သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြဲျပားမႈေတြကို ေျဖရွင္းသြားဖို႔ အိႏၵိယ-တ႐ုတ္ သေဘာတူ


အိႏၵိယဝန္ႀကီးခ်ဳပ္ Modi (ဝဲ) ႏွင့္ တ႐ုတ္သမၼတ Xi Jinping

တ႐ုတ္နဲ႔ အိႏၵိယ ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြရဲ႕ အလြတ္သေဘာ ေတြ႔ဆုံေဆြးေႏြးပြဲမွာ အိႏၵိယအတြက္ ႀကီးမားတဲ့ျပႆနာျဖစ္တဲ့ ကုန္သြယ္ေရးလိုေငြျပမႈနဲ႔ ႏွစ္ႏုိင္ငံ နယ္စပ္လုံၿခဳံေရး အားေကာင္းေအာင္ တိုးျမႇင့္လုပ္ေဆာင္သြားဖို႔ သေဘာတူခဲ့ၾကပါတယ္။ သူတို႔ႏွစ္ႏုိင္ငံၾကားရွိထားတဲ့ မတူညီမႈေတြကိုလည္း အေျမာ္အျမင္ရွိရွိ ေျဖရွင္းသြားဖို႔ ကတိျပဳခဲ့ၾကပါတယ္။

အိႏၵိယနဲ႔ တ႐ုတ္ ႏွစ္ႏုိင္ငံဆက္ဆံေရးဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း တည္ၿငိမ္ၿပီး အရွိန္အဟုန္ ေကာင္းလာခဲ့တဲ့အတြက္ ႏွစ္ႏုိင္ငံၾကား မတူကြဲျပားမႈေတြကို ကိုင္တြယ္စီမံၿပီး အျငင္းပြားစရာ ကိစၥေတြကို ေရွာင္လႊဲႏုိင္လိမ့္မယ္လို႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ Narendra Modi က တ႐ုတ္သမၼတ Xi Jinping ကုိ စေနေန႔က ေျပာဆိုခဲ့ပါတယ္။

အိႏၵိယႏုိင္ငံ Mamallapuram ကမ္းေျခၿမိဳ႕မွာလုပ္တဲ့ အလြတ္သေဘာ ေဆြးေႏြးပြဲမွာေတာ့ ႏွစ္ႏုိင္ငံၾကား ထိလြယ္ရွလြယ္ျဖစ္တ့ဲ ကက္ရွ္မီးယားအေရးကိစၥကို ေခါင္းေဆာင္ႏွစ္ဦးတုိ႔ ေဆြးေႏြးျခင္းမရွိခဲ့ပါဘူး။

သက္ဆုိင္ရာႏုိင္ငံအတြက္ စိုးရိမ္စရာကိစၥရပ္ေတြကို တဖက္နဲ႔တဖက္ အျပန္အလွန္ သတိထားဆင္ျခင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း ၀န္ႀကီးခ်ဳပ္ Modi က ေျပာဆိုခဲ့ပါတယ္။

အိႏၵိယလက္ေအာက္က ကက္ရွ္မီးယားေဒသကို ေပးအပ္ထားတဲ့ တစိတ္တပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို အိႏၵိယအစိုးရက ႐ုပ္သိမ္းလို္္က္တဲ့အေပၚ ဆန္႔က်င္တဲ့ အိႏၵိယရဲ႕ ရန္ဘက္ ပါကစၥတန္ႏုိင္ငံကို တ႐ုတ္က ေထာက္ခံေျပာဆိုခဲ့တဲ့အေပၚ တင္းမာမႈေတြ ရွိေနခ်ိန္မွာပဲ ၀န္ႀကီးခ်ဳပ္ Modi နဲ႔ သမၼတ Xi တို႔ ေတြ႔ဆုံတာပါ။

အိႏၵိယႏုိင္ငံျခားေရး၀န္ႀကီး Vijay Gokhale က ေတြ႔ဆုံပြဲမွာ ကက္ရွ္မီးယားကိစၥကို ေဆြးေႏြးေျပာဆိုခဲ့ျခင္း မရွိဘူးလို႔ သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီသီတင္းပတ္အေစာပုိင္းက တ႐ုတ္ႏုိင္ငံကို လာေရာက္ခဲ့တဲ့ ပါကစၥန္၀န္ႀကီးခ်ဳပ္ Imran Khan ရဲ႕ အလည္အပတ္ခရီးစဥ္ အေၾကာင္းကိုေတာ့ တ႐ုတ္သမၼတ Xi က ၀န္ႀကီးခ်ဳပ္ Modi ကို အသိေပးခဲ့တယ္လို႔ Mr. Gokhale က ဆိုပါတယ္။

အိႏၵိယ-တ႐ုတ္ ဆက္ဆံေရးဟာ အေၾကာင္းအရာတခုတည္းကိုပဲ အေျခခံထားတာ မဟုတ္သလို ကက္ရွ္မီးယားေဒသက ေနာက္ဆုံးျဖစ္ရပ္ဟာလည္း အိႏၵိယႏုိင္ငံရဲ႕ ျပည္တြင္းေရးသက္သက္ျဖစ္တယ္လို႔ အိႏၵိယႏုိင္ငံျခားေရး၀န္ႀကီး Gokhale က ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္သမၼတ Xi ကလည္း ၀န္ႀကီးခ်ဳပ္ Modi နဲ႔ ကိစၥရပ္အေတာ္မ်ားမ်ားကို ပြင့္ပြင့္လင္းလင္းနဲ႔ အေလးအနက္ ေဆြးေႏြးခဲ့ေၾကာင္း အဖြင့္မိန္႔ခြန္းမွာ ေျပာဆိုသြားတယ္။ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ ေျပာမသြားပါဘူး။

တ႐ုတ္နဲ႔ အိႏၵိယၾကား ဘ႑ာေရး၀န္ႀကီးအဆင့္ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈဆို္င္ရာ ကိစၥရပ္ေတြကို ေဆြးေႏြးဖို႔ ႏွစ္ႏုိင္ငံ သေဘာတူညီခဲ့တယ္လို႔လည္း Mr. Gokhale က အတည္ျပဳ ေျပာဆိုသြားပါတယ္။

-----------------------------------

(Unicode)

ကွဲပြားမှုတွေကို ဖြေရှင်းသွားဖို့ အိန္ဒိယ-တရုတ် သဘောတူ

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာ အိန္ဒိယအတွက် ကြီးမားတဲ့ပြဿနာဖြစ်တဲ့ ကုန်သွယ်ရေးလိုငွေပြမှုနဲ့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အားကောင်းအောင် တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။ သူတို့နှစ်နိုင်ငံကြားရှိထားတဲ့ မတူညီမှုတွေကိုလည်း အမြော်အမြင်ရှိရှိ ဖြေရှင်းသွားဖို့ ကတိပြုခဲ့ကြပါတယ်။

အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ ပြီးခဲ့တဲ့နှစ်အတွင်း တည်ငြိမ်ပြီး အရှိန်အဟုန် ကောင်းလာခဲ့တဲ့အတွက် နှစ်နိုင်ငံကြား မတူကွဲပြားမှုတွေကို ကိုင်တွယ်စီမံပြီး အငြင်းပွားစရာ ကိစ္စတွေကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တရုတ်သမ္မတ Xi Jinping ကို စနေနေ့က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ Mamallapuram ကမ်းခြေမြို့မှာလုပ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာတော့ နှစ်နိုင်ငံကြား ထိလွယ်ရှလွယ်ဖြစ်တဲ့ ကက်ရှ်မီးယားအရေးကိစ္စကို ခေါင်းဆောင်နှစ်ဦးတို့ ဆွေးနွေးခြင်းမရှိခဲ့ပါဘူး။

သက်ဆိုင်ရာနိုင်ငံအတွက် စိုးရိမ်စရာကိစ္စရပ်တွေကို တဖက်နဲ့တဖက် အပြန်အလှန် သတိထားဆင်ခြင်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း ဝန်ကြီးချုပ် Modi က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယလက်အောက်က ကက်ရှ်မီးယားဒေသကို ပေးအပ်ထားတဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ရုပ်သိမ်းလို်က်တဲ့အပေါ် ဆန့်ကျင်တဲ့ အိန္ဒိယရဲ့ ရန်ဘက် ပါကစ္စတန်နိုင်ငံကို တရုတ်က ထောက်ခံပြောဆိုခဲ့တဲ့အပေါ် တင်းမာမှုတွေ ရှိနေချိန်မှာပဲ ဝန်ကြီးချုပ် Modi နဲ့ သမ္မတ Xi တို့ တွေ့ဆုံတာပါ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vijay Gokhale က တွေ့ဆုံပွဲမှာ ကက်ရှ်မီးယားကိစ္စကို ဆွေးနွေးပြောဆိုခဲ့ခြင်း မရှိဘူးလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံကို လာရောက်ခဲ့တဲ့ ပါကစ္စန်ဝန်ကြီးချုပ် Imran Khan ရဲ့ အလည်အပတ်ခရီးစဉ် အကြောင်းကိုတော့ တရုတ်သမ္မတ Xi က ဝန်ကြီးချုပ် Modi ကို အသိပေးခဲ့တယ်လို့ Mr. Gokhaleက ဆိုပါတယ်။

အိန္ဒိယ-တရုတ် ဆက်ဆံရေးဟာ အကြောင်းအရာတခုတည်းကိုပဲ အခြေခံထားတာ မဟုတ်သလို ကက်ရှ်မီးယားဒေသက နောက်ဆုံးဖြစ်ရပ်ဟာလည်း အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Gokhale က ပြောဆိုခဲ့ပါတယ်။

တရုတ်သမ္မတ Xi ကလည်း ဝန်ကြီးချုပ် Modi နဲ့ ကိစ္စရပ်အတော်များများကို ပွင့်ပွင့်လင်းလင်းနဲ့ အလေးအနက် ဆွေးနွေးခဲ့ကြောင်း အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောမသွားပါဘူး။

တရုတ်နဲ့ အိန္ဒိယကြား ဘဏ္ဍာရေးဝန်ကြီးအဆင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့တယ်လို့လည်း Mr. Gokhale က အတည်ပြု ပြောဆိုသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG