သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္-တာလီဘန္ ေဆြးေႏြးပြဲ ျပန္စ


ကာတာႏုိင္ငံ ဒုိဟာၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ အေမရိကန္၊ တာလီဘန္ႏွင့္ ကာတာ တာဝန္ရွိသူမ်ား ေဆြးေႏြးပြဲျမင္ကြင္း။

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုနဲ႔ တာလီဘန္ေတြၾကား ၿငိမ္းခ်မ္းေရးဆုိင္ရာ ေစ့စပ္ညႇိႏိႈင္းပြဲေတြ စေနေန႔က ျပန္စပါတယ္။

တာလီဘန္ လက္နက္ကိုင္အဖြဲ႔နဲ႔ ႏုိင္ငံေရးအရ သေဘာတူညီခ်က္တခုရၿပီး အာဖဂန္နစၥတန္စစ္ပြဲကို အဆံုးသတ္ဖို႔ ရည္ရြယ္တဲ့ တႏွစ္ၾကာ ေစ့စပ္ညႇိႏိႈင္းပြဲကို သမၼတ Donald Trump က ႐ုတ္တရက္ ရပ္ပစ္လိုက္အၿပီး သံုးလအၾကာမွာ ေဆြးေႏြးပြဲ ျပန္စတာပါ။

ကာတာႏုိင္ငံ၊ ဒိုဟာၿမိဳ႕မွာ က်င္းပတဲ့ ေဆြးေႏြးပြဲကို အာဖဂန္ဖြား အေမရိကန္ အထူးေစ့စပ္ညႇိႏိႈင္းေရး ကိုယ္စားလွယ္ Zalmay Khalilzad က ဦးေဆာင္တယ္လုိ႔ အေမရိကန္ သတင္းရင္းျမစ္တခုက ဗီြအိုေအကို ေျပာပါတယ္။ တာလီဘန္အဖြဲ႔ရဲ႕ ေစ့စပ္ညႇိႏိႈင္းသူေတြက ဒိုဟာၿမိဳ႕မွာ အေျခစိုက္တာပါ။

“ဒိုဟာမွာ ဒီကေန႔လုပ္တဲ့ ေဆြးေႏြးပြဲေတြကို အေမရိကန္ ျပန္တက္ပါတယ္။ ေဆြးေႏြးပြဲရဲ႕ အဓိကဦးတည္ခ်က္က တိုက္ပြဲေတြ ေလွ်ာ့ခ်ၿပီး အဲဒီကေနတဆင့္ အာဖဂန္ျပည္တြင္း ေစ့စပ္ညႇိႏိႈင္းပြဲေတြ ျဖစ္လာၿပီးေတာ့ အပစ္အခတ္ရပ္စဲဖို႔ ျဖစ္တယ္လုိ႔ အေမရိကန္ သတင္းရင္းျမစ္က ေျပာပါတယ္။

ေဆြးေႏြးပြဲေတြကို တနဂၤေႏြေန႔မွာ ဆက္လုပ္မယ္လို႔ အစည္းအေဝးၿပီးတဲ့ေနာက္ တာလီဘန္ေျပာခြင့္ရတဦးက တြစ္တာမွာ ေရးပါတယ္။

“ေဆြးေႏြးပြဲေတြကို ရပ္ထားတဲ့ ေနရာကေန ျပန္စပါတယ္၊ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးဖို႔နဲ႔ ဆက္စပ္တဲ့ ကိစၥရပ္ေတြကို က်ေနာ္တို႔ ေဆြးေႏြးၾကပါတယ္” လို႔ တာလီဘန္ေျပာခြင့္ရ Suhail Shaheen ကေျပာၿပီး တျခားအေသးစိတ္ေတြကိုေတာ့ မေျပာပါဘူး။

--------------------------------

(Unicode)

အမေရိကန်-တာလီဘန် ဆွေးနွေးပွဲ ပြန်စ

အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းပွဲတွေ စနေနေ့က ပြန်စပါတယ်။

တာလီဘန် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးအရ သဘောတူညီချက်တခုရပြီး အာဖဂန်နစ္စတန်စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ တနှစ်ကြာ စေ့စပ်ညှိနှိုင်းပွဲကို သမ္မတ Donald Trump က ရုတ်တရက် ရပ်ပစ်လိုက်အပြီး သုံးလအကြာမှာ ဆွေးနွေးပွဲ ပြန်စတာပါ။

ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို အာဖဂန်ဖွား အမေရိကန် အထူးစေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ် Zalmay Khalilzad က ဦးဆောင်တယ်လို့ အမေရိကန် သတင်းရင်းမြစ်တခုက ဗွီအိုအေကို ပြောပါတယ်။ တာလီဘန်အဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းသူတွေက ဒိုဟာမြို့မှာ အခြေစိုက်တာပါ။

“ဒိုဟာမှာ ဒီကနေ့လုပ်တဲ့ ဆွေးနွေးပွဲတွေကို အမေရိကန် ပြန်တက်ပါတယ်။ ဆွေးနွေးပွဲရဲ့ အဓိကဦးတည်ချက်က တိုက်ပွဲတွေ လျှော့ချပြီး အဲဒီကနေတဆင့် အာဖဂန်ပြည်တွင်း စေ့စပ်ညှိနှိုင်းပွဲတွေ ဖြစ်လာပြီးတော့ အပစ်အခတ်ရပ်စဲဖို့ ဖြစ်တယ်လို့ အမေရိကန် သတင်းရင်းမြစ်က ပြောပါတယ်။

ဆွေးနွေးပွဲတွေကို တနင်္ဂနွေနေ့မှာ ဆက်လုပ်မယ်လို့ အစည်းအဝေးပြီးတဲ့နောက် တာလီဘန်ပြောခွင့်ရတဦးက တွစ်တာမှာ ရေးပါတယ်။

“ဆွေးနွေးပွဲတွေကို ရပ်ထားတဲ့ နေရာကနေ ပြန်စပါတယ်၊ သဘောတူညီချက် လက်မှတ်ရေးထိုးဖို့နဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်” လို့ တာလီဘန်ပြောခွင့်ရ Suhail Shaheen ကပြောပြီး တခြားအသေးစိတ်တွေကိုတော့ မပြောပါဘူး။

အေမရိကန္-တာလီဘန္ ေဆြးေႏြးပြဲ ျပန္စ
please wait

No media source currently available

0:00 0:00:57 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG