သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကိုတရားစွဲဆိုရေး ပါတီ ၂ ရပ် အချေအတင်


အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို စွဲချက်နှစ်ခုနဲ့ တရားစွဲဆိုရေးအတွက် အောက်လွှတ်တော်မှာ ပါတီကြီးနှစ်ရပ်က လွှတ်တော်အမတ်တွေ အချေအတင် ပြောဆိုနေကြပါတယ်။

အာဏာအလွဲသုံးစားလုပ်မှု၊ ကွန်ဂရက်လုပ်ငန်းတွေကို နှောင့်ယှက်မှု ဆိုတဲ့ စွဲချက်နှစ်ခုနဲ့ သမ္မတကိုတရားစွဲဖို့ အောက်လွှတ်တော် တရားရေးကော်မတီမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြုပြီးတဲ့နောက် အခု အောက်လွှတ်တော် တရပ်လုံးမှာ မဲခွဲဆုံးဖြတ်ဖို့အတွက် အချေအတင် ပြောဆိုနေကြတာဖြစ်ပါတယ်။

သမ္မတထရမ့်ပ်ဟာ ၂၀၂၀ ပြည့် သမ္မတရွေးကောက်ပွဲ အတွက် သူ့ပြိုင်ဘက်တဦးဖြစ်သူ ဒုသမ္မတဟောင်း Joe Biden ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်း ကိုဖိအားပေးတာ၊ ကွန်ဂရက်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဟန့်တားနှောင့်ယှက်တာတွေကြောင့် သူ့ကို တရားစွဲဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မပေးခဲ့ဘူးလို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ဆွေးနွေးပွဲ အဖွင့်မှာ ပြောသွားပါတယ်။

သမ္မတထရမ့်ကို အခိုင်အမာ ထောက်ခံကြတဲ့ ရီပတ်ဘလီကန် အမတ်တွေကတော့ မစ္စစ် Pelosi ရဲ့ ပြောဆိုချက်ကို ပယ်ချပြီး ဒီမိုကရက်တွေဟာ လွန်ခဲ့တဲ့သုံးနှစ်မှာ သမ္မတထရမ့်ပ် အနိုင်ရခဲ့ ကတည်းက တရားစွဲချင်နေကြတာလို့ ပြစ်တင်ဝေဖန်ပါတယ်။

အောက်လွှတ်တော်မှာ ၆ နာရီမှာ အချေအတင် ပြောဆိုကြပြီးတဲ့နောက် စွဲချက်နှစ်ခုအပေါ် မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အများစုနဲ့ ထိန်းချုပ်ထားတဲ့အတွက် မဲရလဒ်ကတော့ သံသယဖြစ်စရာမရှိပါဘူး။

ရီပတ်ဘလီကန်ပါတီက သမ္မတ ထရမ့်ပ်ဟာ အမေရိကန်နိုင်ငံရဲ့ ၂၄၃ နှစ်ကြာ သမိုင်းတလျှောက်မှာ တရားစွဲခံရတဲ့ ၃ ယောက် မြောက် သမ္မတဖြစ်လာဖို့ သေချာနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

သမ်မတ Trump ကိုတရားစှဲဆိုရေး ပါတီ ၂ ရပျ အခြအေတငျ








XS
SM
MD
LG