သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြဲျပားမႈေတြၾကားကပဲ NATO ထိပ္သီးဆက္လုပ္


(Zawgyi/Unicode)

🔳 ကြဲျပားမႈေတြၾကားကပဲ NATO ထိပ္သီးဆက္လုပ္
ဗြီအိုေအ (ျမန္မာပုိင္း)
(Zawgyi/Unicode)

ေျမာက္အတၱလန္တိတ္စာခ်ဳပ္ ေနတုိးအဖြဲ႔၀င္ ႏုိင္ငံေတြက ေခါင္းေဆာင္ေတြဟာ လန္ဒန္ၿမိဳ႕အျပင္က အပန္းေျဖစခန္းတခုမွာ ဒီကေန႔ ေတြ႔ဆုံၿပီး အၾကမ္းမႈတုိက္ဖ်က္ေရး၊ တူရကီအေရးနဲ႔ ေနတုိးအဖြဲ႔အတြင္း အေမရိကန္က ေငြေၾကးအမ်ားအျပား စုိက္ထည့္ေပးေနရတဲ့ သေဘာထားကြဲျပားေနတဲ့ ကိစၥရပ္ေတြမွာ ညီညြတ္ေၾကာင္း ျပသဖုိ႔ ေဆြးေႏြးေနၾကပါတယ္။

၃ နာရီၾကာမယ့္ ေဆြးေႏြးပြဲမစခင္ အေမရိကန္သမၼတ Donald Trump အပါအ၀င္ ေခါင္းေဆာင္ ၂၉ ဦးဟာ လုပ္ရုိးလုပ္စဥ္အတုိင္း အုပ္စုလုိက္ ဓါတ္ပုံရုိက္ခဲ့ၾကပါတယ္။ ရုရွားႏုိင္ငံရဲ႕ စိန္ေခၚမႈ၊ တရုတ္ႏုိင္ငံရဲ႕ အင္အားႀကီးထြားလာမႈ စတဲ့ကိစၥရပ္ေတြပါ၀င္တဲ့ ေၾကညာခ်က္တခု ေခါင္းေဆာင္ေတြရဲ႕ ေဆြးေႏြးပြဲအၿပီးမွာ ထုတ္ျပန္ဖုိ႔ ရွိပါတယ္။

ဒီေန႔က်င္းပတဲ့ ေဆြးေႏြးပြဲရဲ႕ ျပင္ပမွာ သမၼတ Trump ဟာ တူရကီသမၼတ Recep Tayyip Erdogan နဲ႔ သီးျခားေတြ႔ဆုံခဲ့ပါတယ္။ ေတြ႔ဆုံမႈအတြင္း ေနတုိးအဖြဲ႔အတြက္ တူရကီဘက္က ထည့္သြင္း ပါ၀င္ရမယ့္ကိစၥေတြ ျပည့္မွီေအာင္ လုပ္ေဆာင္ေရး၊ ႏွစ္ႏုိင္ငံ ကုန္သြယ္ေရးမွာ ေဒၚလာ ဘီလီယံ ၁၀၀ အထိ ေရာက္လာေအာင္ လုပ္ေဆာင္ေရး၊ ေဒသတြင္း လုံၿခံဳေရးဆုိင္ရာ စိတ္ေခၚမႈေတြနဲ႔ ေလာင္စာဆီ လုံၿခံဳမႈ ရွိေရးတုိ႔ကုိ ေဆြးေႏြးခဲ့ေၾကာင္း သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။

အဂၤါေန႔တုန္းကေတာ့ ေနတုိးအဖြဲ႔တည္ေထာင္ျခင္း ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ေခါင္းေဆာင္ေတြ အလြတ္သေဘာ ေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကေပမယ့္ သမၼတ Donald Trump နဲ႔ ျပင္သစ္သမၼတ Emmanuel Macron တုိ႔အၾကား အမ်ားျမင္ကြင္းမွာ ေပၚေပၚတင္တင္ သေဘာထား ကြဲျပားခဲ့ၾကတဲ့ကိစၥက လြမ္းမုိးခဲ့ပါတယ္။

မိနစ္ ၄၀ ေလာက္ၾကာတဲ့ အဲဒီ ေတြ႔ဆုံမႈအတြင္း ေခါင္းေဆာင္ ၂ ဦးအၾကား ေနတုိးအဖြဲ႔အတြက္ ဦးေဆာင္မႈအခန္းက႑၊ အၾကမ္းဖက္မႈ၊ တူရကီက ဆီးရီးယားႏုိင္ငံေျမာက္ပုိင္းကုိ ၀င္ေရာက္ သိမ္းပုိက္တဲ့ကိစၥ၊ ရုရွားနဲ႔ခ်ဳပ္ဆုိထားတဲ့ ႏ်ဴကလီးယား သေဘာတူညီခ်က္ကေန အေမရိကန္က ႏုတ္ထြက္ခဲ့တဲ့ကိစၥေတြကုိ အေျခအတင္ ေဆြးေႏြးခဲ့ပါတယ္။

ကြဲျပားမႈေတြၾကားကပဲ NATO ထိပ္သီးဆက္လုပ္
please wait

No media source currently available

0:00 0:01:27 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကွဲပြားမှုတွေကြားကပဲ NATO ထိပ်သီးဆက်လုပ်

မြောက်အတ္တလန်တိတ်စာချုပ် နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေဟာ လန်ဒန်မြို့အပြင်က အပန်းဖြေစခန်းတခုမှာ ဒီကနေ့ တွေ့ဆုံပြီး အကြမ်းမှုတိုက်ဖျက်ရေး၊ တူရကီအရေးနဲ့ နေတိုးအဖွဲ့အတွင်း အမေရိကန်က ငွေကြေးအများအပြား စိုက်ထည့်ပေးနေရတဲ့ သဘောထားကွဲပြားနေတဲ့ ကိစ္စရပ်တွေမှာ ညီညွတ်ကြောင်း ပြသဖို့ ဆွေးနွေးနေကြပါတယ်။

၃ နာရီကြာမယ့် ဆွေးနွေးပွဲမစခင် အမေရိကန်သမ္မတ Donald Trump အပါအဝင် ခေါင်းဆောင် ၂၉ ဦးဟာ လုပ်ရိုးလုပ်စဉ်အတိုင်း အုပ်စုလိုက် ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။ ရုရှားနိုင်ငံရဲ့ စိန်ခေါ်မှု၊ တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှု စတဲ့ကိစ္စရပ်တွေပါဝင်တဲ့ ကြေညာချက်တခု ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်ဖို့ ရှိပါတယ်။

ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲရဲ့ ပြင်ပမှာ သမ္မတ Trump ဟာ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း နေတိုးအဖွဲ့အတွက် တူရကီဘက်က ထည့်သွင်း ပါဝင်ရမယ့်ကိစ္စတွေ ပြည့်မှီအောင် လုပ်ဆောင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရောက်လာအောင် လုပ်ဆောင်ရေး၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိတ်ခေါ်မှုတွေနဲ့ လောင်စာဆီ လုံခြုံမှု ရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

အင်္ဂါနေ့တုန်းကတော့ နေတိုးအဖွဲ့တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ခေါင်းဆောင်တွေ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမယ့် သမ္မတ Donald Trump နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့အကြား အများမြင်ကွင်းမှာ ပေါ်ပေါ်တင်တင် သဘောထား ကွဲပြားခဲ့ကြတဲ့ကိစ္စက လွမ်းမိုးခဲ့ပါတယ်။

မိနစ် ၄၀ လောက်ကြာတဲ့ အဲဒီ တွေ့ဆုံမှုအတွင်း ခေါင်းဆောင် ၂ ဦးအကြား နေတိုးအဖွဲ့အတွက် ဦးဆောင်မှုအခန်းကဏ္ဍ၊ အကြမ်းဖက်မှု၊ တူရကီက ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ဝင်ရောက် သိမ်းပိုက်တဲ့ကိစ္စ၊ ရုရှားနဲ့ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်ခဲ့တဲ့ကိစ္စတွေကို အခြေအတင် ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG