သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကို တရားစွဲရေးအတွက် လွှတ်တော်ကော်မီတီမှာ သဘောထားကွဲ


(Zawgyi/Unicode)

အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုရေးနဲ့ ပတ်သက်ပြီး အောက်လွှွတ်တော် တရားရေး ကော်မတီက ဒီမိုကရက်နဲ့ ရီပတ်ပလီကန် ခေါင်းဆောင်တွေကြား အကြီးအကျယ် ကွဲလွဲနေတဲ့ ရှုမြင်ချက်တွေကို တင်ပြနေကြပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေကို ချေမှုန်းရေး ယူကရိန်း အစိုးရဘက်က လိုလားနေတဲ့ ဒေါ်လာ ၃၉၁ သန်းဖိုး စစ်ရေး အထောက်အပံ့ကို ယာယီ ဆိုင်းငံ့ထားပြီး ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက် ပြိုက်ဘက် တဦး ဖြစ်တဲ့ ဒုတိယ သမ္မတဟောင်း Joe Biden ကို စုံစမ်းစစ်ဆေးပေးဖို့ ယူကရိန်းကို သမ္မတ Trump က တွန်းအားပေးခဲ့တာဟာဆိုရင် နိုင်ငံအရေးထက် သူ့အတွက် ဦးစားပေးတယ်လို့ အောက်လွှတ်တော် တရားရေး ကော်မတီ ဥက္ကဌ ဒီမိုကရက် အမတ် Jerrold Nadler က အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

သမ္မတ Trump ကို တရားစွဲဆိုရေးကို တွန်းအားပေးနေတဲ့ အောက်လွှတ်တော် တရားရေး ကော်မတီ ဥက္ကဌ ဒီမိုကရက် လွှတ်တော် အမတ် Nadler က သမ္မတ Trump ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတုန်းက သူ့ကို ကူညီဖို့ ရုရှားကို ဖိတ်ခေါ်ခဲ့ပြီး ၂၀၂၀ ခုနှစ် အတွက် ယူကရိန်းဆီက အကူအညီရဖို့ တောင်းဆိုခဲ့တာမှာတော့ သူ့လုပ်ရပ် ပေါ်ပေါ်တင်တင် ဖမ်းမိခဲ့တာလို့ ပြောပါတယ်။

နိုင်ငံအတွက် သူ့အနေနဲ့ အခြေခံ အကျဆုံး တာဝန်ယူ တာဝန်ခံရမယ့် အချက်ကို ချိုးဖောက်ခဲ့တာလို့လည်း သူက ပြောပါတယ်။ အောက်လွှတ်တော် တရားရေး ကော်မတီထဲက သမ္မတကို ထောက်ခံသူ ရီပတ်ပလီကန် လွှတ်တော် အမတ် Doug Collins ကတော့ မစ္စတာ Biden ကို စုံစမ်းပေးဖို့ သမ္မတ Trump က ယူကရိန်းကို ပန်ကြားခဲ့ပေမယ်လို့လည်း ယူကရိန်းဘက်က ဘာမှ မလုပ်ခဲ့သလို အထောက်အပံ့တွေလည်း ရသွားပြီ ဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတကို နောက်သက်တမ်း အနိုင်မရရေး အတွက် ပြီးခဲ့တဲ့ တနှစ်ကျော် ကတည်းက အောက်လွှတ်တော် ဒီမိုကရက်တွေက သမ္မတ Trump ကို တရားစွဲဆိုရေး လုပ်ဖို့ ကြိုးစားနေကြတာလို့လည်း လွှတ်တော် အမတ် Collins က စွပ်စွဲခဲ့ပါတယ်။

သမ္မတ Trump ကို တရားစွဲရေးအတွက် လွှတ်တော်ကော်မီတီမှာ သဘောထားကွဲ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်


........................

သမ်မတ Trump ကို တရားစှဲရေးအတှကျ လှှတျတောျကောျမီတီမှာ သဘောထားကှဲ

(Unicode)





XS
SM
MD
LG