(Zawgyi/ Unicode)
လန္ဒန္မွာ က်င္းပတဲ့ NATO စစ္မဟာမိတ္ အဖြဲ႔ေခါင္းေဆာင္ေတြရဲ့ အႏွစ္ ၇၀ ေျမာက္ ႏွစ္ပတ္လည္အစည္းအေဝးကို တက္ေရာက္ေနတဲ့ အေမရိကန္သမၼတ Donald Trump ဟာ ျပင္သစ္သမၼတ Emmanuel Macron နဲ႔ သေဘာထားမတိုက္ဆိုင္ဘဲ အျငင္းပြားခဲ့ပါတယ္။
မိနစ္ ၄၀ ၾကာ သတင္းေထာက္ေတြနဲ႔ ေတြ႔ဆံုေမးျမန္းခ်ိန္မွာ အေမရိကန္နဲ႔ ျပင္သစ္ ေခါင္းေဆာင္ ႏွစ္ဦးၾကား အေျခအတင္ ျဖစ္ခဲ့ၾကတာပါ။
NATO အဖြဲ႔အတြက္ ကုန္က်စရိတ္ဆိုင္ရာကိစၥ၊ အၾကမ္းဖက္ဝါဒစြဲ ဆိုင္ရာအျပင္ ဆီးရီးယားကို တူရကီ က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔ ႐ုရွားနဲ႔အေမရိကန္တို႔ၾကား ခ်ဳပ္ဆိုထားတဲ့ လက္နက္ထိန္း ခ်ဳပ္ေရးဆိုင္ရာ သေဘာတူညီခ်က္ကေန အေမရိကန္က ႏုတ္ထြက္ခဲ့တာအဆံုး ျပႆနာရပ္ အေတာ္မ်ားမ်ားမွာ သေဘာထားမတိုက္ဆိုင္ဘဲ ျဖစ္ေနၾကတာပါ။
ျပင္သစ္သမၼတ Macron က NATO ဟာ ဦးေဆာင္မယ့္သူမရွိတဲ့အတြက္ ဦးေႏွာက္ေသေနတဲ့ အဖြဲ႔အစည္းလို ျဖစ္ေနတယ္လုိ႔ တင္စားေျပာဆိုခဲ့တာနဲ႔ ပတ္သက္ၿပီး သမၼတ Trump က ျပင္သစ္သမၼတကို ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုပါတယ္။
ဒါ့အျပင္ အဖြဲ႔ဝင္ႏိုင္ငံေတြၾကား ကာကြယ္ေရးဆိုင္ရာ အသံုးစရိတ္ထည့္ဝင္ရမယ့္ အခ်ဳိးအတိုင္း မထည့္ၾကဘူးလို႔လည္း သမၼတ Trump က ေဝဖန္ခဲ့တာပါ။
ဒီေဝဖန္မႈကို ျပင္သစ္သမၼတက လက္မခံဘဲ အသံုးစရိတ္ထည့္ဝင္မႈေတြနဲ႔အတူ စစ္သားေတြပါ ေစလႊတ္ေနေၾကာင္းနဲ႔ ဥေရာပၿငိမ္းခ်မ္းေရးကိုပါ ထည့္တြက္ရမွာျဖစ္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ အေမရိကန္က ႐ုရွားနဲ႔ ၁၉၈၇ မွာခ်ဳပ္ဆိုခဲ့တဲ့ တာလတ္ပစ္ ႏ်ဴကလီးယားလက္နက္ ထိန္းခ်ဳပ္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (INF) ကို အေမရိကန္ဘက္က ရပ္ဆိုင္းခဲ့တာဟာ ဥေရာပႏုိင္ငံေတြအတြက္ ႐ုရွားရဲ့ ဒံုးက်ည္လက္နက္ ၿခိမ္းေျခာက္မႈအႏၲရာယ္နဲ႔ ရင္ဆိုင္ရဖုိ႔ ျဖစ္လာေစတယ္လုိ႔ ျပင္သစ္သမၼတက ေဝဖန္ခဲ့တာျဖစ္ပါတယ္။
အခုလုိ ေဝဖန္မႈေျပာဆိုခဲ့ၾကေပမယ့္ ႏွစ္ႏိုင္ငံၾကား မေျပလည္မႈေတြဟာ ညိႇႏႈိင္းလို႔ရမွာ ျဖစ္ေၾကာင္း ႏွစ္ဖက္စလံုးက ေနာက္ပိုင္းမွာ အျပဳသေဘာေဆာင္ ေျပာၾကားခဲ့ၾကပါတယ္။ ဒီအျငင္းပြားမႈဟာ အေသးအဖြဲ ျဖစ္ေၾကာင္း သမၼတ Trump က ေျပာခဲ့သလို သမၼတ Macron ကလည္း ဒီျပႆနာကို ညိႇႏိႈ္င္းႏိိုင္မွာျဖစ္ေၾကာင္း ေျပာခဲ့တာပါ။
......................
သမ္မတ Trump နဲ့ သမ္မတ Macron ကြား သဘောထားကွဲ
(Unicode)
လန်ဒန်မှာ ကျင်းပတဲ့ NATO စစ်မဟာမိတ် အဖွဲ့ခေါင်းဆောင်တွေရဲ့ အနှစ် ၇၀ မြောက် နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ သဘောထားမတိုက်ဆိုင်ဘဲ အငြင်းပွားခဲ့ပါတယ်။
မိနစ် ၄၀ ကြာ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ အမေရိကန်နဲ့ ပြင်သစ် ခေါင်းဆောင် နှစ်ဦးကြား အခြေအတင် ဖြစ်ခဲ့ကြတာပါ။
NATO အဖွဲ့အတွက် ကုန်ကျစရိတ်ဆိုင်ရာကိစ္စ၊ အကြမ်းဖက်ဝါဒစွဲ ဆိုင်ရာအပြင် ဆီးရီးယားကို တူရကီ ကျူးကျော်ဝင်ရောက်မှုနဲ့ ရုရှားနဲ့အမေရိကန်တို့ကြား ချုပ်ဆိုထားတဲ့ လက်နက်ထိန်း ချုပ်ရေးဆိုင်ရာ သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်ခဲ့တာအဆုံး ပြဿနာရပ် အတော်များများမှာ သဘောထားမတိုက်ဆိုင်ဘဲ ဖြစ်နေကြတာပါ။
ပြင်သစ်သမ္မတ Macron က NATO ဟာ ဦးဆောင်မယ့်သူမရှိတဲ့အတွက် ဦးနှောက်သေနေတဲ့ အဖွဲ့အစည်းလို ဖြစ်နေတယ်လို့ တင်စားပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ Trump က ပြင်သစ်သမ္မတကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပါတယ်။
ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေကြား ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ထည့်ဝင်ရမယ့် အချိုးအတိုင်း မထည့်ကြဘူးလို့လည်း သမ္မတ Trump က ဝေဖန်ခဲ့တာပါ။
ဒီဝေဖန်မှုကို ပြင်သစ်သမ္မတက လက်မခံဘဲ အသုံးစရိတ်ထည့်ဝင်မှုတွေနဲ့အတူ စစ်သားတွေပါ စေလွှတ်နေကြောင်းနဲ့ ဥရောပငြိမ်းချမ်းရေးကိုပါ ထည့်တွက်ရမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်က ရုရှားနဲ့ ၁၉၈၇ မှာချုပ်ဆိုခဲ့တဲ့ တာလတ်ပစ် နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာ သဘောတူစာချုပ် (INF) ကို အမေရိကန်ဘက်က ရပ်ဆိုင်းခဲ့တာဟာ ဥရောပနိုင်ငံတွေအတွက် ရုရှားရဲ့ ဒုံးကျည်လက်နက် ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာစေတယ်လို့ ပြင်သစ်သမ္မတက ဝေဖန်ခဲ့တာဖြစ်ပါတယ်။
အခုလို ဝေဖန်မှုပြောဆိုခဲ့ကြပေမယ့် နှစ်နိုင်ငံကြား မပြေလည်မှုတွေဟာ ညှိနှိုင်းလို့ရမှာ ဖြစ်ကြောင်း နှစ်ဖက်စလုံးက နောက်ပိုင်းမှာ အပြုသဘောဆောင် ပြောကြားခဲ့ကြပါတယ်။ ဒီအငြင်းပွားမှုဟာ အသေးအဖွဲ ဖြစ်ကြောင်း သမ္မတ Trump က ပြောခဲ့သလို သမ္မတ Macron ကလည်း ဒီပြဿနာကို ညှိနှိုင်းနိုင်မှာဖြစ်ကြောင်း ပြောခဲ့တာပါ။