သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတထရမ့္ကို စြဲခ်က္ႏွစ္ခုနဲ႔ တရားစြဲဖို႔ ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီဆံုးျဖတ္


(Zawgyi/Unicode)

အေမရိကန္သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို တရားစြဲမယ့္ ပုဒ္မ ႏွစ္ခုလံုးကို ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီမွာ မဲခြဲအတည္ျပဳလိုက္ပါၿပီ။ ဒါေၾကာင့္ ေရွ႕သီတင္းပတ္အတြင္း ေအာက္လႊတ္ေတာ္တစ္ခုလံုးမွာ မဲခြဲဆံုးျဖတ္ဖို႔ ပိုနီးစပ္သြားၿပီ ျဖစ္ပါတယ္။

ဒီမုိကရက္အမတ္အမ်ားစုပါတဲ့ တရားေရးေကာ္မတီမွာ ပါတီႏွစ္ရပ္ရဲ႕ သက္ဆိုင္ရာ ရပ္တည္ခ်က္ေတြအတိုင္းပဲ အမတ္ေတြ မဲေပးခဲ့ၾကၿပီး ေထာက္ခံမဲ ၂၃ မဲ၊ ကန္႔ကြက္မဲ ၁၇ မဲနဲ႔ ေသာၾကာေန႔က အတည္ျပဳလိုက္တာျဖစ္ပါတယ္။

အာဏာအလြဲသံုးစားလုပ္မႈ၊ လႊတ္ေတာ္ေဆာင္႐ြက္ခ်က္ေတြကုိ ဟန္႔တားေႏွာင့္ယွက္မႈဆိုတဲ့ အမူ ႏွစ္ခုနဲ႔ သမၼတထရမ့္ပ္ကို တရားစြဲဖို႔ အတည္ျပဳလိုက္တာပါ။

အခုဆိုရင္ ဒီကိစၥဟာ ေအာက္လႊတ္ေတာ္တခုလံုးကုိ ေရာက္သြားၿပီျဖစ္ၿပီး ဆက္ၿပီးေတာ့ အေျခအတင္ ေဆြးေႏြြးၾကၿပီးတဲ့ေနာက္ ေရွ႕သီတင္းပတ္ ဗုဒၶဟူးေန႔ေလာက္မွာ မဲခြဲဆံုးျဖတ္မယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

ေအာက္လႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္တာကေန အတည္ျဖစ္သြားၿပီဆိုရင္ေတာ့ သမၼတကို အေရးယူၿပီး ရာထူးကဖယ္ရွားမလား ဆိုတာ အထက္လႊတ္ေတာ္မွာ စစ္ေဆးရေတာ့မွာျဖစ္ပါတယ္။ အဲဒီလို တရားစစ္ေဆးတာကို ေရွ႕ႏွစ္ ဇန္နဝါရီလထဲမွာ စလုပ္မယ္ လို႔ ခန္႔မွန္းထားၾကပါတယ္။

ေအာက္လႊတ္ေတာ္ တရားေရးေကာ္မီတီက မဲခြဲအတည္ျပဳအၿပီးမွာ အိမ္ျဖဴေတာ္ ေျပာခြင့္ရအမ်ိဳးသမီး Stephanie Grisham က ဒီဆံုးျဖတ္ခ်က္အေပၚ ေၾကညာခ်က္ထုတ္ ကန္႔ကြက္လိုက္ပါတယ္။

ေျပာခြင့္ရ Grisham ကအ ခုလို ေအာက္လႊတ္ေတာ္မွာ အတင္းတက္သုတ္႐ိုက္မဲခြဲၿပီး သမၼတကို တရားစြဲဖို႔လုပ္ေနတာက ရွက္္ဖို႔ေကာင္းတယ္၊ ရီပတ္ဘလီကန္အမ်ားစုရွိတဲ့ အထက္လႊတ္ေတာ္က်မွ အခုမရခဲ့တဲ့ မွ်တတဲ့ စီရင္ၾကားနာမူရဖို႔ သမၼတက ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................

သမ္မတထရမ့်ကို စွဲချက်နှစ်ခုနဲ့ တရားစွဲဖို့ အောက်လွှတ်တော် တရားရေးကော်မတီဆုံးဖြတ်

(Unicode)

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို တရားစွဲမယ့် ပုဒ်မ နှစ်ခုလုံးကို အောက်လွှတ်တော် တရားရေးကော်မတီမှာ မဲခွဲအတည်ပြုလိုက်ပါပြီ။ ဒါကြောင့် ရှေ့သီတင်းပတ်အတွင်း အောက်လွှတ်တော်တစ်ခုလုံးမှာ မဲခွဲဆုံးဖြတ်ဖို့ ပိုနီးစပ်သွားပြီ ဖြစ်ပါတယ်။

ဒီမိုကရက်အမတ်အများစုပါတဲ့ တရားရေးကော်မတီမှာ ပါတီနှစ်ရပ်ရဲ့ သက်ဆိုင်ရာ ရပ်တည်ချက်တွေအတိုင်းပဲ အမတ်တွေ မဲပေးခဲ့ကြပြီး ထောက်ခံမဲ ၂၃ မဲ၊ ကန့်ကွက်မဲ ၁၇ မဲနဲ့ သောကြာနေ့က အတည်ပြုလိုက်တာဖြစ်ပါတယ်။

အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော်ဆောင်ရွက်ချက်တွေကို ဟန့်တားနှောင့်ယှက်မှုဆိုတဲ့ အမူ နှစ်ခုနဲ့ သမ္မတထရမ့်ပ်ကို တရားစွဲဖို့ အတည်ပြုလိုက်တာပါ။

အခုဆိုရင် ဒီကိစ္စဟာ အောက်လွှတ်တော်တခုလုံးကို ရောက်သွားပြီဖြစ်ပြီး ဆက်ပြီးတော့ အခြေအတင် ဆွေးနွေးကြပြီးတဲ့နောက် ရှေ့သီတင်းပတ် ဗုဒ္ဓဟူးနေ့လောက်မှာ မဲခွဲဆုံးဖြတ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာကနေ အတည်ဖြစ်သွားပြီဆိုရင်တော့ သမ္မတကို အရေးယူပြီး ရာထူးကဖယ်ရှားမလား ဆိုတာ အထက်လွှတ်တော်မှာ စစ်ဆေးရတော့မှာဖြစ်ပါတယ်။ အဲဒီလို တရားစစ်ဆေးတာကို ရှေ့နှစ် ဇန်နဝါရီလထဲမှာ စလုပ်မယ် လို့ ခန့်မှန်းထားကြပါတယ်။

အောက်လွှတ်တော် တရားရေးကော်မီတီက မဲခွဲအတည်ပြုအပြီးမှာ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Stephanie Grisham က ဒီဆုံးဖြတ်ချက်အပေါ် ကြေညာချက်ထုတ် ကန့်ကွက်လိုက်ပါတယ်။

ပြောခွင့်ရ Grisham ကအ ခုလို အောက်လွှတ်တော်မှာ အတင်းတက်သုတ်ရိုက်မဲခွဲပြီး သမ္မတကို တရားစွဲဖို့လုပ်နေတာက ရှက်ဖို့ကောင်းတယ်၊ ရီပတ်ဘလီကန်အများစုရှိတဲ့ အထက်လွှတ်တော်ကျမှ အခုမရခဲ့တဲ့ မျှတတဲ့ စီရင်ကြားနာမူရဖို့ သမ္မတက မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG