သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ေရြးေကာက္ပြဲ မဲေပးသူ စံခ်ိန္တင္မ်ားျပား


ေဟာင္ေကာင္ ခ႐ုိင္ေကာင္စီ ေရြးေကာက္ပြဲတြင္ မဲေပးရန္ တန္းစီေစာင့္ဆုိင္းေနသည့္ ေဒသခံမ်ား။ (ႏုိဝင္ဘာ ၂၄၊ ၂၀၁၉)

(Zawgyi / Unicode)

ေဟာင္ေကာင္မွာေတာ့ ေဒသႏၲရ ေရြးေကာက္ပြဲေတြကို ဒီကေန႔မွာ က်င္းပခဲ့ၿပီး ေဟာင္ေကာင္ျပည္သူေတြ စံခ်ိန္တင္ေလာက္ေအာင္ မဲေပးခဲ့ၾကပါတယ္။

ေဟာင္ေကာင္ေဒသခံေတြဟာ မဲေပးဖို႔အတြက္ မဲ႐ုံေတြအျပင္မွာ အရွည္ႀကီး တန္းစီခဲ့ၾကၿပီး မဲေပးတဲ့သူ မ်ားတာေၾကာင့္ အေတာ္မ်ားမ်ားဟာ မဲေပးဖို႔အတြက္ ၁ နာရီေလာက္ ေစာင့္ခဲ့ရပါတယ္။

ဒီ ခ႐ိုင္ေကာင္စီ ေရြးေကာက္ပြဲေတြမွာ ေဟာင္ေကာင္ျပည္သူေတြကေန ေရြးခ်ယ္တင္ေျမႇာက္လိုက္တဲ့သူေတြ အေနနဲ႔ ဥပေဒျပဳႏုိင္တဲ့ အခြင့္အာဏာေတာ့ ရမွာမဟုတ္ေပမယ့္လည္း ဒီေရြးေကာက္ပြဲဟာ ၿပီးခဲ့တဲ့ဇြန္လက ေဟာင္ေကာင္မွာ အစိုးရကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ ျဖစ္ခ်ိန္ကစၿပီး ေဟာင္ေကာင္ျပည္သူေတြ အေနနဲ႔ ပထမဆုံးအႀကိမ္ မဲေပးရတာ ျဖစ္ပါတယ္။

ဒီေရြးေကာက္ပြဲမွာ မဲေပးဖို႔အတြက္ စာရင္းေပးၿပီး မွတ္ပုံတင္ထားသူဟာ ၄.၁ သန္းနဲ႔ အမ်ားဆုံး စံခ်ိန္တင္ထားၿပီး မဲေပးမယ့္သူ အေရအတြက္ဟာလည္း စံခ်ိန္တင္ဖို႔ ရွိပါတယ္။

ေဟာင္ေကာင္အစိုးရရဲ႕ တရားဝင္စာရင္းအရေတာ့ မဲေပးတဲ့သူေတြ မ်ားလြန္းတာေၾကာင့္ ဒီကေန႔ ေန႔လယ္ပုိင္းမွာကတည္းက မဲေပးသူအေရအတြက္ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခ႐ိုင္ေရြးေကာက္ပြဲမွာ မဲေပးတဲ့ အေရအတြက္ထက္ ပိုမ်ားသြားခဲ့ပါတယ္။

ညေန ၃ နာရီခြဲမွာေတာ့ မဲေပးတဲ့သူ အေရအတြက္ဟာ ၂ သန္းေလာက္အထိ မဲေပးၿပီး ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီေရြးေကာက္ပြဲမွာ မဲေပးတဲ့သူတေယာက္ကေတာ့ ဒီေရြးေကာက္ပြဲဟာ ဆႏၵျပပြဲေတြ ဆက္လုပ္ေနတာအျဖစ္နဲ႔ ႐ႈျမင္ေၾကာင္း၊ လူအေတာ္မ်ားမ်ားက အေျပာင္းအလဲေတြ လိုခ်င္ေနၾကၿပီး ဒီေရြးေကာက္ပြဲဟာ အေရးႀကီးတယ္လို႔ ေျပာပါတယ္။

--------------------------------

(Unicode)

ဟောင်ကောင်ရွေးကောက်ပွဲ မဲပေးသူ စံချိန်တင်များပြား

ဟောင်ကောင်မှာတော့ ဒေသန္တရ ရွေးကောက်ပွဲတွေကို ဒီကနေ့မှာ ကျင်းပခဲ့ပြီး ဟောင်ကောင်ပြည်သူတွေ စံချိန်တင်လောက်အောင် မဲပေးခဲ့ကြပါတယ်။

ဟောင်ကောင်ဒေသခံတွေဟာ မဲပေးဖို့အတွက် မဲရုံတွေအပြင်မှာ အရှည်ကြီး တန်းစီခဲ့ကြပြီး မဲပေးတဲ့သူ များတာကြောင့် အတော်များများဟာ မဲပေးဖို့အတွက် ၁ နာရီလောက် စောင့်ခဲ့ရပါတယ်။

ဒီ ခရိုင်ကောင်စီ ရွေးကောက်ပွဲတွေမှာ ဟောင်ကောင်ပြည်သူတွေကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့သူတွေ အနေနဲ့ ဥပဒေပြုနိုင်တဲ့ အခွင့်အာဏာတော့ ရမှာမဟုတ်ပေမယ့်လည်း ဒီရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ဇွန်လက ဟောင်ကောင်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ချိန်ကစပြီး ဟောင်ကောင်ပြည်သူတွေ အနေနဲ့ ပထမဆုံးအကြိမ် မဲပေးရတာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် စာရင်းပေးပြီး မှတ်ပုံတင်ထားသူဟာ ၄.၁ သန်းနဲ့ အများဆုံး စံချိန်တင်ထားပြီး မဲပေးမယ့်သူ အရေအတွက်ဟာလည်း စံချိန်တင်ဖို့ ရှိပါတယ်။

ဟောင်ကောင်အစိုးရရဲ့ တရားဝင်စာရင်းအရတော့ မဲပေးတဲ့သူတွေ များလွန်းတာကြောင့် ဒီကနေ့ နေ့လယ်ပိုင်းမှာကတည်းက မဲပေးသူအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခရိုင်ရွေးကောက်ပွဲမှာ မဲပေးတဲ့ အရေအတွက်ထက် ပိုများသွားခဲ့ပါတယ်။

ညနေ ၃ နာရီခွဲမှာတော့ မဲပေးတဲ့သူ အရေအတွက်ဟာ ၂ သန်းလောက်အထိ မဲပေးပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ မဲပေးတဲ့သူတယောက်ကတော့ ဒီရွေးကောက်ပွဲဟာ ဆန္ဒပြပွဲတွေ ဆက်လုပ်နေတာအဖြစ်နဲ့ ရှုမြင်ကြောင်း၊ လူအတော်များများက အပြောင်းအလဲတွေ လိုချင်နေကြပြီး ဒီရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG