သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယေရႀကီးမႈ လူတရာေက်ာ္ ေသဆံုး


အခုအခ်ိန္ဟာ အိႏိၵယႏုိ္င္ငံအတြင္း မုတ္သုံရာသီ ဆုတ္ခြာခ်ိန္ျဖစ္ေပမဲ့ ၿပီးခဲ့တဲ့ ၃ ရက္အတြင္း မိုးအႀကီးအက်ယ္ ရြာသြန္းခဲ့တာေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆုံးခဲ့ရသလို ရထားလမ္းေတြနဲ႔ ကားလမ္းေတြ ရပ္တန္႔ခဲ့ရပါတယ္။ အိႏိၵယႏုိင္ငံရဲ႕ အဆင္းရဲဆုံး ျပည္နယ္ ၂ ခု ျဖစ္တဲ့ Bihar နဲ႔ Uttar ျပည္နယ္ႏွစ္ခု ေရႀကီးမႈဒဏ္ အႀကီးအက်ယ္ခံခဲ့ရၿပီး ၿမိဳႀကီး တစ္ၿမိဳ႕ျဖစ္တဲ့ ဘီဟာျပည္နယ္ၿမိဳ႕ေတာ္ Patna လည္း အႀကီးအက်ယ္ ေရလႊမ္းမိုးဒဏ္ ခံခဲ့ရပါတယ္။

အိႏိၵယ ေျမာက္ပိုင္းမွာ အခု ေနာက္ဆုံး အႀကီးအက်ယ္ ေရၾကီးမႈဟာ ျပင္းထန္လြန္းတဲ့ သဘာ၀ ေဘးအႏၱရာယ္ေတြ ပုံမွန္လို ျဖစ္လာတာကို ျပသေနသလို ႏုိ္င္ငံအတြင္း လူဦးေရ ထူထပ္ျပီး စနစ္တက် တည္ေဆာက္ထားျခင္း မရွိတဲ့ ျမိဳ႕ၾကီးေတြအတြက္ အဓိက စိန္ေခၚမယ့္ အႏၱရာယ္ တစ္ခု ျဖစ္လာတယ္လို႔လည္း ပတ္၀န္းက်င္ဆိုင္ရာ ကၽြမ္းက်င္သူေတြက သတိေပး လာရျပီျဖစ္ပါတယ္။

အခ်ိန္တိုအတြင္း ရြာတဲ့မိုးက မိုးေရမ်ားလြန္းတာေၾကာင့္ ေရႏုတ္ေျမာင္းေတြနဲ႔ ေျမၾကီး ေရစုပ္ယူမႈ မထိန္းႏုိင္ေတာ့ေအာင္ ျဖစ္လာရေၾကာင္း မိုးရြာသြန္းမႈ ပုံသ႑ာန္ လုံးလုံးလ်ားလ်ား ေျပာင္းလဲလာျပီဆိုတာ သံသယ ရွိစရာ မလိုေၾကာင္း နယူးေဒလီၿမိဳ႕က သိပၸံနဲ႔ ပတ္၀န္းက်င္ဆိုင္ရာဌာန ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ Chandra Bhusan က ေျပာပါတယ္။

ဘီယာျပည္နယ္ၿမိဳ႕ေတာ္အတြင္း လူ ၂ သန္းဟာ ဒူးေခါင္းအထိနစ္ေနတဲ့ ေရေဘးကို ၾကံဳေတြ႕ေနရပါတယ္။

အမ်ိဳးသား ေဘးအႏၱရာယ္ တုံ႔ျပန္ေရးအဖြဲ႕ဟာ အိမ္ေေတြအတြင္း ပိတ္မိေနတဲ့ လူေတြကို ကယ္ဆယ္ဖို႔ ေမာ္ေတာ္ဘုတ္ေတြနဲ႔ တစ္လမ္း၀င္ တစ္လမ္းထြက္ သြားေရာက္ေနၾကသလို ရုပ္ျမင္သံၾကားဌာနေတြကလည္း ေဆးရုံေတြေပၚ ေရေတြၾကား လဲေလ်ာင္းေနတဲ့ လူနာေတြရဲ႕ ပုံေတြကိုလည္း ျပသေနၾကပါတယ္။ ကယ္ဆယ္ခံရသူေ ေဒသခံေတြတြအထဲ ျပည္နယ္ ဒုတိယ ၀န္ၾကီးခ်ဳပ္ Sushil Modi နဲ႔ သူ႔ရဲ႕ မိသားစုလည္း ပါ၀င္ ေၾကာင္းပါ ။

.................

{Unicode}

အိန္ဒိယရေကြီးမှု လူတရာကျော် သေဆုံး

အခုအချိန်ဟာ အိန္ဒိယနိုင်ငံအတွင်း မုတ်သုံရာသီ ဆုတ်ခွာချိန်ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၃ ရက်အတွင်း မိုးအကြီးအကျယ် ရွာသွန်းခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရသလို ရထားလမ်းတွေနဲ့ ကားလမ်းတွေ ရပ်တန့်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ် ၂ ခု ဖြစ်တဲ့ Bihar နဲ့ Uttar ပြည်နယ်နှစ်ခု ရေကြီးမှုဒဏ် အကြီးအကျယ်ခံခဲ့ရပြီး မြိုကြီး တစ်မြို့ဖြစ်တဲ့ ဘီဟာပြည်နယ်မြို့တော် Patna လည်း အကြီးအကျယ် ရေလွှမ်းမိုးဒဏ် ခံခဲ့ရပါတယ်။

အိန္ဒိယ မြောက်ပိုင်းမှာ အခု နောက်ဆုံး အကြီးအကျယ် ရေကြီးမှုဟာ ပြင်းထန်လွန်းတဲ့ သဘာ၀ ဘေးအန္တရာယ်တွေ ပုံမှန်လို ဖြစ်လာတာကို ပြသနေသလို နိုင်ငံအတွင်း လူဦးရေ ထူထပ်ပြီး စနစ်တကျ တည်ဆောက်ထားခြင်း မရှိတဲ့ မြို့ကြီးတွေအတွက် အဓိက စိန်ခေါ်မယ့် အန္တရာယ် တစ်ခု ဖြစ်လာတယ်လို့လည်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေး လာရပြီဖြစ်ပါတယ်။

အချိန်တိုအတွင်း ရွာတဲ့မိုးက မိုးရေများလွန်းတာကြောင့် ရေနုတ်မြောင်းတွေနဲ့ မြေကြီး ရေစုပ်ယူမှု မထိန်းနိုင်တော့အောင် ဖြစ်လာရကြောင်း မိုးရွာသွန်းမှု ပုံသဏ္ဍာန် လုံးလုံးလျားလျား ပြောင်းလဲလာပြီဆိုတာ သံသယ ရှိစရာ မလိုကြောင်း နယူးဒေလီမြို့က သိပ္ပံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Chandra Bhusan က ပြောပါတယ်။

ဘီယာပြည်နယ်မြို့တော်အတွင်း လူ ၂ သန်းဟာ ဒူးခေါင်းအထိနစ်နေတဲ့ ရေဘေးကို ကြုံတွေ့နေရပါတယ်။

အမျိုးသား ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ဟာ အိမ်ေတွေအတွင်း ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ဖို့ မော်တော်ဘုတ်တွေနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် သွားရောက်နေကြသလို ရုပ်မြင်သံကြားဌာနတွေကလည်း ဆေးရုံတွေပေါ် ရေတွေကြား လဲလျောင်းနေတဲ့ လူနာတွေရဲ့ ပုံတွေကိုလည်း ပြသနေကြပါတယ်။ ကယ်ဆယ်ခံရသူေ ဒေသခံတွေတွအထဲ ပြည်နယ် ဒုတိယ ဝန်ကြီးချုပ် Sushil Modi နဲ့ သူ့ရဲ့ မိသားစုလည်း ပါဝင် ကြောင်းပါ ။

အိႏၵိယေရႀကီးမႈ လူတရာေက်ာ္ ေသဆံုး
please wait

No media source currently available

0:00 0:00:50 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG