သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတတဦး၏ ႏွစ္ ၂၀ ေက်ာ္အတြင္း ပထမဆံုး နီေပါလ္ခရီးစဥ္


နီေပါလ္ႏုိင္ငံသုိ႔ ေရာက္ရွိၿပီးေနာက္ ႀကိဳဆုိသည့္ ကေလးငယ္မ်ား ႏႈတ္ဆက္ေနသည့္ တ႐ုတ္သမၼတ Xi Jinping. (ေအာက္တုိဘာ ၁၂၊ ၂၀၁၉)

တ႐ုတ္သမၼတ Xi Jinping ဟာ စေနေန႔မွာ နီေပါလ္ႏိုင္ငံကို သြားေရာက္ခဲ့ပါတယ္။ ဒါဟာ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း တ႐ုတ္သမၼတတဦးရဲ႕ ပထမဆံုး နီေပါလ္ခရီးစဥ္ျဖစ္သလို ႏွစ္ႏိုင္ငံၾကား ပင္မအေျခခံအေဆာက္အအံုဆိုင္ရာ စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး သေဘာတူညီခ်က္ေတြ လက္မွတ္ေရးထိုးမယ္လို႔လည္း ခန္႔မွန္းၾကပါတယ္။

အိႏၵိယမွာ ဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ ေတြ႔ဆံုခဲ့တဲ့ တ႐ုတ္သမၼတ Xi ဟာ အိႏၵိယကေန နီေပါလ္ကို စေနေန႔မွာ ေရာက္သြားတာျဖစ္ပါတယ္။ အိမ္နီးခ်င္းႏိုင္ငံႀကီး ႏွစ္ႏိုင္ငံျဖစ္တဲ့ အိႏၵိယ၊ တ႐ုတ္တို႔နဲ႔ ဆက္ဆံေရး တည္ေဆာက္ရာမွာ နီေပါလ္အေနနဲ႔ သတိႀကီးႀကီးထား လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

နီေပါလ္ႏုိင္ငံရဲ႕ စီးပြားေရးနဲ႔ ႏိုင္ငံေရးမွာ အိႏၵိယက က်ယ္က်ယ္ျပန္႔ျပန္႔ လႊမ္းမိုးမႈရွိေနသလို နီေပါလ္ရဲ႕ ျမင့္မားတဲ့ ေတာင္တန္းေဒသ တေလွ်ာက္ဟာလည္း တ႐ုတ္နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတာပါ။

တ႐ုတ္သမၼတ Jiang Zemin လက္ထက္ ၁၉၆၆ ခုႏွစ္က နီေပါလ္ကို တ႐ုတ္သမၼတတဦးအေနနဲ႔ ေနာက္ဆံုးသြားေရာက္တာ ျဖစ္ေပမယ့္ တျခား တ႐ုတ္ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးေတြ အပါအဝင္ တ႐ုတ္ေခါင္းေဆာင္ေတြကေတာ့ အဲဒီအခ်ိန္ကတည္းကစၿပီး နီေပါလ္ကို တရားဝင္ခရီးစဥ္ မသြားေရာက္ၾကပါဘူး။

အခု တ႐ုတ္သမၼတ Xi လာေရာက္ခ်ိန္မွာ နီေပါသမၼတ Bidhya Devi Bhandari နဲ႔ နီေပါလ္ဝန္ႀကီးခ်ဳပ္ K.P. Sharma Oli တို႔က Kathmandu ေလဆိပ္မွာ သြားေရာက္ႀကိဳဆိုခဲ့ၾကပါတယ္။ တ႐ုတ္သမၼတရဲ႕ ခရီးစဥ္အတြင္း တနဂၤေႏြေန႔မွာ က်င္းပမယ့္ တရားဝင္ေဆြးေႏြးပြဲမွာ ဟိမဝႏၲာေတာင္တန္းေဒသ ေက်ာ္ျဖတ္ဆက္သြယ္မႈဆိုင္ရာနဲ႔ ေနရပ္ရင္း ျပန္ပို႔ေရးဆိုင္ရာ ကိစၥရပ္ေတြကို အဓိက ေဆြးေႏြးႏိုင္ဖြယ္ရာ ရွိသလို နီေပါလ္က Kathmandu နဲ႔ တိဘက္က Keirung ၾကား ရထားလမ္းေဖာက္လုပ္ဖို႔ စီမံကိန္းကိုပါ လက္မွတ္ေရးထိုးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

တ႐ုတ္သမၼတရဲ႕ ခရီးစဥ္အတြင္း ဆႏၵျပမႈေတြကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ေသာၾကာေန႔ကစၿပီး တိဘက္ကေန လာေရာက္ခိုလႈံေနတဲ့ ဒုကၡသည္တခ်ိဳ႕ အပါအဝင္ လူေပါင္း ၂၂ ေယာက္ကို ရဲေတြက ထိန္းသိမ္းထားပါတယ္။

---------------------------------

(Unicode)

တရုတ်သမ္မတတဦး၏ နှစ် ၂၀ ကျော်အတွင်း ပထမဆုံး နီပေါလ်ခရီးစဉ်

တရုတ်သမ္မတ Xi Jinping ဟာ စနေနေ့မှာ နီပေါလ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်သမ္မတတဦးရဲ့ ပထမဆုံး နီပေါလ်ခရီးစဉ်ဖြစ်သလို နှစ်နိုင်ငံကြား ပင်မအခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးမယ်လို့လည်း ခန့်မှန်းကြပါတယ်။

အိန္ဒိယမှာ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတ Xi ဟာ အိန္ဒိယကနေ နီပေါလ်ကို စနေနေ့မှာ ရောက်သွားတာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ တရုတ်တို့နဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ နီပေါလ်အနေနဲ့ သတိကြီးကြီးထား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

နီပေါလ်နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ အိန္ဒိယက ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးမှုရှိနေသလို နီပေါလ်ရဲ့ မြင့်မားတဲ့ တောင်တန်းဒေသ တလျှောက်ဟာလည်း တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။

တရုတ်သမ္မတ Jiang Zemin လက်ထက် ၁၉၆၆ ခုနှစ်က နီပေါလ်ကို တရုတ်သမ္မတတဦးအနေနဲ့ နောက်ဆုံးသွားရောက်တာ ဖြစ်ပေမယ့် တခြား တရုတ်ဝန်ကြီးချုပ်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အပါအဝင် တရုတ်ခေါင်းဆောင်တွေကတော့ အဲဒီအချိန်ကတည်းကစပြီး နီပေါလ်ကို တရားဝင်ခရီးစဉ် မသွားရောက်ကြပါဘူး။

အခု တရုတ်သမ္မတ Xi လာရောက်ချိန်မှာ နီပေါသမ္မတ Bidhya Devi Bhandari နဲ့ နီပေါလ်ဝန်ကြီးချုပ် K.P. Sharma Oli တို့က Kathmandu လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ တရုတ်သမ္မတရဲ့ ခရီးစဉ်အတွင်း တနင်္ဂနွေနေ့မှာ ကျင်းပမယ့် တရားဝင်ဆွေးနွေးပွဲမှာ ဟိမဝန္တာတောင်တန်းဒေသ ကျော်ဖြတ်ဆက်သွယ်မှုဆိုင်ရာနဲ့ နေရပ်ရင်း ပြန်ပို့ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆွေးနွေးနိုင်ဖွယ်ရာ ရှိသလို နီပေါလ်က Kathmandu နဲ့ တိဘက်က Keirung ကြား ရထားလမ်းဖောက်လုပ်ဖို့ စီမံကိန်းကိုပါ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်သမ္မတရဲ့ ခရီးစဉ်အတွင်း ဆန္ဒပြမှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောကြာနေ့ကစပြီး တိဘက်ကနေ လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည်တချို့ အပါအဝင် လူပေါင်း ၂၂ ယောက်ကို ရဲတွေက ထိန်းသိမ်းထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG