သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump ကို တရားစြဲမယ့္ကိစၥ ကန္သမၼတေရြးေကာက္ပြဲအေပၚ ဘယ္လို႐ုိက္ခတ္မလဲ


အေမရိကန္သမၼတ Donald Trump. (ဒီဇင္ဘာ ၁၉၊ ၂၀၁၉)

(Zawgyi / Unicode)

ႏုိင္ငံေရးၿပိဳင္ဘက္ Joe Biden ကို စံုစမ္းစစ္ေဆးဖို႔ ယူကရိန္းကို ဖိအားေပးတဲ့အေပၚ သမၼတ Donald Trump ကုိ ေအာက္လႊတ္ေတာ္က တရားစြဲလိုက္တာေၾကာင့္ သူဟာ သမိုင္းမွတ္တမ္းဝင္သြားပါၿပီ။ ရီပတ္ဘလစ္ကန္ ထိန္းခ်ဳဳပ္ထားတဲ့ အထက္လႊတ္ေတာ္မွာ ႏွစ္ဆန္းပိုင္း တရားစစ္ေဆးတဲ့အခါ သမၼတ Trump မွာ အျပစ္မရွိဘူးဆိုၿပီး ဆံုးျဖတ္မယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။ ဒါေပမယ့္ တရားစြဲဆိုမႈကေန ႏုိင္ငံေရး တန္ျပန္သက္ေရာက္မႈဟာ ၂၀၂၀ ျပည့္ သမၼတေရြးေကာက္ပြဲမွာ အဓိကက်တဲ့ကိစၥတခု ျဖစ္လာမွာပါ။ Jim Malone ရဲ႕ သတင္းလႊာကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

အက်ပ္အတည္းဆိုက္တဲ့ အခ်ိန္တိုင္းမွာ သမၼတ Trump အေနနဲ႔ သူ႔ကို ေထာက္ခံသူေတြရဲ႕ အားေပးမႈကို အၿမဲတမ္း အားကိုးအားထား ျပဳႏုိင္ပါတယ္။

သူ႔ကို တရားစြဲဖို႔ ေအာက္လႊတ္ေတာ္မွာ မဲခြဲေနခ်ိန္မွာေတာင္မွ မီရွီဂန္ျပည္နယ္ မဲဆြယ္ပြဲအတြင္း ဒီမုိကရက္ေတြကို ထိုးႏွက္ခဲ့ပါတယ္။

“ခင္ဗ်ားတို႔ကသာ အေမရိကန္ေရြးေကာက္ပြဲေတြကို ေႏွာင့္ယွက္တာ။ ခင္ဗ်ားတို႔ကသာ အေမရိကန္ ဒီမုိကေရစီကို အႏၲရာယ္ေပးတာ။ က်ေနာ္တို႔က ဘာဆိုဘာမွ မဟုတ္တာ လုပ္မထားဘူး။ ဒါဟာ အေၾကာင္းျပခ်က္ သက္သက္ပဲ။” လုိ႔ သမၼတ Trump က ေျပာသြားတာပါ။

၂၀၂၀ ေရြးေကာက္ပြဲမွာ ျပန္ႏုိင္ေအာင္ ယူူကရိန္းအကူအညီယူဖို႔ သမၼတက ႀကိဳးစားတာကို လ်စ္လ်ဴ႐ႈမထားႏုိင္တာေၾကာင့္ သမၼတကို တရားစြဲရတာလို႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ေတြက ေျပာပါတယ္။

ေမရီလန္း ေအာက္လႊတ္ေတာ္အမတ္ Steny Hoyer က “ႏုိ္င္ငံတည္ေထာင္ခဲ့သူေတြ ရည္ရြယ္သလို က်ေနာ္တုိ႔ဟာ ဥပေဒစိုးမိုးတဲ့ႏုိင္ငံ ျဖစ္ေနေသးသလား ဒါမွမဟုတ္ လူတေယာက္က ဥပေဒအထက္မွာ ရွိေနႏုိင္တာကို က်ေနာ္တို႔ လက္ခံမွာလားဆိုတာ ဒီတရားစြဲဆိုမႈက ေမးခြန္းထုတ္တာပါပဲ။” လုိ႔ ေျပာပါတယ္။

အထက္လႊတ္ေတာ္ တရားစစ္ေဆးမႈမွာ လူမ်ားစုေခါင္းေဆာင္ Mitch McConnell အပါအဝင္ ရီပတ္ဘလစ္ကန္ေတြက သမၼတမွာ အျပစ္မရွိဘူးဆိုၿပီး ဆံုးျဖတ္ၾကမွာမို႔ သမၼတအတြက္ အလားအလာက အမ်ားႀကီး ပိုေကာင္းပါတယ္။

“ဒီေအာက္လႊတ္ေတာ္ဟာ ဒီသမၼတအေပၚ ႏုိင္္ငံေရးပေယာဂနဲ႔ လုပ္ေဆာင္လိုက္တာက အနာဂတ္ထိ ပါသြားေစမယ့္ ဆိုးရြားတဲ့ အစဥ္အလာတခုကို ဖန္တီးလိုက္တာပါပဲ။”

အထက္လႊတ္ေတာ္ ဒီမိုကရက္ေခါင္းေဆာင္ Chuck Schumer ကေတာ့ သမၼတအေပၚ စြဲခ်က္ေတြကို သူ႔ပါတီအေနနဲ႔ ခုိင္မာေအာင္ လုပ္မယ္လို႔ ေျပာပါတယ္။

“ဒီျဖစ္ရပ္မွာ သမၼတအေနနဲ႔ စစ္ေဆးခံရတာကေန ေရွာင္သြားႏုိင္တယ္လုိ႔ က်ေနာ္တို႔ေျပာလိုက္ရင္ သူ ထပ္ခါတလဲလဲ လုပ္ေနမယ္ဆိုတာ က်ေနာ္ သံသယမရွိပါဘူး။”

ဒီတရားစြဲဆိုမႈက ေနာက္ႏွစ္ သမၼတေရြးေကာက္ပြဲမွာ အဓိကကိစၥရပ္တခု ျဖစ္လာဖို႔ ဒီမိုကရက္နဲ႔ ရီပတ္ဘလစ္ကန္ေတြ ခန္႔မွန္းထားၾကတယ္လုိ႔ AP သတင္းဌာနက Juli Pace က ေျပာပါတယ္။

“ဒါက ဘယ္လိုမွ မသိႏုိင္ေသးတဲ့ ကိစၥပါပဲ။ ပါတီႏွစ္ရပ္စလံုးက သူတို႔ဘက္မွာ အသာရႏုိင္တယ္လုိ႔ ထင္ၾကပါတယ္။ ေနာက္ကြယ္မွာက်ေတာ့ သူတို႔ ထိခိုက္ႏုိင္တယ္လုိ႔ ထင္တာပါ။ ဒါေပမယ့္ တရားစြဲဆိုတာျဖစ္လာၿပီး အဲဒီ တရားစြဲခံရတဲ့ သမၼတက ေရြးေကာက္ပြဲ ျပန္ဝင္တာမ်ဳိး အရင္က မရွိဖူးေသးပါဘူး။”

ႏုိင္္ငံေရးေလာကဟာ ၿပီးခဲ့တဲ့လေတြအတြင္း တရားစြဲဆိုမႈ ဇာတ္လမ္းရွည္ႀကီးနဲ႔ အခ်ိန္ကုန္ခဲ့ၾကေပမယ့္ မဲဆႏၵရွင္ေတြကေတာ့ ခပ္လြယ္လြယ္ ေမ့သြားမွာပဲလို႔ ဗာဂ်ီးနီးယား တကၠသိုလ္က ႏုိင္္ငံေရးကၽြမ္းက်င္သူ Larry Sabato က ေျပာပါတယ္။

“ဒီကိစၥက ေနာက္ႏွစ္ ႏုိဝင္ဘာလမွာ လူေတြထင္ထားသေလာက္ အေရးပါမွာ မဟုတ္ပါဘူး။ ဟိုးအေဝးႀကီးမွာ က်န္ခဲ့တဲ့ အတိတ္ျဖစ္ရပ္တခုအျဖစ္ ျမင္ၾကမွာပါ။ အဲဒီေနာက္ တျခားအ႐ႈပ္အေထြးေတြ၊ တျခားကိစၥေတြ၊ ဒီိမိုကရက္နဲ႔ ရီပတ္ဘလစ္ကန္ သမၼတေလာင္းႏွစ္ေယာက္ စတာေတြက ေရြးေကာက္ပြဲကို လႊမ္းမိုးမွာပါ။ သမၼတကို တရားစြဲတဲ့ကိစၥ မဟုတ္ပါဘူး။”

တရားစြဲဆိုမႈအေပၚ လူထုသေဘာထားက လံုးဝကြဲျပားတယ္ဆိုတာ စစ္တမ္းေတြမွာ ေတြ႔ရၿပီး ေအာက္လႊတ္ေတာ္မွာ ရွည္လ်ားတဲ့ လုပ္ငန္းစဥ္က အဲဒီကြဲျပားမႈကို ေျပာင္းမသြားေစခဲ့ဘူးလုိ႔ ေလ့လာသူ Capri Cafaro က ေျပာပါတယ္။

“တရားစြဲတဲ့ကိစၥက လူေတြ စိတ္ေျပာင္းသြားေလာက္ရေအာင္ သိသာတဲ့ သက္ေရာက္မႈ တကယ္တမ္း မရွိဘူးလို႔ က်မထင္ပါတယ္။ ရွိထားၿပီးသား ေထာက္ခံသူေတြ ပိုခိုင္မာသြားေစတယ္လုိ႔ပဲ က်မယူဆပါတယ္။”

အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးမႈကို ဇန္နဝါရီလမွာ စလုပ္မွာပါ။ ဒါေပမယ့္လည္း တကယ့္ဆံုးျဖတ္ခ်က္ကို ေပးမွာကေတာ့ ႏုိဝင္ဘာလမွာ မဲေပးၾကမယ့္ အေမရိကန္ မဲဆႏၵရွင္ေတြပဲ ျဖစ္ပါတယ္။

----------------------------------

(Unicode)

Donald Trump ကို တရားစွဲမယ့်ကိစ္စ ကန်သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုရိုက်ခတ်မလဲ

နိုင်ငံရေးပြိုင်ဘက် Joe Biden ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းကို ဖိအားပေးတဲ့အပေါ် သမ္မတ Donald Trump ကို အောက်လွှတ်တော်က တရားစွဲလိုက်တာကြောင့် သူဟာ သမိုင်းမှတ်တမ်းဝင်သွားပါပြီ။ ရီပတ်ဘလစ်ကန် ထိန်းချုုပ်ထားတဲ့ အထက်လွှတ်တော်မှာ နှစ်ဆန်းပိုင်း တရားစစ်ဆေးတဲ့အခါ သမ္မတ Trump မှာ အပြစ်မရှိဘူးဆိုပြီး ဆုံးဖြတ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် တရားစွဲဆိုမှုကနေ နိုင်ငံရေး တန်ပြန်သက်ရောက်မှုဟာ ၂၀၂၀ ပြည့် သမ္မတရွေးကောက်ပွဲမှာ အဓိကကျတဲ့ကိစ္စတခု ဖြစ်လာမှာပါ။ Jim Malone ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အကျပ်အတည်းဆိုက်တဲ့ အချိန်တိုင်းမှာ သမ္မတ Trump အနေနဲ့ သူ့ကို ထောက်ခံသူတွေရဲ့ အားပေးမှုကို အမြဲတမ်း အားကိုးအားထား ပြုနိုင်ပါတယ်။

သူ့ကို တရားစွဲဖို့ အောက်လွှတ်တော် မဲခွဲနေချိန်မှာတောင်မှ မီရှီဂန်ပြည်နယ် မဲဆွယ်ပွဲအတွင်း ဒီမိုကရက်တွေကို ထိုးနှက်ခဲ့ပါတယ်။

“ခင်ဗျားတို့ကသာ အမေရိကန်ရွေးကောက်ပွဲတွေကို နှောင့်ယှက်တာ။ ခင်ဗျားတို့ကသာ အမေရိကန် ဒီမိုကရေစီကို အန္တရာယ်ပေးတာ။ ကျနော်တို့က ဘာဆိုဘာမှ မဟုတ်တာ လုပ်မထားဘူး။ ဒါဟာ အကြောင်းပြချက် သက်သက်ပဲ။” လို့ သမ္မတ Trump က ပြောသွားတာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်နိုင်အောင် ယူူကရိန်းအကူအညီယူဖို့ သမ္မတက ကြိုးစားတာကို လျစ်လျူရှုမထားနိုင်တာကြောင့် သမ္မတကို တရားစွဲရတာလို့ အောက်လွှတ်တော် ဒီမိုကရက်တွေက ပြောပါတယ်။

မေရီလန်း အောက်လွှတ်တော်အမတ် Steny Hoyer က “နိုင်ငံတည်ထောင်ခဲ့သူတွေ ရည်ရွယ်သလို ကျနော်တို့ဟာ ဥပဒေစိုးမိုးတဲ့နိုင်ငံ ဖြစ်နေသေးသလား ဒါမှမဟုတ် လူတယောက်က ဥပဒေအထက်မှာ ရှိနေနိုင်တာကို ကျနော်တို့ လက်ခံမှာလားဆိုတာ ဒီတရားစွဲဆိုမှုက မေးခွန်းထုတ်တာပါပဲ။” လို့ ပြောပါတယ်။

အထက်လွှတ်တော် တရားစစ်ဆေးမှုမှာ လူများစုခေါင်းဆောင် Mitch McConnell အပါအဝင် ရီပတ်ဘလစ်ကန်တွေက သမ္မတမှာ အပြစ်မရှိဘူးဆိုပြီး ဆုံးဖြတ်ကြမှာမို့ သမ္မတအတွက် အလားအလာက အများကြီး ပိုကောင်းပါတယ်။

“ဒီအောက်လွှတ်တော်ဟာ ဒီသမ္မတအပေါ် နိုင်ငံရေးပယောဂနဲ့ လုပ်ဆောင်လိုက်တာက အနာဂတ်ထိ ပါသွားစေမယ့် ဆိုးရွားတဲ့ အစဉ်အလာတခုကို ဖန်တီးလိုက်တာပါပဲ။”

အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကတော့ သမ္မတအပေါ် စွဲချက်တွေကို သူ့ပါတီအနေနဲ့ ခိုင်မာအောင် လုပ်မယ်လို့ ပြောပါတယ်။

“ဒီဖြစ်ရပ်မှာ သမ္မတအနေနဲ့ စစ်ဆေးခံရတာကနေ ရှောင်သွားနိုင်တယ်လို့ ကျနော်တို့ပြောလိုက်ရင် သူ ထပ်ခါတလဲလဲ လုပ်နေမယ်ဆိုတာ ကျနော် သံသယမရှိပါဘူး။”

ဒီတရားစွဲဆိုမှုက နောက်နှစ် သမ္မတရွေးကောက်ပွဲမှာ အဓိကကိစ္စရပ်တခု ဖြစ်လာဖို့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တွေ ခန့်မှန်းထားကြတယ်လို့ AP သတင်းဌာနက Juli Pace က ပြောပါတယ်။

“ဒါက ဘယ်လိုမှ မသိနိုင်သေးတဲ့ ကိစ္စပါပဲ။ ပါတီနှစ်ရပ်စလုံးက သူတို့ဘက်မှာ အသာရနိုင်တယ်လို့ ထင်ကြပါတယ်။ နောက်ကွယ်မှာကျတော့ သူတို့ ထိခိုက်နိုင်တယ်လို့ ထင်တာပါ။ ဒါပေမယ့် တရားစွဲဆိုတာဖြစ်လာပြီး အဲဒီ တရားစွဲခံရတဲ့ သမ္မတက ရွေးကောက်ပွဲ ပြန်ဝင်တာမျိုး အရင်က မရှိဖူးသေးပါဘူး။”

နိုင်ငံရေးလောကဟာ ပြီးခဲ့တဲ့လတွေအတွင်း တရားစွဲဆိုမှု ဇာတ်လမ်းရှည်ကြီးနဲ့ အချိန်ကုန်ခဲ့ကြပေမယ့် မဲဆန္ဒရှင်တွေကတော့ ခပ်လွယ်လွယ် မေ့သွားမှာပဲလို့ ဗာဂျီးနီးယား တက္ကသိုလ်က နိုင်ငံရေးကျွမ်းကျင်သူ Larry Sabato က ပြောပါတယ်။

“ဒီကိစ္စက နောက်နှစ် နိုဝင်ဘာလမှာ လူတွေထင်ထားသလောက် အရေးပါမှာ မဟုတ်ပါဘူး။ ဟိုးအဝေးကြီးမှာ ကျန်ခဲ့တဲ့ အတိတ်ဖြစ်ရပ်တခုအဖြစ် မြင်ကြမှာပါ။ အဲဒီနောက် တခြားအရှုပ်အထွေးတွေ၊ တခြားကိစ္စတွေ၊ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်းနှစ်ယောက် စတာတွေက ရွေးကောက်ပွဲကို လွှမ်းမိုးမှာပါ။ သမ္မတကို တရားစွဲတဲ့ကိစ္စ မဟုတ်ပါဘူး။”

တရားစွဲဆိုမှုအပေါ် လူထုသဘောထားက လုံးဝကွဲပြားတယ်ဆိုတာ စစ်တမ်းတွေမှာ တွေ့ရပြီး အောက်လွှတ်တော်မှာ ရှည်လျားတဲ့ လုပ်ငန်းစဉ်က အဲဒီကွဲပြားမှုကို ပြောင်းမသွားစေခဲ့ဘူးလို့ လေ့လာသူ Capri Cafaro က ပြောပါတယ်။

“တရားစွဲတဲ့ကိစ္စက လူတွေ စိတ်ပြောင်းသွားလောက်ရအောင် သိသာတဲ့ သက်ရောက်မှု တကယ်တမ်း မရှိဘူးလို့ ကျမထင်ပါတယ်။ ရှိထားပြီးသား ထောက်ခံသူတွေ ပိုခိုင်မာသွားစေတယ်လို့ပဲ ကျမယူဆပါတယ်။”

အထက်လွှတ်တော်မှာ တရားစစ်ဆေးမှုကို ဇန်နဝါရီလမှာ စလုပ်မှာပါ။ ဒါပေမယ့်လည်း တကယ့်ဆုံးဖြတ်ချက်ကို ပေးမှာကတော့ နိုဝင်ဘာလမှာ မဲပေးကြမယ့် အမေရိကန် မဲဆန္ဒရှင်တွေပဲ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG