သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီး ရေလျှံဒဏ်က သက်သာအောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ


မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရေကြီးနေသည့် သြဂုတ်လ ၁၁ ရက်နေ့က မြင်ကွင်း။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရေကြီးနေသည့် သြဂုတ်လ ၁၁ ရက်နေ့က မြင်ကွင်း။

မြန်မာနိုင်ငံအနှံ့အပြားမှာ လတ်တလော ကြုံတွေ့နေရတဲ့ ရေဘေးဒဏ်ကြောင့် လူအတော်များများ အသက်ဆုံးရှုံးခဲ့ရသလို လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး ထောင်ပေါင်းများစွာလဲ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အခု နောက်ဆုံးရတဲ့ သတင်းတွေအရဆိုရင် သေဆုံးအရေအတွက်ဟာလည်း ၆၀ ထက်မနဲမှာ ရှိတယ်လို့ ဆိုပါတယ်။ အခုလို နှစ်စဉ်ဖြစ်နေတဲ့ ရေကြီး၊ ရေလျှံမှုတွေကို ရေရှည်မှာ ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ၊ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရ အသီးသီးတွေကရော ဒေသခံ ပြည်သူတွေ အနာဂတ်မှာ ထိခိုက် နစ်နာမှုတွေ သက်သာအောင် ဘယ်လို ရေရှည် စီမံကိန်းတွေချပြီး ဆောင်ရွက်သင့်ပါသလဲဆိုတာတွေကို မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ NLD ပါတီက ပေါင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၊ သထုံမြို့နယ်က NLD ပါတီကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ် ဒေါ်ခိုင်ခိုင်လဲ့၊ အစိမ်းရောင်ကွန်ယက်က ဒေါ်ဒေဝီသန့်စင်တို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG