သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ်ကို “အမိုက်မဲဆုံးလူသား” အဖြစ် မြောက်ကိုရီးယား ခေါ်ဆို


မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို စစ်ဆေးကြည့်ရှုနေသည့် Kim Jong Un. (နိုဝင်ဘာ ၂၈၊ ၂၀၁၉)
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို စစ်ဆေးကြည့်ရှုနေသည့် Kim Jong Un. (နိုဝင်ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ သမိုင်းမှာ ကြုံခဲ့ရသမျှထဲ “အမိုက်မဲဆုံးလူသား” ဖြစ်ပြီး တကယ့် ပဲ့ထိန်းဒုံးကျည်အစစ်ကို မကြာခင် တွေ့စေရမယ်လို့ မြောက်ကိုရီးယားနိုင်ငံက မနေ့ကပဲ သတိပေးလိုက်ပါတယ်။

နိုင်ငံတကာမှာ အထီးကျန်နေတဲ့ မြောက်ကိုရီးယားအနေနဲ့ သူတို့အခေါ် အထူးကြီးမားတဲ့ ဒုံးကျည်အတွဲလိုက်ပစ်စနစ်ကို စမ်းသပ်ပစ်လွှတ်ပြီး နှစ်ရက်အကြာမှာ ခုလို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာပါ။

အဲဒီဒုံးကျည်နှစ်စင်းကတော့ အရှေ့ပင်လယ်လို့ လူသိများတဲ့ ဂျပန်ပင်လယ်ထဲ ကျသွားတယ်လို့ တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Khim Jong Un ကိုယ်တိုင် ကြီးကြပ်တဲ့ ဒီဒုံးကျည်ပစ်ခတ်မှု အပြီးမှာ ဂျပန်ဝန်ကြီးချုပ် Abe က ဒါဟာ ပဲ့ထိန်းဒုံး ပစ်လွှွတ်မှုလို့ သုံးနှုန်းခဲ့ပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာလည်းဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက Abe ဟာ ကမ္ဘာပေါ်မှာ အညံ့ဆုံးလူသားနဲ့ သမိုင်းမှာရှိဖူးသမျှ အမိုက်မဲဆုံးဖြစ်တယ်၊ ဘာလို့လဲဆိုတော့ ပဲ့ထိန်းဒုံးနဲ့ သတင်းဓာတ်ပုံထဲပါ အတွဲလိုက်ပစ်တဲ့ဒုံးကို မခွဲခြားတတ်လို့ပဲဖြစ်တယ်လို့ ဝေဖန်တာကို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

------------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG