သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ သန့်စင်ခန်းလုံလောက်ရေးကြိုးပမ်းမှု ခက်ခဲဆဲ


Jammu မြို့ပြင်ဘက် ကွင်းပြင်ထဲတွင် အပေါ့အပါးစွန့်ပြီး ပြန်သွားသည့် အိန္ဒိယအမျိုးသမီးတဦး။ (၁၉၊ နိုဝင်ဘာ ၂၀၁၄)
Jammu မြို့ပြင်ဘက် ကွင်းပြင်ထဲတွင် အပေါ့အပါးစွန့်ပြီး ပြန်သွားသည့် အိန္ဒိယအမျိုးသမီးတဦး။ (၁၉၊ နိုဝင်ဘာ ၂၀၁၄)

အိန္ဒိယနိုင်ငံက လူဦးရေ သန်း ၆၀၀ အတွက် ၅ နှစ်အတွင်း ယင်လုံအိမ်သာ အလုံးရေ စုစုပေါင်း သန်း ၁၁၀ ထိ လက်ရှိအစိုးရက ဆောက်လုပ်ပေးခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ အဖုံးအအုပ်မရှိတဲ့ တွင်းအိမ်သာတွေ အသုံးပြုမှု အဆုံးသတ်သွားပြီလို့ အောက်တိုဘာလ ၂ ရက်နေ့က ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့ ၅ နှစ်က ဝန်ကြီးချုပ် Modi စတင်ခဲ့တဲ့ အိမ်သာဆောက်လုပ်ရေး လုပ်ငန်းအစီအစဉ်ဟာ ကမ္ဘာတဝှမ်း အကြီးမားဆုံးလုပ်ငန်းလည်း ဖြစ်သလို အစစအရာရာ အဆင်ပြေခဲ့တာတော့ မဟုတ်ပါဘူး။ ကျေးလက်ဒေသက ရွာပေါင်း ရာနဲ့ချီအတွက် ယင်လုံအိမ်သာတွေ ဆောက်လုပ်ပေးခဲ့ပေမယ့် အဖုံးအအုပ်မရှိတဲ့ တွင်းအိမ်သာတွေကို အသုံးပြုနေကြသေးသလို အိမ်သာမရှိကြသေးတဲ့ တချို့ဒေသတွေမှာတော့ ကွင်းပြင်တွေထဲမှာ မစင်စွန့်တဲ့ အလေ့အထတွေ သာမန်ကိစ္စလို လက်ခံထားနေကြတုန်းပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ် Modi က ယင်လုံအိမ်သာ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ဒေါ်လာ ဘီလီယံ ၂၀ သုံးစွဲခဲ့တာဖြစ်ပြီး ကိုယ့်ဘာသာဆောက်ဖို့ မိသားစုတခုကို ဒေါ်လာ ၂၀၀ စီ ချပေးခဲ့ပေမယ့် လူတိုင်း တန်းတူမရကြဘူးလို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

တချို့လူတွေကတော့ အိမ်သာတလုံးကို မိသားစု ၈ ခုလောက် အတူအသုံးပြုကြရတာပါ။ ကျေးလက်ဒေသနေ လူတွေက မီးဖိုနဲ့ ဘုရားစင်ရှိတဲ့ အမိုးတခုအောက်ထဲ အိမ်သာရှိတာ ယုတ်ညံ့တယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆတွေ ရှိတာကြောင့် အိသာဆောက်တဲ့ကိစ္စကို ဦးစားပေးအဖြစ် သဘောမထားကြတဲ့ လူတွေလည်း အများအပြား ရှိနေပါသေးတယ်။

----------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG