သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရေဘေး လူပေါင်း ၁၄၀ ကျော် သေဆုံး


အိန္ဒိယ နိုင်ငံမှာ မုတ်သုံရာသီ ရေကြီးမှုတွေကြောင့် သေဆုံးသူ အရေအတွက်က အနည်းဆုံး လူပေါင်း ၁၄၄ ယောက် အထိ တိုးလာပြီး တနင်္ဂနွေနေ့မှာတော့ အာဏာပိုင်တွေက ကူညီကယ်ဆယ်ရေးကို တိုးမြှင့် ဆောင်ရွက်နေကြပါတယ်။ ရေကြီးမှုကြောင့် နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ လမ်းတွေလည်း ပြတ်တောက်ကုန်ပါတယ်။

လှပတဲ့ ကမ်းခြေတွေ၊ အပန်းဖြေ စခန်းတွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြား ကျော်ကြားတဲ့ တောင်ပိုင်း ပြည်နယ် Kerala မှာ အဆိုးရွားဆုံး ဖြစ်နေပြီး သေဆုံးသူ အရေအတွက်က အနည်းဆုံး ၆၇ ယောက် အထိ ရှိနေပါတယ်။ ပြည်နယ်တွင်းက ခရိုင် ၁၄ ခုက ကယ်ဆယ်ရေး စခန်း ၁၃၀၀ ကျော်မှာ အနည်းဆုံး လူပေါင်း ၁၆၅၀၀၀ ကို ရွှေ့ပြောင်း ကယ်ဆယ်ထားရကြောင်း Kerala ရဲအဖွဲ့က အကြီးတန်း အရာရှိက AFP ကို ပြောပါတယ်။ ရာသီဥတု ဆိုးရွားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာကြောင့် ကယ်ဆယ်ရေးနဲ့ နေရာချထားရေး အတွက် အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း သူက ပြောပါတယ်။ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်က တပ်ဖွဲ့တွေ၊ ဒေသခံ အရေးပေါ် အခြေအနေ ဆိုင်ရာ တာဝန်ရှိသူတွေက ရေကြီးတဲ့ ဒေသတွေမှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြပါတယ်။

တဆက်တည်းက Karnataka ပြည်နယ်မှာလည်း ရေကြီးမှုကြောင့် သေဆုံးရသူ အရေအတွက် တိုးလာနေပြီး အနည်းဆုံး ၃၄ ဦး သေဆုံးကြောင်း အတည်ပြုထားပါတယ်။ အနည်းဆုံး ၁၄ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းနဲ့ လူပေါင်း ၄၈၀၀၀၀ နီးပါးနဲ့ တိရိစ္ဆာန် အကောင်ရေ ၅၀၀၀၀ ကို ကယ်ဆယ်ထားရတယ်လို့လည်း Karnataka အစိုးရ အရာရှိက AFP ကို ပြောပါတယ်။

ရေကြီးမှုကြောင့် ပြည်နယ်တွင်းမှာ အနည်းဆုံး လမ်းပေါင်း ၁၃၆ ခု ပျက်ဆီးခဲ့ရတယ်လို့လည်း ပြောပါတယ်။ Maharashtra မှာလည်း အနည်းဆုံး ၂၇ ဦး သေဆုံးရပြီး အရေးပါတဲ့ မြို့ အတော်များများလည်း ရေနစ်မြုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အိန္ဒိယရေဘေး လူပေါင်း ၁၄၀ ကျော် သေဆုံး
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG