သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကုိရီးယားရဲ႕ ရန္လုိတဲ့လုပ္ရပ္အတြက္ သမၼတ Trump သတိေပး


အေမရိကန္သမၼတ Donald Trump. (ႏုိဝင္ဘာ ၂၀၊ ၂၀၁၉)

(Zawgyi / Unicode)

ေျမာက္ကိုရီးယားရဲ႕ ရန္လိုတဲ့ စစ္ေရးလုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ကို အေမရိကန္သမၼတ Donald Trump က တနဂၤေႏြေန႔က သတိေပးလိုက္ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ၿဂိဳဟ္တုလႊတ္တင္ေရး စခန္းတခုကေန သိပ္ကို အေရးႀကီးတဲ့ စမ္းသပ္မႈတခု လုပ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယား အစိုးရဘက္က ေၾကညာခဲ့ၿပီး ေနာက္မွာ သမၼတ Trump ရဲ႕ သတိေပးခ်က္ ထြက္ေပၚလာတာပါ။

Kim Jong Un ဟာ သိပ္ၿပီး ေတာ္ေၾကာင္း၊ ဒါေပမယ့္ ရန္လိုတဲ့နည္းလမ္းနဲ႔ ေဆာင္ရြက္မယ္ဆိုရင္ေတာ့ ဆံုး႐ႈံးႏုိင္တဲ့ အေျခအေနရွိတယ္လို႔ သမၼတ Trump က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ့တာပါ။

Kim Jong Un က ႏ်ဴကလီးယား ကင္းစင္ေရး ခိုင္မာတဲ့ သေဘာတူညီခ်က္တခုကို စင္ကာပူမွာ သူနဲ႔ လက္မွတ္ေရးထိုးခဲ့တာလို႔လည္း အေမရိကန္ေခါင္းေဆာင္က ေျပာပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ အေနနဲ႔ အေမရိကန္သမၼတနဲ႔ အထူးဆက္ဆံေရးကို မပယ္ရွားလိုေၾကာင္း ဒါမွမဟုတ္လည္း ႏုိ၀င္ဘာမွာလုပ္မယ့္ အေမရိကန္သမၼတ ေရြးေကာက္ပြဲကိုလည္း ၾကား၀င္ စြက္ဖက္လိုျခင္း မရွိဘူးလို႔လည္း သမၼတ Trump က ေျပာပါတယ္။

ေခါင္းေဆာင္ Kim Jong Un ရဲ႕ ေခါင္းေဆာင္မႈေအာက္မွာ ေျမာက္ကိုရီးယားႏုိင္ငံက စီးပြားေရး အလားအလာေတြ သိပ္ၿပီး ေကာင္းေၾကာင္း၊ ဒါေပမယ့္ ကတိေပးထားတဲ့ အတိုင္း ႏ်ဴကလီးယား ကင္းစင္ေရး လုပ္မွသာ ျဖစ္လာမယ္လို႔လည္း သမၼတ Trump က ေျပာပါတယ္။

ေျမာက္ကိုရီးယား ႏ်ဴကလီးယားကင္းစင္ေရး ကိစၥအတြက္ NATO၊ တ႐ုတ္၊ ႐ုရွား၊ ဂ်ပန္နဲ႔ တကမၻာလံုးက တညီတညြတ္တည္း ရွိေနတယ္လို႔လည္း သမၼတ Trump က တြစ္တာမွာ ေရးသားခဲ့တာပါ။

ေျမာက္ကိုရီးယား Sohae ၿဂိဳဟ္တုလႊတ္တင္ေရးစခန္းကေန စေနေန႔မွာ အလြန္အေရးႀကီးတဲ့ စမ္းသပ္ပစ္လႊတ္မႈတခု ျပဳလုပ္ခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းဌာနက ေၾကညာခဲ့ၿပီးေနာက္ အေမရိကန္သမၼတက အခုလို ေျပာဆိုတာလည္း ျဖစ္ပါတယ္။

--------------------------------

(Unicode)

မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့လုပ်ရပ်အတွက် သမ္မတ Trump သတိပေး

မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုလွှတ်တင်ရေး စခန်းတခုကနေ သိပ်ကို အရေးကြီးတဲ့ စမ်းသပ်မှုတခု လုပ်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရဘက်က ကြေညာခဲ့ပြီး နောက်မှာ သမ္မတ Trump ရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။

Kim Jong Un ဟာ သိပ်ပြီး တော်ကြောင်း၊ ဒါပေမယ့် ရန်လိုတဲ့နည်းလမ်းနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ဆုံးရှုံးနိုင်တဲ့ အခြေအနေရှိတယ်လို့ သမ္မတ Trump က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။

Kim Jong Un က နျူကလီးယား ကင်းစင်ရေး ခိုင်မာတဲ့ သဘောတူညီချက်တခုကို စင်ကာပူမှာ သူနဲ့ လက်မှတ်ရေးထိုးခဲ့တာလို့လည်း အမေရိကန်ခေါင်းဆောင်က ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် အနေနဲ့ အမေရိကန်သမ္မတနဲ့ အထူးဆက်ဆံရေးကို မပယ်ရှားလိုကြောင်း ဒါမှမဟုတ်လည်း နိုဝင်ဘာမှာလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုလည်း ကြားဝင် စွက်ဖက်လိုခြင်း မရှိဘူးလို့လည်း သမ္မတ Trump က ပြောပါတယ်။

ခေါင်းဆောင် Kim Jong Un ရဲ့ ခေါင်းဆောင်မှုအောက်မှာ မြောက်ကိုရီးယားနိုင်ငံက စီးပွားရေး အလားအလာတွေ သိပ်ပြီး ကောင်းကြောင်း၊ ဒါပေမယ့် ကတိပေးထားတဲ့ အတိုင်း နျူကလီးယား ကင်းစင်ရေး လုပ်မှသာ ဖြစ်လာမယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

မြောက်ကိုရီးယား နျူကလီးယားကင်းစင်ရေး ကိစ္စအတွက် NATO၊ တရုတ်၊ ရုရှား၊ ဂျပန်နဲ့ တကမ္ဘာလုံးက တညီတညွတ်တည်း ရှိနေတယ်လို့လည်း သမ္မတ Trump က တွစ်တာမှာ ရေးသားခဲ့တာပါ။

မြောက်ကိုရီးယား Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ စနေနေ့မှာ အလွန်အရေးကြီးတဲ့ စမ်းသပ်ပစ်လွှတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့ပြီးနောက် အမေရိကန်သမ္မတက အခုလို ပြောဆိုတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG