(Zawgyi/Unicode)
အေမရိကန္သမၼတ Donald Trump အေပၚ ႏုိင္ငံေရး အက်ဳိးအျမတ္ရဖုိ႔ အာဏာအလဲြသုံးစားလုပ္ခဲ့မႈ၊ သူ႔လုပ္ရပ္ေတြကို စုံစမ္းစစ္ေဆးတဲ့ လႊတ္ေတာ္ရဲ႕ ႀကိဳးပမ္းမႈေတြကုိ ဟန္႔တားေႏွာက္ယွက္မႈ စဲြခ်က္ေတြနဲ႔ မေန႔ေႏွာင္းပုိင္းမွာပဲ ေအာက္လႊတ္ေတာ္က တရားစဲြလုိက္ပါတယ္။ ဒါေပမဲ့လည္း သမၼတရဲ႕ ရီပတ္ဘလစ္ကန္ပါတီက အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္မွာ တရားစဲြေရး လုပ္ငန္းစဥ္ ဘယ္လုိဆက္လုပ္မလဲ ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိသလုိ၊ ေထာက္ခံမႈရမယ့္ အလားအလာလည္း မရွိပါဘူး။
တရားစဲြေရး လုပ္ငန္းစဥ္ကုိ ဇန္န၀ါရီလထဲ လႊတ္ေတာ္ျပန္စတဲ့အခါ ဦးစားေပး ေဆာင္ရြက္မယ့္အေၾကာင္း ေျပာဆုိထားတဲ့ အထက္လႊတ္ေတာ္ ဥကၠ႒ Mitch McConnell ကေတာ့ တရားစဲြမယ့္ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လုိ႔ ဒီေန႔မနက္ လႊတ္ေတာ္မွာ စကားေျပာဖုိ႔ စီစဥ္ထားပါတယ္။ လုပ္ငန္းစဥ္ စႏုိင္ဖုိ႔ ေအာက္လႊတ္ေတာ္မွာ အတည္ျပဳခဲ့တဲ့ စဲြခ်က္ေတြကုိ လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က အထက္လႊတ္ေတာ္ကုိ တင္သြင္းရမွာ ျဖစ္ေပမဲ့ မေန႔ညပုိင္းက မဲခဲြအၿပီးမွာ တိတိက်က် ေျပာထားတာေတာ့ မရွိပါဘူး။
ေအာက္လႊတ္ေတာ္က တရားလုိအျဖစ္ ေဆာင္ရြက္မယ့္ သူေတြကုိ မေရြးခ်ယ္ခင္မွာ အထက္လႊတ္ေတာ္က ေဆာင္ရြက္မယ့္အစီအစဥ္ကုိ အရင္ၾကည့္မယ္လုိ႔လည္း ေျပာပါတယ္။ သမၼတအေပၚ အေရးယူေရး စဲြခ်က္ေတြကုိ ေအာက္လႊတ္ေတာ္မွာ အမ်ားစုျဖစ္တဲ့ ဒီမုိကရက္ကုိယ္စားလွယ္ အားလုံးနီးပါးက ေထာက္ခံမဲနဲ႔ အတည္ျပဳခဲ့တဲ့အတြက္ ႏွစ္ေပါင္း ၂၄၃ ႏွစ္ၾကာ အေမရိကန္သမုိင္းမွာ သမၼတ Trump ဟာ တရားစဲြခံရမယ့္ တတိယေျမာက္ သမၼတ ျဖစ္လာေတာ့မွာပါ။
ေအာက္လႊတ္ေတာ္မွာ မဲခဲြဆုံးျဖတ္ၿပီးေနာက္ သမၼတ အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ တရားစဲြဆုိဖုိ႔ ႀကိဳးပမ္းတဲ့ အတုအေယာင္ လုပ္ငန္းစဥ္အျဖစ္ ေျပာဆုိလုိက္သလုိ တုိင္းျပည္သမုိင္းမွာ ရွက္စရာအေကာင္းဆုံး ႏုိင္ငံေရး လုပ္ရပ္တခု အျဖစ္နဲ႔လည္း ျပစ္တင္႐ႈတ္ခ်ထားပါတယ္။ ေအာက္လႊတ္ေတာ္မွာ ပစ္ပယ္ခံခဲ့ရတဲ့ တရားမွ်တမႈနဲ႔ ဥပေဒနဲ႔အညီ ေဆာင္ရြက္တဲ့ လုပ္ငန္းစဥ္ေတြကုိ အထက္လႊတ္ေတာ္မွာ စနစ္တက် ေဆာင္ရြက္ႏုိင္လိမ့္မယ္လုိ႔ သမၼတက ယုံၾကည္ထားေၾကာင္းလည္း အိမ္ျဖဴေတာ္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
သမ္မတ Trump ကို ကန် အောက်လွှတ်တော်တရားစွဲဆို
အမေရိကန်သမ္မတ Donald Trump အပေါ် နိုင်ငံရေး အကျိုးအမြတ်ရဖို့ အာဏာအလွဲသုံးစားလုပ်ခဲ့မှု၊ သူ့လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးတဲ့ လွှတ်တော်ရဲ့ ကြိုးပမ်းမှုတွေကို ဟန့်တားနှောက်ယှက်မှု စွဲချက်တွေနဲ့ မနေ့နှောင်းပိုင်းမှာပဲ အောက်လွှတ်တော်က တရားစွဲလိုက်ပါတယ်။ ဒါပေမဲ့လည်း သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ တရားစွဲရေး လုပ်ငန်းစဉ် ဘယ်လိုဆက်လုပ်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသလို၊ ထောက်ခံမှုရမယ့် အလားအလာလည်း မရှိပါဘူး။
တရားစွဲရေး လုပ်ငန်းစဉ်ကို ဇန်နဝါရီလထဲ လွှတ်တော်ပြန်စတဲ့အခါ ဦးစားပေး ဆောင်ရွက်မယ့်အကြောင်း ပြောဆိုထားတဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌ Mitch McConnell ကတော့ တရားစွဲမယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဒီနေ့မနက် လွှတ်တော်မှာ စကားပြောဖို့ စီစဉ်ထားပါတယ်။ လုပ်ငန်းစဉ် စနိုင်ဖို့ အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ စွဲချက်တွေကို လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က အထက်လွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပေမဲ့ မနေ့ညပိုင်းက မဲခွဲအပြီးမှာ တိတိကျကျ ပြောထားတာတော့ မရှိပါဘူး။
အောက်လွှတ်တော်က တရားလိုအဖြစ် ဆောင်ရွက်မယ့် သူတွေကို မရွေးချယ်ခင်မှာ အထက်လွှတ်တော်က ဆောင်ရွက်မယ့်အစီအစဉ်ကို အရင်ကြည့်မယ်လို့လည်း ပြောပါတယ်။ သမ္မတအပေါ် အရေးယူရေး စွဲချက်တွေကို အောက်လွှတ်တော်မှာ အများစုဖြစ်တဲ့ ဒီမိုကရက်ကိုယ်စားလှယ် အားလုံးနီးပါးက ထောက်ခံမဲနဲ့ အတည်ပြုခဲ့တဲ့အတွက် နှစ်ပေါင်း ၂၄၃ နှစ်ကြာ အမေရိကန်သမိုင်းမှာ သမ္မတ Trump ဟာ တရားစွဲခံရမယ့် တတိယမြောက် သမ္မတ ဖြစ်လာတော့မှာပါ။ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ တရားစွဲဆိုဖို့ ကြိုးပမ်းတဲ့ အတုအယောင် လုပ်ငန်းစဉ်အဖြစ် ပြောဆိုလိုက်သလို တိုင်းပြည်သမိုင်းမှာ ရှက်စရာအကောင်းဆုံး နိုင်ငံရေး လုပ်ရပ်တခု အဖြစ်နဲ့လည်း ပြစ်တင်ရှုတ်ချထားပါတယ်။
အောက်လွှတ်တော်မှာ ပစ်ပယ်ခံခဲ့ရတဲ့ တရားမျှတမှုနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေကို အထက်လွှတ်တော်မှာ စနစ်တကျ ဆောင်ရွက်နိုင်လိမ့်မယ်လို့ သမ္မတက ယုံကြည်ထားကြောင်းလည်း အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။