သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒံုးက်ည္ပစ္လႊတ္စမ္းသပ္မႈ ျပဳလုပ္ေၾကာင္း ေျမာက္ကိုရီးယား ေၾကညာ


ေျမာက္ကုိရီးယား ဒုံးက်ည္ပစ္လႊတ္စမ္းသပ္မႈတခု။ (စက္တင္ဘာ ၁၀၊ ၂၀၁၉)

(Zawgyi / Unicode)

ေျမာက္ကိုရီးယား Sohae ၿဂိဳဟ္တုလႊတ္တင္ေရးစခန္းကေန အလြန္အေရးႀကီးတဲ့ ဒုံးက်ည္စမ္းသပ္ ပစ္လႊတ္မႈတခု ျပဳလုပ္ခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းဌာနက ဒီကေန႔ ေၾကညာပါတယ္။

မေန႔ စေနေန႔က ၿပဳံယမ္းၿမိဳ႕ ေျမာက္ပိုင္းခ႐ိုင္ တ႐ုတ္နယ္စပ္ Tongch'ang-ri မွာရွိတဲ့ တာေဝးပစ္ဒုံး လႊတ္တင္ေရးစခန္းကေန စမ္းသပ္ခဲ့တာလို႔ အစိုးရပိုင္ KCNA သတင္းဌာနက ေျပာပါတယ္။ ဒါေပမယ့္ ဘယ္လိုစမ္းသပ္မႈဆိုတာေတာ့ ေဖာ္ျပမထားပါဘူး။

Planet Labs ၿဂိဳဟ္တုဓာတ္ပံုကုမၸဏီက Sohae ၿဂိဳဟ္တုလႊတ္တင္ေရးစခန္းက စမ္းသပ္မႈလုပ္တဲ့ ဓာတ္ပုံအေထာက္အထားေတြ ရခဲ့ေၾကာင္း CNN သတင္းက ေဖာ္ျပၿပီးတဲ့ေနာက္မွာ ႏိုင္ငံပိုင္မီဒီယာက အခုလို ေၾကညာခဲ့တာပါ။

ဓာတ္ပုံအေထာက္အထားေတြအရ အဲဒီေနရာမွာ သေဘၤာတင္ ကုန္ေသတၱာႀကီးတလုံးကို ေတြ႔ရတယ္လို႔လည္း ဆိုပါတယ္။

ေျမာက္ကိုရီးယားက ၿပီးခဲ့တဲ့ ေမလကစၿပီး တာတိုနဲ႔ တာေဝးဒုံးစမ္းသပ္မႈေတြကို ျပဳလုပ္လာတာ ၁၃ ႀကိမ္ရွိပါၿပီ။ စမ္းသပ္မႈအားလုံးတိုင္းက ပဲ့ထိန္းဒုံးနည္းပညာနဲ႔ သက္ဆိုင္တဲ့ စမ္းသပ္မႈေတြျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

စေနေန႔က စမ္းသပ္မႈကေတာ့ အေမရိကန္နဲ႔ ႏ်ဴကလီးယား ေဆြးေႏြးပြဲေတြ ဒီႏွစ္ကုန္ ျပန္စဖို႔ ေပးထားတဲ့ သတ္မွတ္ရက္ ကုန္ဆုံးေတာ့မွာကို ေျမာက္ကိုရီးယားက သတိေပးတဲ့အေနနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

----------------------------------------

(Unicode)

ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု ပြုလုပ်ကြောင်း မြောက်ကိုရီးယား ကြေညာ

မြောက်ကိုရီးယား Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ အလွန်အရေးကြီးတဲ့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့ ကြေညာပါတယ်။

မနေ့ စနေနေ့က ပြုံယမ်းမြို့ မြောက်ပိုင်းခရိုင် တရုတ်နယ်စပ် Tongch'ang-ri မှာရှိတဲ့တာဝေးပစ်ဒုံး လွှတ်တင်ရေးစခန်းကနေ စမ်းသပ်ခဲ့တာလို့ အစိုးရပိုင် KCNA သတင်းဌာနက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုစမ်းသပ်မှုဆိုတာတော့ ဖော်ပြမထားပါဘူး။

Planet Labs ဂြိုဟ်တုဓာတ်ပုံကုမ္ပဏီက Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်းက စမ်းသပ်မှုလုပ်တဲ့ ဓာတ်ပုံအထောက်အထားတွေ ရခဲ့ကြောင်း CNN သတင်းက ဖော်ပြပြီးတဲ့နောက်မှာ နိုင်ငံပိုင်မီဒီယာက အခုလို ကြေညာခဲ့တာပါ။

ဓာတ်ပုံအထောက်အထားတွေအရ အဲဒီနေရာမှာ သင်္ဘောတင် ကုန်သေတ္တာကြီးတလုံးကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားက ပြီးခဲ့တဲ့ မေလကစပြီး တာတိုနဲ့ တာဝေးဒုံးစမ်းသပ်မှုတွေကို ပြုလုပ်လာတာ ၁၃ ကြိမ်ရှိပါပြီ။ စမ်းသပ်မှုအားလုံးတိုင်းက ပဲ့ထိန်းဒုံးနည်းပညာနဲ့ သက်ဆိုင်တဲ့ စမ်းသပ်မှုတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စနေနေ့က စမ်းသပ်မှုကတော့ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ ဒီနှစ်ကုန် ပြန်စဖို့ ပေးထားတဲ့ သတ်မှတ်ရက် ကုန်ဆုံးတော့မှာကို မြောက်ကိုရီးယားက သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG