သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ကိစၥ သေဘာကြဲတဲ႔ ကန္နဲ႔တ႐ုတ္ ကုန္သြယ္ေရးကိစၥမွာ သေဘာတူညီဖြယ္႐ွိ


ေဟာင္ေကာင္ဆႏၵျပပြဲ

(Zawgyi/Unicode)

အေမရိကန္ သမၼတ Donald Trump က မၾကာခင္က ဥပေဒ အျဖစ္ အတည္ျပဳ လက္မွတ္ေရးထိုးလိုက္တဲ႔ ေဟာင္ေကာင္က ဒီမိုကေရစီေရး တက္ၾကြလႈပ္ရွားသူေတြကို ေထာက္ခံတဲ႔ ဥပေဒကို တရုတ္အစိုးရဘက္က ဆန္႔က်င္ထားေပမယ္လို႔လည္း တရုတ္နဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ တခု ရရွိႏုိင္မယ့္ အေပၚ အေကာင္းျမင္ သေဘာထားနဲ႔ သမၼတ Trump က ေျပာဆိုပါတယ္။

တရုတ္ဘက္က သေဘာတူညီခ်က္ တခု လိုလားေနပါတယ္။ ဘာေတြ ျဖစ္လာမလဲ ဆိုတာကို ေတြ႔ရပါမယ္လို႔ သမၼတ Trump က NATO ထိပ္သီး စည္းေ၀းပြဲ တက္ဖို႔ လန္ဒန္ကို မထြက္ခြာခင္ အိမ္ျဖဴေတာ္မွာ တနလာၤေန႔မွာ ေျပာဆိုပါတယ္။ ေဟာင္ေကာင္ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီ အက္ ဥပေဒကို သမၼတ Trump က ၿပီးခဲ႔တဲ႔ သီတင္းပတ္မွာ လက္မွတ္ေရးထိုး ခဲ႔တာ ျဖစ္ၿပီး တရုတ္အစိုးရ ဘက္က ျပင္းျပင္းထန္ထန္ ဆန္႔က်င္ထားတာပါ။ ရလဒ္ကေတာ့ အေမရိကန္နဲ႔ တရုတ္ၾကား ကုန္သြယ္ေရး သေဘာတူညီခ်က္ ေႏွာင့္ေႏွးသြားတယ္လို႔ Axios သတင္း၀ဘ္ဆိုက္က ေဖာ္ျပပါတယ္။

သမၼတ Trump ရဲ႕ ေစ႔စပ္ညွိႏိႈင္းေရး အဖြဲ႔နဲ႔ နီးစပ္တဲ႔ သတင္းရင္းျမစ္ကို ကိုးကားၿပီး Axios သတင္းဆိုက္က ေဖာ္ျပတာမွာေတာ့ အေမရိကန္ရဲ႕ ဥပေဒျပဳမႈေၾကာင့္ ကုန္သြယ္ေရး ေဆြးေႏြးမႈေတြ အခု ရပ္တန္႔သြားတယ္၊ တရုတ္ သမၼတရဲ႕ ျပည္တြင္း ႏုိင္ငံေရး အေျခအေန တည္ၿငိမ္သြားေရး အတြက္ အခ်ိန္လိုတယ္လို႔ ေဖာ္ျပခဲ႔တာပါ။

ေဟာင္ေကာင္ရဲ႕ ဒီမိုကေရစီ အေရး လႈပ္ရွားမႈကို အေမရိကန္ဘက္က ေထာက္ခံတယ္လို႔ တရုတ္ဘက္က ရႈျမင္ၿပီး ဒီအေပၚမွာ တုံ႔ျပန္ဖို႔ အတြက္ လည္း ေဆာင္ရြက္သြားမယ္လို႔လည္း တရုတ္ဘက္က ေျပာဆိုထားပါတယ္။

ေဟာင္ေကာင္က လက္တေလာ ဆႏၵျပပြဲေတြ အတြင္း ဆိုးဆိုးရြားရြား ျပဳမူၾကတဲ႔ အေမရိကန္ အေျခစိုက္ အစိုးရ မဟုတ္တဲ႔ အဖြဲ႔အစည္းေတြ အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္မယ္လို႔ တရုတ္ ႏုိင္ငံျခားေရး ၀န္ႀကီး ဌာနက တနလာၤေန႔မွာ ေျပာဆိုထားပါတယ္။ တရုတ္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈ ဒဏ္ ခံရတဲ႔ အဖြဲ႔ေတြထဲမွာ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔၊ National Endowment for Democracy နဲ႔ Freedom House တို႔လည္း ပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

ဟောင်ကောင်ကိစ္စ သဘောကွဲတဲ့ ကန်နဲ့တရုတ် ကုန်သွယ်ရေးကိစ္စမှာ သဘောတူညီဖွယ်ရှိ

(Unicode)

အမေရိကန် သမ္မတ Donald Trump က မကြာခင်က ဥပဒေ အဖြစ် အတည်ပြု လက်မှတ်ရေးထိုးလိုက်တဲ့ ဟောင်ကောင်က ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံတဲ့ ဥပဒေကို တရုတ်အစိုးရဘက်က ဆန့်ကျင်ထားပေမယ်လို့လည်း တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက် တခု ရရှိနိုင်မယ့် အပေါ် အကောင်းမြင် သဘောထားနဲ့ သမ္မတ Trump က ပြောဆိုပါတယ်။

တရုတ်ဘက်က သဘောတူညီချက် တခု လိုလားနေပါတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို တွေ့ရပါမယ်လို့ သမ္မတ Trump က NATO ထိပ်သီး စည်းဝေးပွဲ တက်ဖို့ လန်ဒန်ကို မထွက်ခွာခင် အိမ်ဖြူတော်မှာ တနလာၤနေ့မှာ ပြောဆိုပါတယ်။ ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက် ဥပဒေကို သမ္မတ Trump က ပြီးခဲ့တဲ့ သီတင်းပတ်မှာ လက်မှတ်ရေးထိုး ခဲ့တာ ဖြစ်ပြီး တရုတ်အစိုးရဘက်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားတာပါ။ ရလဒ်ကတော့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး သဘောတူညီချက် နှောင့်နှေးသွားတယ်လို့ Axios သတင်းဝဘ်ဆိုက်က ဖော်ပြပါတယ်။

သမ္မတ Trump ရဲ့ စေ့စပ်ညှိနှိုင်းရေး အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး Axios သတင်းဆိုက်က ဖော်ပြတာမှာတော့ အမေရိကန်ရဲ့ ဥပဒေပြုမှုကြောင့် ကုန်သွယ်ရေး ဆွေးနွေးမှုတွေ အခု ရပ်တန့်သွားတယ်၊ တရုတ် သမ္မတရဲ့ ပြည်တွင်း နိုင်ငံရေး အခြေအနေ တည်ငြိမ်သွားရေး အတွက် အချိန်လိုတယ်လို့ ဖော်ပြခဲ့တာပါ။

ဟောင်ကောင်ရဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို အမေရိကန်ဘက်က ထောက်ခံတယ်လို့ တရုတ်ဘက်က ရှုမြင်ပြီး ဒီအပေါ်မှာ တုံ့ပြန်ဖို့ အတွက် လည်း ဆောင်ရွက်သွားမယ်လို့လည်း တရုတ်ဘက်က ပြောဆိုထားပါတယ်။

ဟောင်ကောင်က လက်တလော ဆန္ဒပြပွဲတွေ အတွင်း ဆိုးဆိုးရွားရွား ပြုမူကြတဲ့ အမေရိကန် အခြေစိုက် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တနလာၤနေ့မှာ ပြောဆိုထားပါတယ်။ တရုတ်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဒဏ် ခံရတဲ့ အဖွဲ့တွေထဲမှာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၊ National Endowment for Democracy နဲ့ Freedom House တို့လည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG