သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုန်မိုးကြောင့် တောင်အာရှ ရေဘေးသင့်


နီပေါနိုင်ငံ Kathmandu မြို့မှာ ရေကြီးနေပုံ (ဇွန်၊ ၁၂၊ ၂၀၁၉)
နီပေါနိုင်ငံ Kathmandu မြို့မှာ ရေကြီးနေပုံ (ဇွန်၊ ၁၂၊ ၂၀၁၉)

သည်းထန်စွာ ရွာသွန်းတဲ့ မုတ်သုန်မိုးဒဏ်ကြောင့် ရေကြီး မြေပြိုတာတွေဖြစ်ပြီး တောင်အာရှဒေသမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း သေဆုံးသူ အနည်းဆုံး ၄၀ လောက် ရှိသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇွန်လကနေ စက်တင်ဘာလအထိ ရွာသွန်းလေ့ရှိတဲ့ မုတ်သုန်မိုးကြောင့် နှစ်စဉ်ဆိုသလို တောင်အာရှဒေသမှာ လူသေဆုံးတာ၊ ပျက်စီးဆုံးရှုံးမှုကိုပါ ကြုံရလေ့ ရှိပါတယ်။ နီပေါနိုင်ငံမှာတော့ မိုးသည်းထန်တာကြောင့် ရေကြီးမြေပြိုတာဖြစ်ပြီး နိုင်ငံရဲ့အရှေ့ဘက်နဲ့ တောင်ပိုင်းလွင်ပြင်ဒေသတွေမှာ လူ ၂၇ ဦး သေဆုံးသွားရတယ်လို့ ဆိုပါတယ်။

အခုလို ဆိုးရွားတဲ့ ရာသီဥတုကြောင့် နောက်ထပ် လူ ၁၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ၁၁ ဦး ဒဏ်ရာရသွားတယ်လို့ နီပေါရဲတွေက ပြောပါတယ်။ နီပေါမြို့တော် Kathmandu ခပ်သ်မန်ဒူးမှာတော့ နံရံတခု ပြိုကျလို့ လူ သုံး ဦး သေဆုံးသွားပါတယ်။ အခုလို လူသေဆုံးရတဲ့အတွက် ပြည်သူတွေ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးကို ဦးစားပေး ဆောင်ရွက် နေတယ်လို့ နီပေါပြည်ထဲရေးဌာနက AFP ကိုပြောပါတယ်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပြည်နယ်တွေဖြစ်တဲ့ အာသံနဲ့ အရွန်နာချာ ပရာဒပ်ချ် မှာတော့ မုတ်သုန်မိုးကြောင့် လူ ၁၁ ဦး သေဆုံးသွားရတယ်လို့ အာဏာပိုင်တွေက သောကြာနေ့က ပြောပါတယ်။

အာသံပြည်နယ်က ခရိုင် ၂၁ ခုမှာ ရေလွှမ်းမိုးနေပြီး လူထောင်ပေါင်း များစွာ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အလားတူ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာလည်း မုတ်သုန်မိုးဒဏ်ကြောင့် ရိုဟင်ဂျာ ကလေး တဦး အပါဝင် လူ နှစ်ဦးသေဆုံးပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက စားနပ်ရိက္ခာကို ခွဲတမ်းနဲ့ ပေးဝေနေရတယ်လို့ WFP စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ မှာဆိုရင် တောင်အာရှနိုင်ငံတွေမှာ မုတ်သုန်မိုး မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ရသလို အိန္ဒိယ ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ Kerala မှာ နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG