သုံးရလွယ်ကူစေသည့် Link များ

ဂန္ဒီ နှစ် ၁၅၀ ပြည့်မှာ အိမ်သာစီမံကိန်း အောင်မြင်မှု ဝန်ကြီးချုပ် Modi ကြေညာ


မဟတ္တမ ဂန္ဒီ နှစ် ၁၅၀ ပြည့် ဆင်နွှဲ။
မဟတ္တမ ဂန္ဒီ နှစ် ၁၅၀ ပြည့် ဆင်နွှဲ။

အိန္ဒိယနိုင်ငံမှာ ၁၈၆၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က မွေးဖွားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့ ကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် သာမက နိုင်ငံတွင်း သန့်ရှင်ကျန်းမာရေး အတွက်ပါ လုပ်ဆောင်ခဲ့တဲ့ ဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က လူသန်းပေါင်း တထောင့်သုံးရာ ရှိတဲ့ အိန္ဒိယနိုင်ငံမှာ လူမြင်ကွင်းမစင်စွန့်မှု မရှိတော့ဘူးလို့ ကြေညာခဲ့သလို နောက်တဆင့်အနေနဲ့ တခါသုံး ပလပ်စတစ်တွေ မသုံးရေးကို ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

ဝန်ကြီးချုပ် Modi ဟာ ၂၀၁၄ သူအာဏာရလာချိန်ကစပြီး လူတိုင်းအတွက် အိမ်သာရှိအောင် လုပ်ပေးဖို့ ဦးစားပေးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လပေါင်း ၆၀ အတွင်း လူပေါင်း သန်း ၆၀၀ အတွက် အိမ်သာရအောင် လုပ်ပေးခဲ့တာဖြစ်ပြီး အိမ်သာပေါင်း သန်း ၁၁၀ ဆောက်ပေးခဲ့တယ်လို့ သူနဲ့ ဂန္ဒီတို့ရဲ့ မွေးဌာနေ ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့ အနောက်ပိုင်းရွာတွေက ရွာသူကြီး ၂ သောင်းကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

ဒါပေမယ့်လည်း သန်းပေါင်းများစွာအတွက် အိမ်သာတွေ လိုအပ်နေဆဲ ဖြစ်သလို ဓလေ့ဟောင်းကို မစွန့်နိုင်သူတွေ ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပလပ်စတစ်သုံးစွဲမှုဟာ ပတ်ဝန်းကျင်ကိုရော သန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိနေတာကြောင့် ၂၀၂၂ မှာ ပလပ်စတစ် သုံးစွဲမှု မရှိတဲ့ နိုင်ငံ အဖြစ်ရောက်အောင် လုပ်ပေးမယ်လို့လည်း ဝန်ကြီးချုပ်က ကတိပေးခဲ့တာပါ။

(ယူနီကုဒ်)


အိန်ဒိယနိုငျငံမှာ ၁၈၆၉ ခုနှဈ အောကျတိုဘာလ ၂ ရကျနေ့က မှေးဖှားခဲ့တဲ့ အိန်ဒိယနိုငျငံရဲ့ ဖခငျကွီး မဟတ်တမဂန်ဒီရဲ့ နှဈ ၁၅၀ ပွည့ျမှေးနေ့ ကို ဗုဒ်ဓဟူးနေ့က ကငြျးပခဲ့ကွပါတယျ။






တိုက်ရိုက် လင့်ခ်
XS
SM
MD
LG