သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေရာက္ ဒုကၡသည္ ဌာေနျပန္ေရး တ႐ုတ္ကမ္းလွမ္းခ်က္


နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးလာၾကတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား (ႏို၀င္ဘာလ ၂၊ ၂၀၁၇)

(Zawgyi / Unicode)

႐ုိဟင္ဂ်ာျပႆနာအတြက္ ေရရွည္ခံတဲ့ ေျဖရွင္းခ်က္တရပ္ ထြက္ေပၚလာေရး တ႐ုတ္ဘက္က တမူထူးျခားတဲ့ နည္းလမ္းနဲ႔ ေဆာင္ရြက္ေနတယ္လို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက တနဂၤေႏြေန႔မွာ ေျပာဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ National Press Club မွာလုပ္တဲ့ ႐ုိဟင္ဂ်ာေတြ ၿငိမ္းခ်မ္းစြာ ဌာေနျပန္ႏုိင္ေရး နည္းလမ္းရွာတဲ့ ေဆြးေႏြးပြဲမွာ တ႐ုတ္သံအမတ္ႀကီး Li Juming က ေျပာဆိုသြားတာ ျဖစ္ပါတယ္။

႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းေတြကို သူကိုယ္တို္င္ သြားေရာက္ခဲ့ၿပီးေနာက္ ယံုၾကည္မႈ နည္းေနတယ္ဆိုတဲ့ အေျခအေနကို ေျဖရွင္းႏုိင္ေရးအတြက္ သူ႔အေနနဲ႔ ၁+၁+၂ စီမံကိန္း ထြက္လာေၾကာင္း၊ ႐ုိဟင္ဂ်ာ မိသားစုေတြထဲက ဌာေနျပန္ႏုိင္ေျခရွိသူ ကိုယ္စားလွယ္တဦးကို ေရြးထုတ္ေပးရင္ တ႐ုတ္ဘက္က အဲဒီကိုယ္စားလွယ္နဲ႔ က်န္ခဲ့မယ့္ မိသားစုအတြက္ မိုဘုိင္းဖုန္း ၂ လံုး ေပးမွာျဖစ္ေၾကာင္း၊ ဌာေနျပန္မယ့္ မိသားစုကိုယ္စားလွယ္က ဆႏၵအေလ်ာက္ ျမန္မာျပည္တြင္းကို ျပန္ၿပီး ကိုယ္တိုင္ ေလ႔လာၾကည့္႐ႈၿပီး က်န္ခဲ့တဲ့မိသားစုနဲ႔ ဌာေနျပန္သင့္ မသင့္ ဆံုးျဖတ္ႏုိင္ေအာင္ အေျခအေနေတြ အခ်ိန္နဲ႔တေျပးညီ အေၾကာင္းၾကား ေျပာျပဖို႔ ျဖစ္တယ္လို႔ တ႐ုတ္သံအမတ္ႀကီးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကေန ဌာေနျပန္မယ့္သူရဲ႕ လံုၿခံဳေရးကို ျမန္မာအစိုးရက အာမခံခ်က္ေပးမယ္လုိ႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ႐ုိဟင္ဂ်ာ အသံုးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ေျပာဆိုထားတာပါ။

႐ုိဟင္ဂ်ာကိစၥအေပၚ ဘဂၤလားေဒ့ရွ္ရဲ႕ စိုးရိမ္မႈကို တ႐ုတ္က နားလည္တဲ့အေၾကာင္း၊ ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္ တ႐ုတ္ႏိုင္ငံခရီးစဥ္ အတြင္းမွာပဲ ဒုကၡသည္ေတြကို လက္ခံၿပီး ခိုလံႈခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း၊ ေဆြးေႏြးမႈေတြနဲ႔ ေျဖရွင္းႏုိင္ေရးအတြက္ ပတ္သက္ေနသူေတြကို တ႐ုတ္ဘက္က ေထာက္ပံ့မယ့္အေၾကာင္း တ႐ုတ္သမၼတ Xi Jinping က ေျပာဆိုခဲ့တယ္လို႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။

တ႐ုတ္အေနနဲ႔ကေတာ့ တဖက္ဖက္ကို မ်က္ႏွာသာေပးၿပီး ေဆာင္ရြက္မွာ မဟုတ္ေၾကာင္း၊ ႐ုိဟင္ဂ်ာအေရး ေျဖရွင္းလိုက္ရင္ ႏွစ္ႏိုင္ငံလံုးအတြက္ အက်ိဳးရွိေစမွာ ျဖစ္တယ္ဆိုတာကို ျမန္မာအစိုးရ လက္ခံလာေအာင္ တေလွ်ာက္လံုး ႀကိဳးပမ္းေနတယ္လို႔လည္း ဘဂၤလားေဒ့ရွ္ဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက ေဆြးေႏြးပြဲမွာ ေျပာဆိုပါတယ္။

အခုအခ်ိန္ထိဆိုရင္ ႐ုိဟင္ဂ်ာ ၃၄၅၀ ကို ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ဖက္လံုးက စိစစ္ အတည္ျပဳထားၿပီး ျဖစ္ေၾကာင္း၊ ဟိႏၵဴ ႐ုိဟင္ဂ်ာေတြနဲ႔ ႏွစ္ႏုိင္ငံ နယ္စပ္မ်ဥ္းမွာ ေနထိုင္ေနၾကတဲ့သူေတြကို အေစာဆံုး ဌာေနျပန္ႏုိင္ေရး ဦးစားေပးေဆာင္ရြက္ဖို႔၊ ျမန္မာဘက္ကလည္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူေတြနဲ႔ ယံုၾကည္မႈ တည္ေဆာက္ႏုိင္ေရး ပိုၿပီး လုပ္ေဆာင္ဖို႔နဲ႔ NVC မွာ နားလည္မႈလြဲေနတဲ့ အသံုးအႏႈန္းေတြကို ျပင္ေပးဖို႔၊ ေနာက္ ဘဂၤလားေဒ့ရွ္ဘက္ကလည္း ဒုကၡသည္ ဌာေနျပန္ေရးအတြက္ ပိုၿပီး ခ်ဥ္းကပ္ ေဆာင္ရြက္ႏုိင္ေရးအတြက္ ေကာ့ဇ္ဘဇားမွာ လူအင္အားနဲ႔ အရင္းအျမစ္ေတြ ထပ္မံတိုးျမႇင့္ဖို႔ သေဘာတူထားေၾကာင္းလည္း တ႐ုတ္သံအမတ္ႀကီးက ေျပာပါတယ္။

----------------------------------

(Unicode)

ဘင်္ဂလားရောက် ဒုက္ခသည် ဌာနေပြန်ရေး တရုတ်ကမ်းလှမ်းချက်

ရိုဟင်ဂျာပြဿနာအတွက် ရေရှည်ခံတဲ့ ဖြေရှင်းချက်တရပ် ထွက်ပေါ်လာရေး တရုတ်ဘက်က တမူထူးခြားတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် National Press Club မှာလုပ်တဲ့ ရိုဟင်ဂျာတွေ ငြိမ်းချမ်းစွာ ဌာနေပြန်နိုင်ရေး နည်းလမ်းရှာတဲ့ ဆွေးနွေးပွဲမှာ တရုတ်သံအမတ်ကြီး Li Juming က ပြောဆိုသွားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သူကိုယ်တိုင် သွားရောက်ခဲ့ပြီးနောက် ယုံကြည်မှု နည်းနေတယ်ဆိုတဲ့ အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် သူ့အနေနဲ့ ၁+၁+၂ စီမံကိန်း ထွက်လာကြောင်း၊ ရိုဟင်ဂျာ မိသားစုတွေထဲက ဌာနေပြန်နိုင်ခြေရှိသူ ကိုယ်စားလှယ်တဦးကို ရွေးထုတ်ပေးရင် တရုတ်ဘက်က အဲဒီကိုယ်စားလှယ်နဲ့ ကျန်ခဲ့မယ့် မိသားစုအတွက် မိုဘိုင်းဖုန်း ၂ လုံး ပေးမှာဖြစ်ကြောင်း၊ ဌာနေပြန်မယ့် မိသားစုကိုယ်စားလှယ်က ဆန္ဒအလျောက် မြန်မာပြည်တွင်းကို ပြန်ပြီး ကိုယ်တိုင် လေ့လာကြည့်ရှုပြီး ကျန်ခဲ့တဲ့မိသားစုနဲ့ ဌာနေပြန်သင့် မသင့် ဆုံးဖြတ်နိုင်အောင် အခြေအနေတွေ အချိန်နဲ့တပြေးညီ အကြောင်းကြား ပြောပြဖို့ ဖြစ်တယ်လို့ တရုတ်သံအမတ်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ဌာနေပြန်မယ့်သူရဲ့ လုံခြုံရေးကို မြန်မာအစိုးရက အာမခံချက်ပေးမယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောဆိုထားတာပါ။

ရိုဟင်ဂျာကိစ္စအပေါ် ဘင်္ဂလားဒေ့ရှ်ရဲ့ စိုးရိမ်မှုကို တရုတ်က နားလည်တဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တရုတ်နိုင်ငံခရီးစဉ် အတွင်းမှာပဲ ဒုက္ခသည်တွေကို လက်ခံပြီး ခိုလှုံခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းနိုင်ရေးအတွက် ပတ်သက်နေသူတွေကို တရုတ်ဘက်က ထောက်ပံ့မယ့်အကြောင်း တရုတ်သမ္မတ Xi Jinping က ပြောဆိုခဲ့တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

တရုတ်အနေနဲ့ကတော့ တဖက်ဖက်ကို မျက်နှာသာပေးပြီး ဆောင်ရွက်မှာ မဟုတ်ကြောင်း၊ ရိုဟင်ဂျာအရေး ဖြေရှင်းလိုက်ရင် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမှာ ဖြစ်တယ်ဆိုတာကို မြန်မာအစိုးရ လက်ခံလာအောင် တလျှောက်လုံး ကြိုးပမ်းနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးက ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။

အခုအချိန်ထိဆိုရင် ရိုဟင်ဂျာ ၃၄၅၀ ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်လုံးက စိစစ် အတည်ပြုထားပြီး ဖြစ်ကြောင်း၊ ဟိန္ဒူ ရိုဟင်ဂျာတွေနဲ့ နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ နေထိုင်နေကြတဲ့သူတွေကို အစောဆုံး ဌာနေပြန်နိုင်ရေး ဦးစားပေးဆောင်ရွက်ဖို့၊ မြန်မာဘက်ကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေး ပိုပြီး လုပ်ဆောင်ဖို့နဲ့ NVC မှာ နားလည်မှုလွဲနေတဲ့ အသုံးအနှုန်းတွေကို ပြင်ပေးဖို့၊ နောက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒုက္ခသည် ဌာနေပြန်ရေးအတွက် ပိုပြီး ချဉ်းကပ် ဆောင်ရွက်နိုင်ရေးအတွက် ကော့ဇ်ဘဇားမှာ လူအင်အားနဲ့ အရင်းအမြစ်တွေ ထပ်မံတိုးမြှင့်ဖို့ သဘောတူထားကြောင်းလည်း တရုတ်သံအမတ်ကြီးက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG