သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သူတို႔ႏိုင္ငံ လူ႔အခြင့္အေရးကိစၥ မေဆြးေႏြးဖို႔ လုံၿခဳံေရးေကာင္စီကို ေျမာက္ကိုရီးယား သတိေပး


ေျမာက္ကိုရီးယားရဲ႕ လူ႔အခြင့္ေရး အေျခေနနဲ႔ ပတ္သက္ၿပီး ဘယ္ေဆြးေႏြးမႈကိုမဆို အႀကီးအက်ယ္ရန္စမႈ အျဖစ္ သတ္မွတ္မယ့္အျပင္ ျပင္းျပင္းထန္ထန္လည္း တုန႔္ျပန္သြားမယ္လို႔ ေျမာက္ကိုရီးယားက ကုလသမဂၢလုံၿခဳံေရးေကာင္စီကို ဗုဒၶဟူးေန႔က ေျပာၾကားလိုက္ပါတယ္။

ေျမာက္ကိုရီးယား လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈ ျပႆနာကို ဒီလထဲမွာ ေတြ႕ဆုံေဆြးေႏြးဖို႔ အဖြဲ႕ဝင္ ၁၅ ႏိုင္ငံပါဝင္တဲ့ ကုလလုံၿခဳံေရးေကာင္စီမွာ သံတမန္အမ်ားစုက စီစဥ္ေနၾကခ်ိန္မွာပဲ ကုလသမဂၢဆိုင္ရာ ေျမာက္ကိုရီးယားသံအမတ္ႀကီး Kim Song က အခုလို သတိေပးစာ ေပးပို႔ခဲ့တာ ျဖစ္ေၾကာင္း ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ အေမရိကန္ျပည္ေထာင္စုက ဒီဇင္ဘာလအတြက္ အလွည့္က် သဘာပတိအျဖစ္ တာဝန္ယူထားတာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံမွာ န်ဴကလီယားနဲ႔ ဒုံးက်ည္လက္နက္ အစီအစဥ္ေတြ ဖ်က္သိမ္းလာေအာင္ အေမရိကန္က ေမွ်ာ္လင့္ရင္း ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un နဲ႔ အေမရိကန္သမၼတ Donald Trump တို႔ မႏွစ္က ဇြန္လကစၿပီး ေတြ႕ဆုံခဲ့တာ ၃ ႀကိမ္ရွိၿပီျဖစ္ေပမယ့္ ထူးျခားမႈ မရွိတဲ့အျပင္ ေျမာက္ကိုရီးယားက တာတိုပစ္ ဒုံးလက္နက္စမ္းသပ္မႈေတြ ဆက္တိုက္ လုပ္ခဲ့တာပါ။

လုံၿခဳံေရးေကာင္စီမွာ ေျမာက္ကိုရီးယားလူ႔အခြင့္ေရးဆိုင္ရာ ဘယ္ေဆြးေႏြးမႈျဖစ္ေစ ဒါဟာ အေမရိကန္ရဲ႕ရန္လိုတဲ့မူဝါဒပါ ကပ္ပါေနမွာ ျဖစ္တဲ့အတြက္ ဒါဟာ န်ဴကလီယားျပႆနာ ေျဖရွင္းဖို႔နဲ႔ ကိုရီးယားကြၽန္းဆြယ္ေဒသ တင္းမာမႈေလ်ာ့က်ဖို႔ထက္ ပိုဆိုးလာေရးကို ဦးတည္ေနမွာ ျဖစ္ေၾကာင္း သံအမတ္ႀကီး Kim Song ရဲ႕ စာမွာ ေဖၚျပထားပါတယ္။

လူ႔အခြင့္ေရး ခ်ိဳးေဖါက္မႈေတြ ရွိေနတယ္ဆိုတဲ့ စြပ္စြဲမႈေတြကို ေျမာက္ကိုရီးယားက ထပ္လဲလဲ ျငင္းဆိုေနသလို ကုလသမဂၢရဲ႕ အေရးယူ ဒဏ္ခတ္မႈေတြေၾကာင့္ လူသားခ်င္း စာနာမႈ ဆိုင္ရာ အေျခေနေတြ အေတာ့္ကိုဆိုးဝါးရတာ ျဖစ္ေၾကာင္း အပစ္တင္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

သူတို့နိုင်ငံ လူ့အခွင့်အရေးကိစ္စ မဆွေးနွေးဖို့ လုံခြုံရေးကောင်စီကို မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယားရဲ့ လူ့အခွင့်ရေး အခြေနေနဲ့ ပတ်သက်ပြီး ဘယ်ဆွေးနွေးမှုကိုမဆို အကြီးအကျယ်ရန်စမှု အဖြစ် သတ်မှတ်မယ့်အပြင် ပြင်းပြင်းထန်ထန်လည်း တုန့်ပြန်သွားမယ်လို့ မြောက်ကိုရီးယားက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား လူ့အခွင့်ရေးချိုးဖေါက်မှု ပြဿနာကို ဒီလထဲမှာ တွေ့ဆုံဆွေးနွေးဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလလုံခြုံရေးကောင်စီမှာ သံတမန်အများစုက စီစဉ်နေကြချိန်မှာပဲ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး Kim Song က အခုလို သတိပေးစာ ပေးပို့ခဲ့တာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုက ဒီဇင်ဘာလအတွက် အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီယားနဲ့ ဒုံးကျည်လက်နက် အစီအစဉ်တွေ ဖျက်သိမ်းလာအောင် အမေရိကန်က မျှော်လင့်ရင်း မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့ မနှစ်က ဇွန်လကစပြီး တွေ့ဆုံခဲ့တာ ၃ ကြိမ်ရှိပြီဖြစ်ပေမယ့် ထူးခြားမှု မရှိတဲ့အပြင် မြောက်ကိုရီးယားက တာတိုပစ် ဒုံးလက်နက်စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ခဲ့တာပါ။
လုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားလူ့အခွင့်ရေးဆိုင်ရာ ဘယ်ဆွေးနွေးမှုဖြစ်စေ ဒါဟာ အမေရိကန်ရဲ့ရန်လိုတဲ့မူဝါဒပါ ကပ်ပါနေမှာ ဖြစ်တဲ့အတွက် ဒါဟာ နျူကလီယားပြဿနာ ဖြေရှင်းဖို့နဲ့ ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုလျော့ကျဖို့ထက် ပိုဆိုးလာရေးကို ဦးတည်နေမှာ ဖြစ်ကြောင်း သံအမတ်ကြီး Kim Song ရဲ့ စာမှာ ဖေါ်ပြထားပါတယ်။

လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို မြောက်ကိုရီးယားက ထပ်လဲလဲ ငြင်းဆိုနေသလို ကုလသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကြောင့် လူသားချင်း စာနာမှု ဆိုင်ရာ အခြေနေတွေ အတော့်ကိုဆိုးဝါးရတာ ဖြစ်ကြောင်း အပစ်တင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG