သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ႔သန္႔ရွင္းေရးေန႔ စုေပါင္းအမႈိက္ရွင္း


ဖိလစ္ပိုင္ႏုိင္ငံ မနီလာကမ္းေျခတေလွ်ာက္ အမႈိက္ေကာက္ေနသူမ်ား။ (စက္တင္ဘာ ၂၂၊ ၂၀၁၈)

ကမၻာတ၀ွမ္း စြန္႔ပစ္ေနတဲ့ အမႈိက္ထုထည္ ဘယ္ေလာက္မ်ားသလဲဆိုတာ အာ႐ုံစုိက္လာေစေရးအတြက္ အာရွတုိက္က ပင္လယ္ကမ္းေျခေတြနဲ႔ ျမစ္႐ိုးတေလွ်ာက္ ေထာင္နဲ႔ခ်ီတဲ့ တက္ႂကြလႈပ္ရွားသူေတြ ဒီကေန႔ စုေပါင္းၿပီး အမႈိက္ေကာက္ခဲ့ၾကပါတယ္။

ဥတုရာသီေဖာက္ျပန္မႈ တားဆီးေရး ကမၻာတ၀ွမ္း ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီးတဲ့ ေနာက္တေန႔မွာပဲ အာရွတိုက္ႏုိင္ငံေတြမွာ အမႈိက္ေကာက္တဲ့လႈပ္ရွားမႈ ထြက္ေပၚလာတာပါ။

ၿပီးခဲ့တဲ့ ဆယ္စုတခုေက်ာ္က အစျပဳခဲ့တဲ့ အမႈိက္ရွင္းလင္းေရး လႈပ္ရွားမႈမွာ ကမၻာတ၀ွမ္း သန္းနဲ႔ခ်ီတဲ့ ေစတနာ့၀န္ထမ္းေတြ ပါ၀င္ခဲ့ၾကပါတယ္။

World Cleanup Day ကမၻာ့သန္႔ရွင္းေရးေန႔မွာေတာ့ ပလတ္စတစ္ အမႈိက္ျပႆနာကို အႀကီးအက်ယ္ ရင္ဆိုင္ေနရတဲ့ အာရွတိုက္က တ႐ုတ္၊ ဗီယက္နမ္နဲ႔ အင္ဒိုနီးရွားႏုိင္ငံေတြၾကားမွာ ဖိလစ္ပိုင္က ပလတ္စတစ္အမႈိက္ေတြ အမ်ားဆုံး စြန္႔ပစ္ေနတယ္လို႔ မၾကာခဏ ေဖာ္ျပခံရပါတယ္။

ဖိလစ္ပိုင္ အပါအ၀င္ ပစိဖိတ္သမုဒၵရာထဲက ဖီဂ်ီကၽြန္းႏုိင္ငံ ကမ္းေျခေတြမွာ ေသာင္တင္လာတဲ့ အမႈိက္သ႐ုိက္ေတြ၊ ကားတာယာေတြနဲ႔ အင္ဂ်င္စက္ေဟာင္းေတြကို ဖယ္ရွားရွင္းလင္းခဲ့ၾကပါတယ္။

အိႏၵိယႏုိင္ငံအေရွ႕ပိုင္းက Puri၊ Chennai ေတာင္ပိုင္းနဲ႔ Thiruvananthapuram ၿမိဳ႕ေတြမွာလည္း သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး အသိပညာေပးတဲ့အေနနဲ႔ ကေလးငယ္ေတြ အပါအ၀င္ အိႏၵိယ ကမ္းေျခေစာင့္တပ္ဖြဲ႔တို႔က ပလတ္စတစ္အမႈိက္ေတြ၊ ပုလင္းခြံေတြနဲ႔ အမႈိက္ေပါင္းစုံကို ဖယ္ရွားရွင္းလင္းခဲ့ပါတယ္။

အမႈိက္ကင္းစင္တဲ့ ကမၻာေျမႀကီး ျဖစ္လာေစေရးအတြက္ လူထုပါ၀င္တဲ့ သန္႔ရွင္းေရးလႈပ္ရွားမႈကို Let's Do It Foundation က ကမကထျပဳ က်င္းပတာပါ။

ျမန္မာႏုိင္ငံမွာလည္း ကမၻာ့သန္႔ရွင္းေရးေန႔ကို ပါ၀င္ဆင္ႏႊဲတဲ့အေနနဲ႔ အမႈိက္ေကာက္လႈပ္ရွားမႈေတြ က်င္းပမယ္လို႔႔ သိရပါတယ္။

--------------------------

(Unicode)

ကမ္ဘာ့သန့်ရှင်းရေးနေ့ စုပေါင်းအမှိုက်ရှင်း

ကမ္ဘာတဝှမ်း စွန့်ပစ်နေတဲ့ အမှိုက်ထုထည် ဘယ်လောက်များသလဲဆိုတာ အာရုံစိုက်လာစေရေးအတွက် အာရှတိုက်က ပင်လယ်ကမ်းခြေတွေနဲ့ မြစ်ရိုးတလျှောက် ထောင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ စုပေါင်းပြီး အမှိုက်ကောက်ခဲ့ကြပါတယ်။

ဥတုရာသီဖောက်ပြန်မှု တားဆီးရေး ကမ္ဘာတဝှမ်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့ နောက်တနေ့မှာပဲ အာရှတိုက်နိုင်ငံတွေမှာအမှိုက်ကောက်တဲ့လှုပ်ရှားမှု ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ ဆယ်စုတခုကျော်က အစပြုခဲ့တဲ့ အမှိုက်ရှင်းလင်းရေး လှုပ်ရှားမှုမှာ ကမ္ဘာတဝှမ်း သန်းနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေ ပါဝင်ခဲ့ကြပါတယ်။

World Cleanup Day ကမ္ဘာ့သန့်ရှင်းရေးနေ့မှာတော့ ပလတ်စတစ် အမှိုက်ပြဿနာကိုအကြီးအကျယ် ရင်ဆိုင်နေရတဲ့ အာရှတိုက်က တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကြားမှာ ဖိလစ်ပိုင်က ပလတ်စတစ်အမှိုက်တွေ အများဆုံး စွန့်ပစ်နေတယ်လို့ မကြာခဏ ဖော်ပြခံရပါတယ်။

ဖိလစ်ပိုင် အပါအဝင် ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီကျွန်းနိုင်ငံ ကမ်းခြေတွေမှာ သောင်တင်လာတဲ့ အမှိုက်သရိုက်တွေ၊ ကားတာယာတွေနဲ့ အင်ဂျင်စက်ဟောင်းတွေကို ဖယ်ရှားရှင်းလင်းခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်းက Puri၊ Chennai တောင်ပိုင်းနဲ့ Thiruvananthapuram မြို့တွေမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးတဲ့အနေနဲ့ ကလေးငယ်တွေ အပါအဝင် အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့တို့က ပလတ်စတစ်အမှိုက်တွေ၊ ပုလင်းခွံတွေနဲ့ အမှိုက်ပေါင်းစုံကို ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။

အမှိုက်ကင်းစင်တဲ့ ကမ္ဘာမြေကြီး ဖြစ်လာစေရေးအတွက် လူထုပါဝင်တဲ့ သန့်ရှင်းရေးလှုပ်ရှားမှုကို Let's Do It Foundation က ကမကထပြု ကျင်းပတာပါ။

မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့သန့်ရှင်းရေးနေ့ကို ပါဝင်ဆင်နွှဲတဲ့အနေနဲ့ အမှိုက်ကောက်လှုပ်ရှားမှုတွေ ကျင်းပမယ်လို့ သိရပါတယ်။

ကမာၻ႔သန္႔ရွင္းေရးေန႔ စုေပါင္းအမႈိက္ရွင္း
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG