သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမုတ်သုံမိုး လူ ၅၀ ခန့်သေဆုံး


အိန္ဒိယနိုင်ငံ၊ Uttar Pardesh ပြည်နယ်အတွင်း မိုးသည်းထန်ပြီး မြေပြိုကျပြီး ဒါဇင်နဲ့ချီပြီး လူသေဆုံး။

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်း နေရာမှာ အိမ်တွေပြိုကျပြီး ရေကြီးရေလျှံဖြစ်နေသလို မိုးရွာသွန်းမှုနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေကြောင့် ၂ ရက်အတွင်း လူပေါင်း ၄၉ ဦးထက်မနည်း သေဆုံး ခဲ့ရပါတယ်။

ပြည်နယ်နေရာအချို့မှာ မိုးကြီးရာက အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရပြီး Saharanpur မြို့မှာလည်း လူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အကူ အညီပေးရေး ကော်မရှင်နာရုံးပြောခွင့်ရသူက ဒီကနေ့ အတည်ပြု ပြောပါတယ်။

Uttar Pradesh ပြည်နယ်ဝန်ကြီးချုပ် Yogi Adityanath က မိုးအကြီးအကျယ် ရွာ သွန်းနေတဲ့ မြို့နယ်အားလုံးကို သွားရောက်ကြည့်ရှုဖို့၊ အဲဒီက ဒေသခံတွေကို သတိပေးဖို့၊ အိုဟောင်းနေတဲ့ အဆောက်အအုံတွေကို ရှာဖွေပြီး အဲဒီမှာ နေ ထိုင် နေသူတွေကို ဘေးလွှတ်ရာရွှေ့ပြောင်းဖို့ သူ့ရဲ့အကြီးတန်း တာဝန်ရှိသူတွေကို ညွှန်ကြားထား တယ်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။

မိုးဒဏ် အပြင်းအထန်ခံစားခဲ့ရသူတွေကို ချက်ခြင်း ငွေကြေးထောက်ပံ့ဖို့နဲ့ ဆေးဝါး ကုသမှုခံယူဖို့ လိုအပ်နေသူ တွေကို အကူအညီတွေပေးရေး လမ်းညွှန်ချက်ကို လည်း ထုန်ပြန်လိုက်တယ်လို့လည်း ပြောခွင့်ရက ဆိုပါတယ်။ နိုင်ငံရဲ့လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့Uttar Pradesh ပြည်နယ်မှာ လာမယ့် ၄၈ နာရီထိ မိုး ဆက် လက် ရွာသွန်း မယ်လို့ မိုးလေဝသဌာန တာဝန်ရှိသူတွေက ခန့်မှန်းထားပြီး စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

အိန္ဒိယမုတ်သုန်မိုး လူ ၅၀ လောက်သေ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG