သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ


တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ
တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ

ကက်ရှ်မီးယားဒေသကိစ္စ အငြင်းပွားဖွယ် ဖြစ်နေချိန်မှာပဲ တရုတ် သမ္မတ ရှီဂျင်းပင်းနဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရိမ်ဒရာ မိုဒီတို့ဟာ အိန္ဒိယနိုင်ငံ Mahabalipuram မြို့မှာ အောက်တိုဘာလ ၁၁ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံအနေနဲ့ အစွန်းရောက်ဝါဒစွဲ သွတ်သွင်းမှုတွေကို ဆန့်ကျင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်နှစ်ဦး ကတိကဝတ် ပြုခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vijay Gokhale ကို ကိုးကားပြီး Press Trust of India က သောကြာနေ့ သတင်းတစ်ရပ်မှာ ဖော်ပြရေးသား ထားပါတယ်။

သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံက ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ကို နှစ်ပိုင်းခွဲကြောင်း ကြေညာခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး မပြေ မလည်ဖြစ်နေချိန်မှာ အခုလို ခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ကြေညာချက်ကြောင့် တရုတ်နိုင်ငံက ပိုင်ဆိုင်တယ် လို့ ကြေညာထားတဲ့ Ladakh ဒေသ တစ်စိတ်တစ်ပိုင်းဟာ အိန္ဒိယရဲ့ သီးခြား အုပ်ချုပ်မှု နယ်မြေတစ်ခုအဖြစ် ရောက်ရှိသွားခဲ့ပါတယ်။

အိန္ဒိယက ကက်ရှ်မီးယားကိစ္စ ကြေညာချက် ထုတ်ပြန်အပြီးမှာ မူဆလင် အများစု နေထိုင်ရာ ကက်ရှ်မီးယားဒေသ အများစုကို ထိန်းချုပ်ထားတဲ့ ပါကစ္စတန်နိုင်ငံကို တရုတ်နိုင်ငံက သံတမန်ရေးအရ ထောက်ခံအားပေးခဲ့တာကြောင့် အိန္ဒိယနိုင်ငံကို အမျက်ဒေါသ ထွက်စေခဲ့ပါတယ်။

အစောပိုင်းမှာတော့ အိန္ဒိယ Express သတင်းစာက အမည်မသိ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး ကက်ရှ်မီးယားကိစ္စ အိန္ဒိယနိုင်ငံက အခုလို ဆုံးဖြတ်ရတဲ့ကိစ္စကို ဒီ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် မိုဒီက တရုတ်သမ္မတ ရှီဂျင်ပင်းကို ရှင်းလင်းပြေားလိမ့်မယ်ဆိုပြီး ရေးသားထား ပါတယ်။

...................

{Unicode}

တရုတျသမ်မတနဲ့ အိန်ဒိယဝနျကွီးခြုပျ တှေ့ဆုံ





တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG