(Zawgyi/Unicode)
တိုင္ဝမ္၊ ေဟာင္ေကာင္၊ ဆင္က်န္းနဲ႔ တိဘက္ေဒသေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ဘက္က ေျပာဆုိ လုပ္ေဆာင္ခ်က္ေတြဟာ ႏွစ္ႏုိင္ငံ ဆက္ဆံေရးကို ထိခိုက္ေစတယ္လုိ႔ တ႐ုတ္သမၼတ ရွီ က်င့္ဖ်င္က အေမရိကန္သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို ေသာၾကာေန႔က ေျပာတဲ့အေၾကာင္း တ႐ုတ္ႏုိ္င္ငံပိုင္သတင္းဌာနက ေဖာ္ျပပါတယ္။
“အေမရိကန္ရဲ႕ အျပဳအမူေတြဟာ တ႐ုတ္ျပည္တြင္းကို ဝင္ေရာက္စြက္ဖက္တာျဖစ္သလို တ႐ုတ္္အက်ဳိးစီးပြား နစ္နာေစၿပီးေတာ့ အျပန္အလွန္ယံုၾကည္မႈနဲ႔ ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္မႈေတြကို ထိခိုက္ေစတယ္လုိ႔ သမၼတရွီက သမၼတထရမ့္ပ္ကို တယ္လီဖုန္း ဆက္ ေျပာဆိုတယ္လို႔ တ႐ုတ္ႏုိင္ငံပိုင္ ဆင္ဟြာသတင္းဌာက ေျပာပါတယ္။
ေခါင္းေဆာင္ႏွစ္ေယာက္အၾကား ေျပာဆိုတာေတြကေန ရထားတဲ့ အေရးႀကီးတဲ့ ႏွစ္ဘက္ သေဘာတူညီခ်က္ေတြကို အေမရိကန္ အစိုးရအေနနဲ႔ အေလးအနက္ အေကာင္အထည္ေဖာ္မယ္၊ တ႐ုတ္ရဲ႕ စိုးရိမ္ခ်က္ေတြကို အထူးအေလးထား ဂ႐ုစိုက္မယ္၊ ႏွစ္ႏုိင္ငံ ဆက္ဆံေရးနဲ႔ အေရးႀကီးတဲ့ကိစၥရပ္ေတြ အေႏွာင့္အယွက္မျဖစ္ေအာင္ တားဆီးမယ္လို႔ တ႐ုတ္ႏုိင္ငံက ေမွ်ာ္လင့္တဲ့အေၾကာင္း သမၼတရွီက သမၼတထရမ့္ပ္ကို ေျပာတယ္လုိ႔ ဆင္ဟြာသတင္းဌာနက ေဖာ္ျပပါတယ္။
.....................
ကန်ရဲ့ပြောဆိုလုပ်ဆောင်ချက်တချို့ တရုတ်ပြည်တွင်းရေး ဝင်စွက်ရာကျကြောင်း သမ္မတ Xi Jinping ထောက်ပြ
(Unicode)
တိုင်ဝမ်၊ ဟောင်ကောင်၊ ဆင်ကျန်းနဲ့ တိဘက်ဒေသတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ပြောဆို လုပ်ဆောင်ချက်တွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို သောကြာနေ့က ပြောတဲ့အကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။
“အမေရိကန်ရဲ့ အပြုအမူတွေဟာ တရုတ်ပြည်တွင်းကို ဝင်ရောက်စွက်ဖက်တာဖြစ်သလို တရုတ်အကျိုးစီးပွား နစ်နာစေပြီးတော့ အပြန်အလှန်ယုံကြည်မှုနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်စေတယ်လို့ သမ္မတရှီက သမ္မတထရမ့်ပ်ကို တယ်လီဖုန်း ဆက် ပြောဆိုတယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာက ပြောပါတယ်။
ခေါင်းဆောင်နှစ်ယောက်အကြား ပြောဆိုတာတွေကနေ ရထားတဲ့ အရေးကြီးတဲ့ နှစ်ဘက် သဘောတူညီချက်တွေကို အမေရိကန် အစိုးရအနေနဲ့ အလေးအနက် အကောင်အထည်ဖော်မယ်၊ တရုတ်ရဲ့ စိုးရိမ်ချက်တွေကို အထူးအလေးထား ဂရုစိုက်မယ်၊ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေ အနှောင့်အယှက်မဖြစ်အောင် တားဆီးမယ်လို့ တရုတ်နိုင်ငံက မျှော်လင့်တဲ့အကြောင်း သမ္မတရှီက သမ္မတထရမ့်ပ်ကို ပြောတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။