သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ေ႐ြးေကာက္ပြဲ ဒီမိုလိုလားသူေတြ အျပတ္အသတ္ႏိုင္


(Zawgyi/Unicode)

ေဟာင္ေကာင္မွာ က်င္းပခဲ့တဲ့ ေဒသႏၱရေ႐ြးေကာက္ပြဲေတြမွာ ဒီမိုကေရစီလုိလားသူ အတိုက္အခံ ကိုယ္စားလွယ္ေတြ ၉၀ ရာခိုင္ႏႈန္း အႏိုင္ရခဲ့ၾကပါတယ္။ ခ႐ိုင္ေကာင္စီ ၁၈ ေနရာေ႐ြးေကာက္တာမွာ ၁၇ ေနရာက တ႐ုတ္ျပည္မႀကီး အစိုးရကို မလိုလားသူေတြ အႏုိင္ရခဲ့ၾကတာျဖစ္ပါတယ္။

ေဟာင္ေကာင္ျပည္သူေတြက သူတုိ႔ဆႏၵကို ႐ွင္း႐ွင္းလင္းလင္း ျပသလိုက္တာျဖစ္တယ္လို႔ ဒီမိုကေရစီေရး လႈပ္႐ွားမႈေခါင္းေဆာင္ Joshua Wong က ေျပာၾကားခဲ့ပါတယ္။ ျပည္သူေတြရဲ႕သေဘာထားကို အစိုးရအေနနဲ႔ သေဘာထားအျမင္က်ယ္က်ယ္နဲ႔ နားေထာင္သြားမယ္လုိ႔ အစိုးရအႀကီးအကဲ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam ကေျပာၾကားခဲ့ပါတယ္။

တ႐ုတ္အစိုးရေျပာခြင့္ရသူကေတာ့ တ႐ုတ္ရဲ႕ တႏိုင္ငံစနစ္ ၂ ခု မူကို ဆက္လက္က်င့္သံုးမယ့္ တခ်ိန္ထဲမွာ အခ်ဳပ္အျခာ၊ လံုၿခံဳေရးနဲ႔ ဖံြ႔ၿဖိဳးတိုးတက္ေရးေတြကို တ႐ုတ္အစုိးရက ကာကြယ္ေဆာင္႐ြက္သြားမယ့္အေၾကာင္းနဲ႔ ေဟာင္ေကာင္ဟာ တ႐ုတ္ပိုင္ျဖစ္တာေၾကာင့္ ေဟာင္ေကာင္အေရးဟာ တ႐ုတ္ျပည္တြင္းေရးျဖစ္ေၾကာင္း ဒီကေန႔ ေျပာၾကားသြားပါတယ္။

ေဟာင္ေကာင္ဆႏၵျပသူေတြကုိ ဥပေဒနဲ႔ ကိုင္တြယ္ေနတဲ့ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးအဖဲြ႔နဲ႔ ရဲတပ္ဖဲြ႔အေပၚ တ႐ုတ္အစိုးရက ေထာက္ခံတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ တနဂၤေႏြေန႔က ေ႐ြးေကာက္ပြဲမွာ ေမွ်ာ္လင့္ထားတာထက္ကို ေက်ာ္လြန္ၿပီး ဒီမိုကေရစီလိုလားသူေတြဘက္က အႏုိင္ရခဲ့တာ ျဖစ္ပါတယ္။

ခ႐ိုင္ေကာင္စီဝင္ေတြအေနနဲ႔ စည္ပင္သာယာလုိ ေဒသႏၱရဆိုင္ရာကိစၥေတြကို ကိုင္တြယ္ရတာေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းအေပၚ လႊမ္းမိုးမႈ သိသိသာသာ မ႐ွိႏိုင္ပါဘူး။ ဒါေပမဲ့ အုပ္ခ်ဳပ္ေရးေကာင္စီကို ျပည္သူေတြ တိုက္႐ိုက္ေ႐ြးခ်ယ္ခြင့္မ႐ွိတဲ့ ေဟာင္ေကာင္မွာ ျပည္သူေတြက တိုက္႐ုိက္ေ႐ြးခ်ယ္ႏိုင္တဲ့ ခ႐ိုင္ေကာင္စီဝင္ေတြကို ျပတ္ျပတ္သားသားေ႐ြးခ်ယ္ခဲ့ၾကတာ ျဖစ္ပါတယ္။

တ႐ုတ္အစိုးရလက္ေအာက္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရထားတဲ့ ေဟာင္ေကာင္ႏိုင္ငံေရးမွာ တ႐ုတ္အစိုးရရဲ႕ ၾသဇာပိုပိုၿပီး လႊမ္းမိုးလာေနတယ္လို႔ ျပည္သူေတြကေျပာၿပီး ဆႏၵျပေနၾကတာ ဇြန္ လထဲကျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဟောင်ကောင်ရွေးကောက်ပွဲ ဒီမိုလိုလားသူတွေ အပြတ်အသတ်နိုင်

ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီလိုလားသူ အတိုက်အခံကိုယ်စားလှယ်တွေ ၉၀ ရာခိုင်နှုန်း အနိုင်ရခဲ့ကြပါတယ်။ ခရိုင်ကောင်စီ ၁၈ နေရာရွေးကောက်တာမှာ ၁၇ နေရာက တရုတ်ပြည်မကြီးအစိုးရကို မလိုလားသူတွေ အနိုင်ရခဲ့ကြတာဖြစ်ပါတယ်။

ဟောင်ကောင်ပြည်သူတွေက သူတို့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်တယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် Joshua Wong က ပြောကြားခဲ့ပါတယ်။ ပြည်သူတွေရဲ့သဘောထားကို အစိုးရအနေနဲ့ သဘောထားအမြင်ကျယ်ကျယ်နဲ့ နားထောင်သွားမယ်လို့ အစိုးရအကြီးအကဲ အုပ်ချုပ်ရေးမှူး Carrie Lam ကပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရပြောခွင့်ရသူကတော့ တရုတ်ရဲ့ တနိုင်ငံစနစ် ၂ ခု မူကို ဆက်လက်ကျင့်သုံးမယ့် တချိန်ထဲမှာ အချုပ်အခြာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို တရုတ်အစိုးရက ကာကွယ်ဆောင်ရွက်သွားမယ့်အကြောင်းနဲ့ ဟောင်ကောင်ဟာ တရုတ်ပိုင်ဖြစ်တာကြောင့် ဟောင်ကောင်အရေးဟာ တရုတ်ပြည်တွင်းရေးဖြစ်ကြောင်း ဒီကနေ့ ပြောကြားသွားပါတယ်။

ဟောင်ကောင်ဆန္ဒပြသူတွေကို ဥပဒေနဲ့ ကိုင်တွယ်နေတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့အပေါ် တရုတ်အစိုးရက ထောက်ခံတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ မျှော်လင့်ထားတာထက်ကို ကျော်လွန်ပြီး ဒီမိုကရေစီလိုလားသူတွေဘက်က အနိုင်ရခဲ့တာဖြစ်ပါတယ်။

ခရိုင်ကောင်စီဝင်တွေအနေနဲ့ စည်ပင်သာယာလို ဒေသန္တရဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ရတာကြောင့် အုပ်ချုပ်ရေးပိုင်းအပေါ် လွှမ်းမိုးမှု သိသိသာသာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ အုပ်ချုပ်ရေးကောင်စီကို ပြည်သူတွေ တိုက်ရိုက်ရွေးချယ်ခွင့်မရှိတဲ့ ဟောင်ကောင်မှာ ပြည်သူတွေက တိုက်ရိုက်ရွေးချယ်နိုင်တဲ့ ခရိုင်ကောင်စီဝင်တွေကို ပြတ်ပြတ်သားသားရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်အစိုးရလက်အောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဟောင်ကောင်နိုင်ငံရေးမှာ တရုတ်အစိုးရရဲ့ သြဇာပိုပိုပြီး လွှမ်းမိုးလာနေတယ်လို့ ပြည်သူတွေကပြောပြီး ဆန္ဒပြနေကြတာ ဇွန် လထဲကဖြစ်ပါတယ်။

XS
SM
MD
LG