သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုံရာသီမိုးကြောင့် အိန္ဒိယနိုင်ငံမှာ လူ ၂၄၀ ကျော်သေဆုံး


အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးကြောင့် ရေကြီးပြီး နိုင်ငံတဝန်းမှာ လူ ၂၄၀ ကျော် သေဆုံးပြီးတဲ့နောက် နိုင်ငံတောင်ပိုင်း Kerala ပြည်နယ် တချို့နေရာတွေအတွက် ရေကြီးမယ့် သတိပေးချက် ထုတ်ထားပါတယ်။

ပြည်နယ်တွင်းက မိုးကြီးတဲ့ဒဏ် အပြင်းထန်ဆုံး ခံထားရတဲ့ ဒေသတချို့မှာ နောက် ၂၄ နာရီကနေ ၄၈ နာရီအတွင်း အပြင်းအထန် မိုးရွာနိုင်ခြေရှိတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ သတိပေးချက် ထုတ်ထားတာပါ။

Kerala, Karnataka, Maharashtra နဲ့ Gujarat ပြည်နယ်လေးခုတွင်း တချို့ ဒေသတွေမှာ အပြင်းအထန် မိုးရွာတာကြောင့် လူပေါင်း ၁.၂ သန်ေးကျာ် အိုးအိမ်စွန့်ထွက်ပြေးသွားကြရပြီး အများစုက အစိုးရကဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ သွားနေကြရပါတယ်။

Kerala ပြည်နယ်ဟာ နှစ်တရာအတွင်း အဆိုးရွားဆုံး ရေကြီးတဲ့ဒဏ်ကို ပြီးခဲ့တဲ့နှစ်ကပဲ ကြုံထားရပြီးတော့ အဲဒီအချိန်က လူပေါင်း ၄၅၀ သေဆုံးခဲ့ပါတယ်။ အဲဒီရေကြီးမှုကြောင့် ရထားလမ်းနဲ့ ကားလမ်းတွေအပါအဝင် အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အအုံပိုင်း ပျက်စီးသွားတာတွေကို ပြန်ပြီး ပြုပြင်နေရဆဲပါ။

ဒီနှစ် မုတ်သုံရာသီမှာလည်း Kerala ပြည်နယ်တွင်း သေဆုံးသူအရေအတွက် ၉၅ ယောက်ထိ ရှိသွားပြီဖြစ်ပြီး ၆၀ နီးပါး ပျောက် ဆုံးနေဆဲပဲလို့ Kerala ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ဒီကနေ့ပြောပါတယ်။ အိမ်နီးချင်း Karnataka ပြည်နယ်မှာလည်း လူပေါင်း ၆၀ နီးပါး သေဆုံးထားပြီး ရေကြီးတဲ့နေရာတွေက လူပေါင်း ၇ သောင်းနီးပါး ကို တာဝန်ရှိသူတွေက ရေဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ထုတ် ထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG