သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရေဘေး ဒေါ်လာ သန်း ၇၀ သုံးမည်


အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ ပြီးခဲ့တဲ့ ၁၀ ရက်ဆက်တိုက် မိုးသည်းထန်စွာရွာ သွန်းတာကြောင့် ရာစုနှစ်တခုအတွင်း အဆိုးဆုံး ရေကြီးရေလျံမှုတွေဖြစ်ပွါးနေပါတယ်။ ခုလို ရေဘေးကြောင့်အကြီးအကျယ် ပျက်စီးသွားတဲ့ မြို့တွေ၊ ရွာတွေကို ဝန်ကြီးချုပ် Narendra Modi လှည့်ပတ် ကြည့်ရှုစစ်ဆေးပြီးတဲ့နောက် အရေးပေါ်အကူအညီရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၇၀ ချပေးလိုက်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေအလာများတဲ့ ဒီဒေသထဲက မြစ်တွေ၊ တာတမံတွေနဲ့ သောက်သုံးရေ လှောင်ကန်တွေ လည်း ရေတွေလျံသွားခဲ့တာပါ။ စံချိန်တင်အောင် မိုးရွာသွန်းခဲ့တဲ့အတွက် လမ်းမကြီးတွေ အိမ်တွေလည်း ရေထဲမျောပါသွားခဲ့ရပြီး လူပေါင်း ၂ သိန်း ၂သောင်းကျော်တို့လည်း ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါ တယ်။

ဒီကနေ့ မနက်ပိုင်းမှာပဲ ဒေသတွင်း နေရာတချို့မှာ မိုးသည်းထန်စွာရွာသွန်းလာတဲ့အတွက် ရေဘေးသင့်ဧရိယာ ပိုကျယ်လာသလို ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ဖို့ နှောင့်နှေးသွားရပါတယ်။ ရေလွတ်ရာ အိမ်ခေါင်မိုးပေါ် ရောက်နေကြတဲ့ ကျေးရွာနေ လူတွေရဲ့ အကူအညီတောင်းသံတွေလည်း အဆက်မပြတ်ဝင်လာနေပါတယ်။ ခုလိုမိုးများနေတာကြောင့် လူပေါင်း ၁၆၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သလို ပြီးခဲ့တဲ့ ၃ လ မိုးရွာသီ စတင်ချိန်က စလို ခုချိန်ထိ ရေဘေးကြောင့်သေဆုံးရသူ စုစုပေါင်း ၃၂၄ ဦးရှိသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG