မွာပဲ သတင္းစာရွင္းလင္းပဲြ က်င္းပဖုိ႔ စီစဥ္ထားတာပါ။

သမၼတရဲ႕ ရီပတ္ဘလစ္ကန္ ပါတီက ကုိယ္စားလွယ္ေတြ ဖိတ္ေခၚခဲ့တဲ့ ဥပေဒပညာရွင္ကေတာ့ သမၼတအေပၚ အေရးယူရေလာက္ေအာင္ အေထာက္အထား ခုိင္လုံမႈ မရွိေၾကာင္း ေျပာဆုိခဲ့ပါတယ္။

Harvard တကၠသုိလ္က ဥပေဒပညာ ပါေမာကၡ Noah Feldman ကေတာ့ ၂၀၂၀ အေမရိကန္ သမၼတ ေရြးေကာက္ပဲြမွာ ၿပိဳင္ဘက္ျဖစ္လာႏုိင္တဲ့ ဒုသမၼတေဟာင္း Joe Biden အေပၚ စုံစမ္းစစ္ေဆးဖုိ႔ ယူကရိန္းသမၼတ Volodymyr Zelenskiy ကုိ မ႐ုိးမသား ေသြးေဆာင္ခဲ့တာဟာ သမၼတတဦးအေပၚ အေရးယူဖုိ႔ ဖဲြ႔စည္းပုံ အေျခခံဥပေဒက ျပဌာန္းထားတဲ့ ႀကီးေလးတဲ့ ရာဇ၀တ္ျပစ္မႈ က်ဳးလြန္ရာေရာက္ေၾကာင္း ထင္ရွားေၾကာင္း မေန႔တုန္းကပဲ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြကုိ ေျပာခဲ့တာပါ။

Stanford တကၠသုိလ္က ဥပေဒပညာ ပါေမာကၡ Pamela Karlan ကလည္း အေမရိကန္ သမၼတေတြ အေနနဲ႔ ေရြးေကာက္ပဲြေတြကုိ ျပည္ပက စြက္ဖက္မႈေတြကေန ကာကြယ္ေပးရမွာျဖစ္ၿပီး၊ ဖိတ္ေခၚတာမ်ဳိး မျဖစ္သင့္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

အထူးသျဖင့္ ယူကရိန္းသမၼတကုိ တယ္လီဖုန္းဆက္ အကူအညီေတာင္းခဲ့တာဟာ လု့ပ္ပုိင္ခြင့္အာဏာ အလဲြသုံးစားရာ ေရာက္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။ ေျမာက္ကယ္႐ုိလုိင္းနား တကၠသိုလ္က ဥပေဒပညာ ပါေမာကၡ Michael Gerhardt ကေတာ့ သမၼတအေပၚ အေရးယူေရး ေအာင္ျမင္မႈမရခဲ့ရင္ တရားစဲြဆုိဖုိ႔ လုပ္ငန္းစဥ္ တခုလုံးဟာ အဓိပၸါယ္မဲ့ရာ ေရာက္လိမ့္မယ္လုိ႔ ေအာက္လႊတ္ေတာ္ တရားေရး ေကာ္မတီေရွ႕ေမွာက္ အဖြင့္အမွာစကား ေျပာရာမွာ သတိေပးခဲ့ပါတယ္။

အေမရိကန္မွာ ဘုရင္တပါးလုိ အုပ္ခ်ဳပ္တာမ်ဳိးကုိ ဟန္႔တားဖုိ႔ ဖဲြ႔စည္းပုံ အေျခခံဥပေဒမွာ စနစ္တက် ကာကြယ္ေရးဆဲြထားၿပီး၊ သမၼတေတြဟာ ဥပေဒအထက္မွာရွိလုိ႔ မရတဲ့အေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

သမၼတရဲ႕ ရီပတ္ဘလစ္ကန္ ပါတီက ကုိယ္စားလွယ္ေတြ ဖိတ္ေခၚခဲ့တဲ့ George Washington တကၠသုိလ္က ဥပေဒပညာ ပါေမာကၡ Jonathan Turley ကေတာ့ ၂၀၁၆ ေရြးေကာက္ပဲြမွာ သမၼတေလာင္း Trump ကုိ ေထာက္ခံမဲ မေပးခဲ့သူျဖစ္ေပမဲ့လည္း လက္ရွိ တရားစဲြဆုိ အေရးယူေရး ႀကိဳးပမ္းမႈေတြမွာေတာ့ အေထာက္အထား ခုိင္လုံမႈ မရွိေၾကာင္း ေျပာဆုိခဲ့သလုိ၊ သမၼတကုိ ဖယ္ရွားဖုိ႔ အတုိက္အခံ ဒီမုိကရက္ေတြက ေဒါသတႀကီး ႀကိဳးပမ္းေနတဲ့ လုပ္ရပ္အျဖစ္နဲ႔လည္း ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်သမ္မတ Donald Trump အပေါ် တရားစွဲဆို အရေးယူရေး လုပ်ငန်းစဉ် စတင်တော့မှာဖြစ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သမ္မတအပေါ် အရေးယူနိုင်ရေး အောက်လွှတ်တော် တရားရေးကော်မတီကို ညွန်ကြားထားကြောင်း ပြောဆိုလိုက်တာပါ။ သမ္မတရဲ့ လုပ်ရပ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတာ မငြင်းနိုင်ကြောင်းလည်း အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေး အကျိုးအမြတ်ရမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ယူကရိန်းကို သမ္မတ Trump ဖိအားပေးခဲ့တာဟာ တရားစွဲနိုင်လောက်တဲ့ ပြစ်မှုမြောက်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးရာ ကျွမ်းကျင်သူ ပညာရှင် ၃ ယောက်က လွှတ်တော်မှာ ထွက်ဆိုခဲ့ပြီး နောက်တရက်မှာပဲ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ စီစဉ်ထားတာပါ။

သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီက ကိုယ်စားလှယ်တွေ ဖိတ်ခေါ်ခဲ့တဲ့ ဥပဒေပညာရှင်ကတော့ သမ္မတအပေါ် အရေးယူရလောက်အောင် အထောက်အထား ခိုင်လုံမှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

Harvard တက္ကသိုလ်က ဥပဒေပညာ ပါမောက္ခ Noah Feldman ကတော့ ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒုသမ္မတဟောင်း Joe Biden အပေါ် စုံစမ်းစစ်ဆေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို မရိုးမသား သွေးဆောင်ခဲ့တာဟာ သမ္မတတဦးအပေါ် အရေးယူဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှု ကျုးလွန်ရာရောက်ကြောင်း ထင်ရှားကြောင်း မနေ့တုန်းကပဲ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။

Stanford တက္ကသိုလ်က ဥပဒေပညာ ပါမောက္ခ Pamela Karlan ကလည်း အမေရိကန် သမ္မတတွေ အနေနဲ့ ရွေးကောက်ပွဲတွေကို ပြည်ပက စွက်ဖက်မှုတွေကနေ ကာကွယ်ပေးရမှာဖြစ်ပြီး၊ ဖိတ်ခေါ်တာမျိုး မဖြစ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် ယူကရိန်းသမ္မတကို တယ်လီဖုန်းဆက် အကူအညီတောင်းခဲ့တာဟာ လု့ပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားရာ ရောက်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်က ဥပဒေပညာ ပါမောက္ခ Michael Gerhardt ကတော့ သမ္မတအပေါ် အရေးယူရေး အောင်မြင်မှုမရခဲ့ရင် တရားစွဲဆိုဖို့ လုပ်ငန်းစဉ် တခုလုံးဟာ အဓိပ္ပါယ်မဲ့ရာ ရောက်လိမ့်မယ်လို့ အောက်လွှတ်တော် တရားရေး ကော်မတီရှေ့မှောက် အဖွင့်အမှာစကား ပြောရာမှာ သတိပေးခဲ့ပါတယ်။

အမေရိကန်မှာ ဘုရင်တပါးလို အုပ်ချုပ်တာမျိုးကို ဟန့်တားဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စနစ်တကျ ကာကွယ်ရေးဆွဲထားပြီး၊ သမ္မတတွေဟာ ဥပဒေအထက်မှာရှိလို့ မရတဲ့အကြောင်းလည်း ပြောဆိုခဲ့တာပါ။

သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီက ကိုယ်စားလှယ်တွေ ဖိတ်ခေါ်ခဲ့တဲ့ George Washington တက္ကသိုလ်က ဥပဒေပညာ ပါမောက္ခ Jonathan Turley ကတော့ ၂၀၁၆ ရွေးကောက်ပွဲမှာ သမ္မတလောင်း Trump ကို ထောက်ခံမဲ မပေးခဲ့သူဖြစ်ပေမဲ့လည်း လက်ရှိ တရားစွဲဆို အရေးယူရေး ကြိုးပမ်းမှုတွေမှာတော့ အထောက်အထား ခိုင်လုံမှု မရှိကြောင်း ပြောဆိုခဲ့သလို၊ သမ္မတကို ဖယ်ရှားဖို့ အတိုက်အခံ ဒီမိုကရက်တွေက ဒေါသတကြီး ကြိုးပမ်းနေတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG