သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယေရာက္ ဘဂၤလားေဒ့ရ္ွ၀န္ႀကီးခ်ဳပ္ ႐ိုဟင္ဂ်ာအေရးေဆြးေႏြးဖြယ္ရိွ


ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္ Sheikh Hasina (ေအာက္တိုဘာ၊ ၀၃၊ ၂၀၁၉)

အိႏၵိယႏုိင္ငံကုိ ဒီကေန႔ပဲ ေရာက္ရွိလာတဲ့ ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္ Sheikh Hasina ဟာ ၄ ရက္ၾကာ ခရီးစဥ္အတြင္း ၂ ႏုိင္ငံၾကား ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈေတြ တုိးျမွင့္ေရး စာခ်ဳပ္ေတြကုိ လက္မွတ္ေရးထုိးဖုိ႔ ရွိသလုိ ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြ အေရးကုိပါ ေဆြးေႏြးလိမ့္မယ္လုိ႔ ခန္႔မွန္းရပါတယ္။

စေနေန႔မွာ ၀န္ႀကီးခ်ဳပ္ Narendra Modi နဲ႔ ေတြ႔ဆုံဖုိ႔ရွိတဲ့ ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္ဟာ ကမာၻ႔စီးပြားေရးဖုိရမ္မွာလည္း မိန္႔ခြန္းေျပာဖုိ႔ စီစဥ္ထားတာပါ။

ျမန္မာႏုိင္ငံကေန ထြက္ေျပးလာၿပီး ဘဂၤလားေဒ့ရွ္ ႏုိင္ငံမွာ ခုိလႈံေနၾကတဲ့ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရး ႀကိဳးပမ္းမႈေတြမွာ အိႏၵိယႏုိင္ငံက ေထာက္ခံမႈရေအာင္ ႀကိဳးပမ္းလိမ့္မယ္လုိ႔လည္း ခန္႔မွန္းရပါတယ္။ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ အိႏၵိယ၊ တ႐ုတ္၊ ဂ်ပန္ႏုိင္ငံေတြက ပူးေပါင္းကူညီမႈေတြ ရႏုိင္ဖုိ႔လည္း ဘဂၤလားေဒ့ရွ္ ႏုိင္ငံက ႀကိဳးပမ္းေနတာပါ။

႐ုိဟင္ဂ်ာဒုကၡသည္ ခန္႔မွန္းေခ် ၄၀,၀၀၀ ေလာက္ရွိေနတဲ့ အိႏၵိယႏုိင္ငံကေတာ့ တရားမ၀င္ ေရာက္ရွိေနတဲ့ ေရႊ႕ေျပာင္းေနထုိင္သူေတြကုိ ရွင္းလင္းဖုိ႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ ႏုိင္ငံကေန ေရာက္ရွိလာသူေတြကုိ ျပန္ပုိ႔ဖုိ႔လည္း မၾကာေသးခင္ကပဲ ေျပာဆုိထားပါတယ္။

ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္ျပဳ လက္ခံမထားေပမဲ့ ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံဖုိ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ေရာ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) နဲ႔ပါ သေဘာတူညီခ်က္ေတြကုိ သီးျခားစီ လက္မွတ္ေရးထုိးထားတာပါ။ ဒါေပမဲ့လည္း ဒုကၡသည္ေတြ ေနရပ္ျပန္ပုိ႔ေရး ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏုိင္ငံၾကား စီစဥ္ခဲ့တာေတြ ရွိေပမဲ့လည္း ေအာင္ျမင္မႈေတာ့ မရခဲ့ပါဘူး။

[Unicode Version]

အိန္ဒိယနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ဟာ ၄ ရက်ကြာ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရေး စာချုပ်တွေကို လက်မှတ်ရေးထိုးဖို့ ရှိသလို ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကိုပါ ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

စနေနေ့မှာ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံဖို့ရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာလည်း မိန့်ခွန်းပြောဖို့ စီစဉ်ထားတာပါ။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုတွေမှာ အိန္ဒိယနိုင်ငံက ထောက်ခံမှုရအောင် ကြိုးပမ်းလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ဖို့ အိန္ဒိယ၊ တရုတ်၊ ဂျပန်နိုင်ငံတွေက ပူးပေါင်းကူညီမှုတွေ ရနိုင်ဖို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကြိုးပမ်းနေတာပါ။

ရိုဟင်ဂျာဒုက္ခသည် ခန့်မှန်းချေ ၄၀,၀၀၀ လောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံကတော့ တရားမဝင် ရောက်ရှိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ရှင်းလင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ရောက်ရှိလာသူတွေကို ပြန်ပို့ဖို့လည်း မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ပါ သဘောတူညီချက်တွေကို သီးခြားစီ လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမဲ့လည်း ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား စီစဉ်ခဲ့တာတွေ ရှိပေမဲ့လည်း အောင်မြင်မှုတော့ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG