သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ေရြးေကာက္ပြဲ ရလဒ္ တရုတ္အစိုးရ သေဘာထား


ဒီမိုကေရစီ လိုလားတဲ႔ ကိုယ္စားလွယ္ေလာင္းေတြ ကိုေထာက္ခံသူမ်ား

(Zawgyi / Unicode)

ေဟာင္ေကာင္ကြ်န္းက district ေကာင္စီ ေရြးေကာက္ပြဲမွာ ဒီမိုကေရစီ လိုလားတဲ႔ ကိုယ္စားလွယ္ေလာင္းေတြ အျပတ္အသတ္ အႏုိင္ရခဲ႔တဲ႔ အေပၚ တရုတ္ အစိုးရ အာေဘာ္ သတင္းစာက ႀကိဳးကိုင္ခ်ယ္လွယ္ခံရတဲ႔ မမွ်တတဲ႔ ေရြးေကာက္ပြဲ အျဖစ္ ေျပာဆိုၿပီး ဒီမိုကေရစီ ဘက္ေတာ္သားေတြရဲ႕ ေအာင္ျမင္မႈကို ေမွးမွိန္ေအာင္ ေျပာဆိုလုိက္ပါတယ္။

တရုတ္ အစိုးရ စိတ္ႀကိဳက္ ၀ါဒျဖန္႔တဲ႔ အခုလို ေျပာဆိုမႈေတြ အေပၚ တရုတ္ ျပည္သူ အမ်ားအျပားက လက္မခံၾကပါဘူး။ ၿဗိတိန္ ကိုလိုနီေဟာင္း ျဖစ္တဲ႔ ေဟာင္ေကာင္မွာ တရုတ္ ဆန္႔က်င္ေရး သေဘာထားမွန္ေတြ ပိုၿပီး ႀကီးထြားလာေနတဲ႔ အေပၚ တရုတ္ အစိုးရ အေနနဲ႔ အျမင္မွန္ရဖို႔ လိုၿပီလို႔ တိုက္တြန္းေနၾကပါတယ္။ ဗီြအိုေအ သတင္းေထာက္ Joyce Huang ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးမွာပါ။

တနဂၤေႏြေန႔က က်င္းပတဲ႔ ေဟာင္ေကာင္ ဒိစႀတိတ္ ၁၈ ခုက ေကာင္စီ၀င္ ေရြးေကာက္ပြဲ ရလဒ္ေတြ အရေတာ့ ေကာင္စီ၀င္ေနရာ ၄၅၂ ေနရာမွာ ဒီမိုကေရစီေရး လိုလားတဲ႔ဘက္က ေနရာ ၃၈၀ ေက်ာ္ ႏုိင္ၿပီး တရုတ္ အစိုးရ လိုလားတဲ႔ ဘက္က ေနရာ ၅၈ ေနရာဘဲ ရတယ္လို႔ ေဒသခံ မီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။ ေဟာင္ေကာင္ ကေန တရုတ္ ျပည္မႀကီးထံကို တရားခံ လႊဲေျပာင္းေရး ဥေပေဒၾကမ္း အေပၚ မေက်နပ္မႈက စၿပီး ဒီမိုကေရစီ တိုးတက္ ရရွိေရး အထိ က်ယ္ျပန္႔ခဲ႔တဲ႔ လနဲ႔ခ်ီ ျဖစ္ေနတဲ႔ ဆႏၵျပပြဲေတြ အတြင္း က်င္းပတဲ႔ ေဟာင္ေကာင္ ဒိစႀတိတ္ ေကာင္စီ ေရြးေကာက္ပြဲကေန ထြက္လာတဲ႔ ရလဒ္ေတြဟာဆိုရင္ တရုတ္ အစိုးရ ေထာက္ခံထားတဲ႔ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam ကို အယံုအၾကည္ မရွိဘူးဆိုတာကို ျပသေနတာလို႔ က်ယ္က်ယ္ျပန္႔ျပန္႔ ရႈျမင္ၾကပါတယ္။

ဒါေပမယ့္လည္း တရုတ္ အစိုးရပိုင္ Global Times သတင္းစာရဲ႕ အယ္ဒီတာ့ အာေဘာ္မွာေတာ့ ေရြးေကာက္ပြဲ ရလဒ္ကို မွ်မွ်တတ အဓိပၸါယ္ ေကာက္ယူဖို႔ အေရးႀကီးတယ္၊ ဒီေရြးေကာက္ပြဲ ရလဒ္ေတြ အေပၚ လြဲမွား ေကာက္ယူၿပီး ဆူပူလိုတဲ႔ လူအုပ္ကို ရဲေဆးတင္ေပးသလို မျဖစ္သင့္ဘူးလို႔ ေရးပါတယ္။ ေဟာင္ေကာင္ ေရြးေကာက္ပြဲမွာ မဲေပးသူ ၃ သန္းမွာ ဒီမိုကေရစီ လိုလားသူေတြဘက္က ေထာက္ခံမဲ႔ ၁ ဒသမ ၆၆ သန္း ရၿပီး တရုတ္ လိုလားတဲ႔ အစဥ္အလာ အႏုိင္ရေနတဲ႔ ဘက္က ေထာက္ခံမဲ ၁ ဒသမ ၂၂ သန္း ရရွိတာကို ေထာက္ျပၿပီး မဲ ရလဒ္ ကြာျခားမႈဟာဆိုရင္ ေမွ်ာ္လင္႔ထားတာထက္ ေတာင္မွ နည္းေနတယ္လို႔လည္း Global Times က ေထာက္ျပပါတယ္။

ေဟာင္ေကာင္က ဒီလပိုင္း ႏိုင္ငံေရး မၿငိမ္သက္မႈေတြမွာ ဒီမိုကေရစီ လုိလားတဲ႔ တက္ၾကြလႈပ္ရွားသူေတြကို ဆင္ျခင္တံုတရား ကင္းမဲ႔ေစၿပီး တရုတ္ အစိုးရ လိုလားတဲ႔ ကိုယ္စားလွယ္ေလာင္းေတြ အေပၚမွာလည္း ဖိအားေတြ ျဖစ္ေစတယ္လို႔ ေရးပါတယ္။ ဒါ႔အျပင္ အေနာက္ႏုိုင္ငံေတြ ကလည္း ေဟာင္ေကာင္ရဲ႕ ဆႏၵျပပြဲေတြကို မီးထိုးေပးတယ္လို႔လည္း စြပ္စြဲပါတယ္။ ဒါေပမယ့္ ေဟာင္ေကာင္မွာ ဘာေတြ ျဖစ္ပါေစ တႏုိင္ငံ စနစ္ ၂ မ်ိဳး ဆိုတဲ႔ အေျခခံ မူေဘာင္ကိုေတာ့ ထိခိုက္မႈ မရွိႏိုင္ဘူးလို႔ Global Times က ေကာက္ခ်က္ ခ်ပါတယ္။ တရုတ္ အစိုးရ လိုလားတဲ႔ Ta Kung Pao သတင္းစာရဲ႕ အယ္ဒီတာ့ အာေဘာ္ကလည္း အလားတူ ေရးသားပါတယ္။

တရုတ္ ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi ကေတာ့ ေဟာင္ေကာင္ အေရးနဲ႔ ပတ္သက္ၿပီး သတိေပးပါတယ္။

“ေဟာင္ေကာင္ကြ်န္းမွာ ဘာေတြဘဲ ျဖစ္ျဖစ္ အရွင္းလင္းဆံုး အခ်က္ကေတာ့ ေဟာင္ေကာင္ဟာ တရုတ္ရဲ႕ ပိုင္နက္ ျဖစ္တယ္၊ တရုတ္ရဲ႕ အထူး အုပ္ခ်ဳပ္ေရး ေဒသ တခု ျဖစ္တယ္။ ေဟာင္ေကာင္ကို ဖ်က္စီးဖို႔ ဒါမွမဟုတ္လည္း ေဟာင္ေကာင္ရဲ႕ တည္ၿငိမ္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးကို ထိခိုက္ေအာင္ ၾကံစည္မႈေတြ ေအာင္ျမင္မွာ မဟုတ္ပါဘူး။”

ဒီ သတင္းစာေတြက အယ္ဒီတာ႔ အာေဘာ္ေတြ အေပၚ တရုတ္ ျပည္တြင္းမွာ အသံုးမ်ားတဲ႔ Weibo လူမႈကြန္ရက္မွာ ရာနဲ႔ခ်ီၿပီး မွတ္ခ်က္ေပး ေရးသားၾကပါတယ္။ ဒါေပမယ့္ စာဖတ္သူေတြရဲ႕ မွတ္ခ်က္ေတြကိုေတာ့ ဆင္ဆာ တည္းျဖတ္တဲ႔ အေနအထားမ်ိဳး ရွိၿပီး ဒီ အယ္ဒီတာ႔ အာေဘာ္ေတြ ေအာက္က မွတ္ခ်က္ Comment ေပးတဲ႔ ေနရာမွာေတာ့ ေလာေလာဆယ္ ဖတ္ရႈလို႔ မရႏုိင္တဲ႔ အတြက္ ေတာင္းပန္တယ္ဆိုတဲ႔ စာေၾကာင္းကိုဘဲ ေတြ႔ရပါတယ္။

အစိုးရက ဆင္ဆာ တည္းျဖတ္ထားေပမယ္လို႔လည္း ေဟာင္ေကာင္ ေရြးေကာက္ပြဲ ရလဒ္ အေပၚ Weibo လူမႈကြန္ရက္မွာ တရုတ္ ျပည္သူ တခ်ိဳ႕ေရးထားတဲ႔ မွတ္ခ်က္ေတြကိုေတာ့ ေတြ႔ေနရပါတယ္။ Weibo သံုးသူ တဦး ေရးထားတာမွာေတာ့ တႏုိင္ငံ စနစ္ႏွစ္မ်ိဳးက ဆက္ၿပီး ေအာင္ျမင္ေနတယ္ ဆိုေပမယ့္ စနစ္ ၂ မ်ိဳးက အလုပ္ျဖစ္ေနတယ္၊ ဒါေပမယ့္ တႏုိင္ငံတည္းဆိုတာကေတာ့ လံုး၀ က်ဆံုးေနၿပီလို႔ ေရးသားထားပါတယ္။

Weibo သံုးစြဲသူ ေနာက္တဦး ေရးထားတာကေတာ့ ေဟာင္ေကာင္ဟာ ထို၀မ္ လိုမ်ိဳး ျဖစ္လာေနၿပီလို႔ ေရးပါတယ္။ ေဟာင္ေကာင္ ျပည္သူ အမ်ားစုက တရုတ္ အစိုးရကို မလုိလားဘူး။ ေဟာင္ေကာင္ ျပည္သူ အမ်ားစုက အၾကမ္းဖက္မႈကို မႀကိဳက္ဘူး၊ တရုတ္ကိုေတာ့ ပိုလို႔ေတာင္ မႀကိဳက္ဘူး။ တရုတ္ အစိုးရ အေနနဲ႔ နားလည္သင့္ၿပီလို႔ ေရးထားပါတယ္။

တရုတ္ျပည္ ဒီမိုကေရစီေရး လႈပ္ရွားမႈကို ေထာက္ခံတဲ႔ ေဟာင္ေကာင္ မဟာမိတ္ အဖြဲ႔ရဲ႕ ဒုတိယ ဥကၠဌ Richard Tsoi ကေတာ့ တရုတ္ အစိုးရ အေနနဲ႔ အေျခအေနမွန္ကို လက္ခံသင့္ၿပီလို႔ ေျပာပါတယ္။

“ေဟာင္ေကာင္ျပည္သူေတြရဲ႕ သေဘာဆႏၵကို တရုတ္ အစိုးရဘက္က နားလည္မႈ လြဲေနဆဲ ျဖစ္ပါတယ္။ ေဟာင္ေကာင္ ျပည္သူေတြက အစိုးရရဲ႕ စြမ္းေဆာင္ရည္ အေပၚ သိပ္ၿပီး စိတ္ပ်က္ေနၾကပါတယ္။ အေျခခံ အားျဖင့္ေတာ့ တႏိုင္ငံ စနစ္ ၂ မ်ိဳး ခ်မွတ္က်င့္သံုးမႈနဲ႔ လွည့္စားၿပီး ေဟာင္ေကာင္ကို ဒီမိုကေရစီ အျပည့္အ၀ ဆက္လက္ ထားရွိပါမယ္ဆိုတဲ႔ ကတိက၀တ္ ပ်က္ကြက္မႈ ျဖစ္ပါတယ္။”

အခု ေဟာင္ေကာင္ရဲ႕ ဒိစႀတိတ္ ေကာင္စီ ေရြးေကာက္ပြဲ ရလဒ္ေၾကာင့္ ဒီမိုကေရစီလိုလားသူေတြဘက္က အစြန္းေရာက္ လမ္းေပၚက ႏုိင္ငံေရး အဆံုးသတ္သြားေစမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း၊ ဒီေရြးေကာက္ပြဲဟာဆိုရင္ ဆူပူ အၾကမ္းဖက္မႈေတြကို အဆံုးသတ္သြားေစမယ့္ အေျပာင္းအလဲ တခု ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း တရုတ္ အစိုးရ အာေဘာ္ Global Times သတင္းစာ အယ္ဒီတာခ်ဳပ္ Hu Xijing က တြစ္တာ လူမႈကြန္ရက္မွာ သတိထားၿပီး တုံ႔ျပန္ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ဟောင်ကောင်ရွေးကောက်ပွဲ ရလဒ် တရုတ်အစိုးရ သဘောထား

(Unicode)

ဟောင်ကောင်ကျွန်းက district ကောင်စီ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ လိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အပေါ် တရုတ် အစိုးရ အာဘော် သတင်းစာက ကြိုးကိုင်ချယ်လှယ်ခံရတဲ့ မမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ပြောဆိုပြီး ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အောင်မြင်မှုကို မှေးမှိန်အောင် ပြောဆိုလိုက်ပါတယ်။ တရုတ် အစိုးရ စိတ်ကြိုက် ဝါဒဖြန့်တဲ့ အခုလို ပြောဆိုမှုတွေ အပေါ် တရုတ် ပြည်သူ အများအပြားက လက်မခံကြပါဘူး။ ဗြိတိန် ကိုလိုနီဟောင်း ဖြစ်တဲ့ ဟောင်ကောင်မှာ တရုတ် ဆန့်ကျင်ရေး သဘောထားမှန်တွေ ပိုပြီး ကြီးထွားလာနေတဲ့ အပေါ် တရုတ် အစိုးရ အနေနဲ့ အမြင်မှန်ရဖို့ လိုပြီလို့ တိုက်တွန်းနေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Joyce Huang ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

တနင်္ဂနွေနေ့က ကျင်းပတဲ့ ဟောင်ကောင် ဒိစတြိတ် ၁၈ ခုက ကောင်စီဝင် ရွေးကောက်ပွဲ ရလဒ်တွေ အရတော့ ကောင်စီဝင်နေရာ ၄၅၂ နေရာမှာ ဒီမိုကရေစီရေး လိုလားတဲ့ဘက်က နေရာ ၃၈၀ ကျော် နိုင်ပြီး တရုတ် အစိုးရ လိုလားတဲ့ ဘက်က နေရာ ၅၈ နေရာဘဲ ရတယ်လို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဟောင်ကောင် ကနေ တရုတ် ပြည်မကြီးထံကို တရားခံ လွှဲပြောင်းရေး ဥပေဒေကြမ်း အပေါ် မကျေနပ်မှုက စပြီး ဒီမိုကရေစီ တိုးတက် ရရှိရေး အထိ ကျယ်ပြန့်ခဲ့တဲ့ လနဲ့ချီ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေ အတွင်း ကျင်းပတဲ့ ဟောင်ကောင် ဒိစတြိတ် ကောင်စီ ရွေးကောက်ပွဲကနေ ထွက်လာတဲ့ ရလဒ်တွေဟာဆိုရင် တရုတ် အစိုးရ ထောက်ခံထားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam ကို အယုံအကြည် မရှိဘူးဆိုတာကို ပြသနေတာလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။

ဒါပေမယ့်လည်း တရုတ် အစိုးရပိုင် Global Times သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာတော့ ရွေးကောက်ပွဲ ရလဒ်ကို မျှမျှတတ အဓိပ္ပါယ် ကောက်ယူဖို့ အရေးကြီးတယ်၊ ဒီရွေးကောက်ပွဲ ရလဒ်တွေ အပေါ် လွဲမှား ကောက်ယူပြီး ဆူပူလိုတဲ့ လူအုပ်ကို ရဲဆေးတင်ပေးသလို မဖြစ်သင့်ဘူးလို့ ရေးပါတယ်။ ဟောင်ကောင် ရွေးကောက်ပွဲမှာ မဲပေးသူ ၃ သန်းမှာ ဒီမိုကရေစီ လိုလားသူတွေဘက်က ထောက်ခံမဲ့ ၁ ဒသမ ၆၆ သန်း ရပြီး တရုတ် လိုလားတဲ့ အစဉ်အလာ အနိုင်ရနေတဲ့ ဘက်က ထောက်ခံမဲ ၁ ဒသမ ၂၂ သန်း ရရှိတာကို ထောက်ပြပြီး မဲ ရလဒ် ကွာခြားမှုဟာဆိုရင် မျှော်လင့်ထားတာထက် တောင်မှ နည်းနေတယ်လို့လည်း Global Times က ထောက်ပြပါတယ်။

ဟောင်ကောင်က ဒီလပိုင်း နိုင်ငံရေး မငြိမ်သက်မှုတွေမှာ ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆင်ခြင်တုံတရား ကင်းမဲ့စေပြီး တရုတ် အစိုးရ လိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေ အပေါ်မှာလည်း ဖိအားတွေ ဖြစ်စေတယ်လို့ ရေးပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေ ကလည်း ဟောင်ကောင်ရဲ့ ဆန္ဒပြပွဲတွေကို မီးထိုးပေးတယ်လို့လည်း စွပ်စွဲပါတယ်။ ဒါပေမယ့် ဟောင်ကောင်မှာ ဘာတွေ ဖြစ်ပါစေ တနိုင်ငံ စနစ် ၂ မျိုး ဆိုတဲ့ အခြေခံ မူဘောင်ကိုတော့ ထိခိုက်မှု မရှိနိုင်ဘူးလို့ Global Times က ကောက်ချက် ချပါတယ်။ တရုတ် အစိုးရ လိုလားတဲ့ Ta Kung Pao သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်ကလည်း အလားတူ ရေးသားပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကတော့ ဟောင်ကောင် အရေးနဲ့ ပတ်သက်ပြီး သတိပေးပါတယ်။

“ဟောင်ကောင်ကျွန်းမှာ ဘာတွေဘဲ ဖြစ်ဖြစ် အရှင်းလင်းဆုံး အချက်ကတော့ ဟောင်ကောင်ဟာ တရုတ်ရဲ့ ပိုင်နက် ဖြစ်တယ်၊ တရုတ်ရဲ့ အထူး အုပ်ချုပ်ရေး ဒေသ တခု ဖြစ်တယ်။ ဟောင်ကောင်ကို ဖျက်စီးဖို့ ဒါမှမဟုတ်လည်း ဟောင်ကောင်ရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ထိခိုက်အောင် ကြံစည်မှုတွေ အောင်မြင်မှာ မဟုတ်ပါဘူး။”

ဒီ သတင်းစာတွေက အယ်ဒီတာ့ အာဘော်တွေ အပေါ် တရုတ် ပြည်တွင်းမှာ အသုံးများတဲ့ Weibo လူမှုကွန်ရက်မှာ ရာနဲ့ချီပြီး မှတ်ချက်ပေး ရေးသားကြပါတယ်။ ဒါပေမယ့် စာဖတ်သူတွေရဲ့ မှတ်ချက်တွေကိုတော့ ဆင်ဆာ တည်းဖြတ်တဲ့ အနေအထားမျိုး ရှိပြီး ဒီ အယ်ဒီတာ့ အာဘော်တွေ အောက်က မှတ်ချက် Comment ပေးတဲ့ နေရာမှာတော့ လောလောဆယ် ဖတ်ရှုလို့ မရနိုင်တဲ့ အတွက် တောင်းပန်တယ်ဆိုတဲ့ စာကြောင်းကိုဘဲ တွေ့ရပါတယ်။

အစိုးရက ဆင်ဆာ တည်းဖြတ်ထားပေမယ်လို့လည်း ဟောင်ကောင် ရွေးကောက်ပွဲ ရလဒ် အပေါ် Weibo လူမှုကွန်ရက်မှာ တရုတ် ပြည်သူ တချို့ရေးထားတဲ့ မှတ်ချက်တွေကိုတော့ တွေ့နေရပါတယ်။ Weibo သုံးသူ တဦး ရေးထားတာမှာတော့ တနိုင်ငံ စနစ်နှစ်မျိုးက ဆက်ပြီး အောင်မြင်နေတယ် ဆိုပေမယ့် စနစ် ၂ မျိုးက အလုပ်ဖြစ်နေတယ်၊ ဒါပေမယ့် တနိုင်ငံတည်းဆိုတာကတော့ လုံး၀ ကျဆုံးနေပြီလို့ ရေးသားထားပါတယ်။

Weibo သုံးစွဲသူ နောက်တဦး ရေးထားတာကတော့ ဟောင်ကောင်ဟာ ထိုဝမ် လိုမျိုး ဖြစ်လာနေပြီလို့ ရေးပါတယ်။ ဟောင်ကောင် ပြည်သူ အများစုက တရုတ် အစိုးရကို မလိုလားဘူး။ ဟောင်ကောင် ပြည်သူ အများစုက အကြမ်းဖက်မှုကို မကြိုက်ဘူး၊ တရုတ်ကိုတော့ ပိုလို့တောင် မကြိုက်ဘူး။ တရုတ် အစိုးရ အနေနဲ့ နားလည်သင့်ပြီလို့ ရေးထားပါတယ်။

တရုတ်ပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဟောင်ကောင် မဟာမိတ် အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ Richard Tsoi ကတော့ တရုတ် အစိုးရ အနေနဲ့ အခြေအနေမှန်ကို လက်ခံသင့်ပြီလို့ ပြောပါတယ်။

“ဟောင်ကောင်ပြည်သူတွေရဲ့ သဘောဆန္ဒကို တရုတ် အစိုးရဘက်က နားလည်မှု လွဲနေဆဲ ဖြစ်ပါတယ်။ ဟောင်ကောင် ပြည်သူတွေက အစိုးရရဲ့ စွမ်းဆောင်ရည် အပေါ် သိပ်ပြီး စိတ်ပျက်နေကြပါတယ်။ အခြေခံ အားဖြင့်တော့ တနိုင်ငံ စနစ် ၂ မျိုး ချမှတ်ကျင့်သုံးမှုနဲ့ လှည့်စားပြီး ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အ၀ ဆက်လက် ထားရှိပါမယ်ဆိုတဲ့ ကတိကဝတ် ပျက်ကွက်မှု ဖြစ်ပါတယ်။”

အခု ဟောင်ကောင်ရဲ့ ဒိစတြိတ် ကောင်စီ ရွေးကောက်ပွဲ ရလဒ်ကြောင့် ဒီမိုကရေစီလိုလားသူတွေဘက်က အစွန်းရောက် လမ်းပေါ်က နိုင်ငံရေး အဆုံးသတ်သွားစေမယ်လို့ မျှော်လင့်ကြောင်း၊ ဒီရွေးကောက်ပွဲဟာဆိုရင် ဆူပူ အကြမ်းဖက်မှုတွေကို အဆုံးသတ်သွားစေမယ့် အပြောင်းအလဲ တခု ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း တရုတ် အစိုးရ အာဘော် Global Times သတင်းစာ အယ်ဒီတာချုပ် Hu Xijing က တွစ်တာ လူမှုကွန်ရက်မှာ သတိထားပြီး တုံ့ပြန် ရေးသားထားပါတယ်။

XS
SM
MD
LG