သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးကျည်အများအပြား ပစ်လွှတ်နိုင်တဲ့လက်နက် မြောက်ကိုရီးယား စမ်းသပ်


မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို ကြီးကြပ်နေသည့် Kim Jong Un သတင်းအစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကြည့်ရှုနေသည့် အမျိုးသမီးတဦး။ (နိုဝင်ဘာ ၂၈၊ ၂၀၁၉)
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို ကြီးကြပ်နေသည့် Kim Jong Un သတင်းအစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကြည့်ရှုနေသည့် အမျိုးသမီးတဦး။ (နိုဝင်ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်အများအပြား ပစ်နိုင်တဲ့ သိပ်ကြီးမားတဲ့ ဒုံးပစ်လက်နက်တခုကို စမ်းသပ်ခဲ့တယ်လို့ သောကြာနေ့က အတည်ပြု ကြေညာပါတယ်။ ဒါဟာ နျူကလီးယားအရေး ဆွေးနွေးပွဲဆိုင်ရာ အမေရိကန်ကို ပေးထားတဲ့ ဒီနှစ်ကုန် နောက်ဆုံးသတ်မှတ်ရက်ကို သတိပေးလိုက်တဲ့ သဘောပါပဲ။

ကြာသပတေးနေ့ ဒုံးကျည် တစင်းပြီးတစင်း ပစ်လွှတ်စမ်းသပ်တာကို ခေါင်းဆောင် Kim Jong Un ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး ရလဒ်ပေါ် ကျေနပ်ကြောင်း ပြောတယ်လို့ အစိုးရအာဘော် ကိုရီးယား ဗဟိုသတင်းဌာန KCNA က ကြေညာတာပါ။

မေလ အစောပိုင်းကတည်းကဆိုရင် အခုစမ်းသပ်မှုဟာ ၁၃ ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ဟာ မြောက်ကိုရီးယားတို့ ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု အများဆုံးနှစ် ဖြစ်ပါတယ်။

ဖေဖော်ဝါရီလကတည်းက ရပ်တန့်နေတဲ့ နျူကလီးယားအရေး ဆွေးနွေးပွဲတွေအတွက် လိုက်လျောမှုလုပ်ဖို့ Kim Jong Un က အမေရိကန်ကို ဒီနှစ်ကုန်ထိ အချိန်ပေးထားတာပါ။

မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နှစ်စင်းဟာ အမြင့် ၉၇ ကီလိုမီတာကနေ ကီလိုမီတာ ၃၈၀ လောက် သွားပြီးတဲ့နောက် သမုဒ္ဒရာထဲကို ကျသွားတယ်လို့ တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။

ဒီနှစ်အတွင်း မြောက်ကိုရီးယားက အကြိမ်ကြိမ် စမ်းသပ်ပစ်လွှတ်ထားပြီးသား တာတိုပစ် လက်နက်စနစ်ဖြစ်တဲ့ KN-25 ဒုံးကျည်အများအပြား ပစ်ခတ်တဲ့စနစ်ကို အခုတကြိမ်မှာလည်း စမ်းသပ်ပစ်လွှတ်တာပါ။

စမ်းသပ်ပစ်ခတ်မှု အောင်မြင်တယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။

-------------------------------

(Unicode)









ဒုံးကျည်အများအပြား ပစ်လွှတ်နိုင်တဲ့လက်နက် မြောက်ကိုရီးယား စမ်းသပ်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG