သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ကာကြယ္ေရး အသံုးစရိတ္မွာ အာကသတပ္ဖြဲ႔ ဖြဲ႔ဖို႔ ပါဝင္


အာကာသေရးရာ တပ္ဖြဲ႔တပ္မွဴး John Raymond ထံ ခန္႔အပ္လႊာေပးအပ္ေနသည့္ သမၼတ Trump. (ဒီဇင္ဘာ ၂၀၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုရဲ႕ အာကာသေရးရာတပ္ဖြဲ႔ တည္ေထာင္ဖို႔နဲ႔ အစိုးရ၀န္ထမ္းေတြကို လစာျပည့္နဲ႔ သီတင္း ၁၂ ပတ္ၾကာ မီးဖြားခြင့္ေပးမယ့္ ဥပေဒတရပ္ကို အေမရိကန္သမၼတ Donald Trump ေသာၾကာေန႔က လက္မွတ္ေရးထိုးလိုက္ပါတယ္။

အေမရိကန္ေဒၚလာ ၇၃၈ ဘီလီယံ သုံးစြဲမယ့္ ကာကြယ္ေရး အသုံးစရိတ္ မူၾကမ္းကို ဒီမိုကရက္အမတ္ေတြ လႊမ္းမိုးထားတဲ့ ေအာက္လႊတ္ေတာ္မွာ အတည္ျပဳလိုက္ၿပီးေနာက္မွာပဲ ရီပတ္ဘလစ္ကန္ အမတ္အမ်ားစု ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္က အဂၤါေန႔မွာ အတည္ျပဳခဲ့ၾကတာပါ။

အေမရိကန္တပ္ဖြဲ႔ ၆ ခုကို အာကာသေရးရာတပ္ဖြဲ႔ တည္ေထာင္ဖို႔ဆိုၿပီး သမၼတ Trump ေတာင္းဆိုခ်က္နဲ႔ ဒီမိုကရက္ေတြ အႀကံျပဳထားတဲ့ ေဒၚလာ ၂ သန္း ကုန္က်သုံးစြဲဖို႔ လ်ာထားတဲ့ ၀န္ထမ္းေတြကို လစာျပည့္နဲ႔ မီးဖြားခြင့္ျပဳေရး အျပန္အလွန္ သေဘာတူညီမႈ ရခဲ့တဲ့အတြက္ ဒီမူၾကမ္းကို ခုလို အတည္ျပဳလိုက္ၾကတာလည္း ျဖစ္ပါတယ္။

အစိုးရ၀န္ထမ္းေတြ လစာျပည့္နဲ႔ မီးဖြားခြင့္ျပဳတာ အေမရိကန္သမုိင္းမွာ ဒါ ပထမဆုံးအႀကိ္မ္လည္း ျဖစ္ပါတယ္။ အာကာသေရးရာ တပ္ဖြဲ႔ဟာလည္း ႏွစ္ေပါင္း ၆၀ ေက်ာ္အတြင္း အေမရိကန္စစ္ဘက္ရဲ႕ ပထမဆုံး တပ္ဖြဲ႔သစ္တခု ျဖစ္လာေတာ့မွာပါ။

အာကာသေရးရာ တပ္ဖြဲ႔တပ္မွဴး John Raymond ကေတာ့ ခုအသစ္ဖြဲ႔မယ့္ တပ္ဟာ ႏုိင္ငံေတာ္အတြက္ သိပ္ကိုအေရးပါတဲ့အတြက္ အမွားအယြင္း လုပ္လို႔မရသလို အလ်င္စလို လုပ္လို႔မရဘူးလို႔ ေျပာပါတယ္။ အာကာသဆုိင္ရာတပ္ဖြဲ႔မွာ အေမရိကန္စစ္ဘက္နဲ႔ အရပ္ဘက္ အဖြဲ႔၀င္ ၁၆၀၀၀ ၀န္းက်င္ ပါ၀င္မွာျဖစ္ပါတယ္။

-------------------------------

(Unicode)

ကန်ကာကွယ်ရေး အသုံးစရိတ်မှာ အာကသတပ်ဖွဲ့ ဖွဲ့ဖို့ ပါဝင်

အမေရိကန်ပြည်ထောင်စုရဲ့ အာကာသရေးရာတပ်ဖွဲ့ တည်ထောင်ဖို့နဲ့ အစိုးရဝန်ထမ်းတွေကို လစာပြည့်နဲ့ သီတင်း ၁၂ ပတ်ကြာ မီးဖွားခွင့်ပေးမယ့် ဥပဒေတရပ်ကို အမေရိကန်သမ္မတ Donald Trump သောကြာနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၇၃၈ ဘီလီယံ သုံးစွဲမယ့် ကာကွယ်ရေး အသုံးစရိတ် မူကြမ်းကို ဒီမိုကရက်အမတ်တွေ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပြီးနောက်မှာပဲ ရီပတ်ဘလစ်ကန် အမတ်အများစု ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်က အင်္ဂါနေ့မှာ အတည်ပြုခဲ့ကြတာပါ။

အမေရိကန်တပ်ဖွဲ့ ၆ ခုကို အာကာသရေးရာတပ်ဖွဲ့ တည်ထောင်ဖို့ဆိုပြီး သမ္မတ Trump တောင်းဆိုချက်နဲ့ ဒီမိုကရက်တွေ အကြံပြုထားတဲ့ ဒေါ်လာ ၂ သန်း ကုန်ကျသုံးစွဲဖို့ လျာထားတဲ့ ဝန်ထမ်းတွေကို လစာပြည့်နဲ့ မီးဖွားခွင့်ပြုရေး အပြန်အလှန် သဘောတူညီမှု ရခဲ့တဲ့အတွက် ဒီမူကြမ်းကို ခုလို အတည်ပြုလိုက်ကြတာလည်း ဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေ လစာပြည့်နဲ့ မီးဖွားခွင့်ပြုတာ အမေရိကန်သမိုင်းမှာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အာကာသရေးရာ တပ်ဖွဲ့ဟာလည်း နှစ်ပေါင်း ၆၀ ကျော်အတွင်း အမေရိကန်စစ်ဘက်ရဲ့ ပထမဆုံး တပ်ဖွဲ့သစ်တခု ဖြစ်လာတော့မှာပါ။

အာကာသရေးရာ တပ်ဖွဲ့တပ်မှူး John Raymond ကတော့ ခုအသစ်ဖွဲ့မယ့် တပ်ဟာ နိုင်ငံတော်အတွက် သိပ်ကိုအရေးပါတဲ့အတွက် အမှားအယွင်း လုပ်လို့မရသလို အလျင်စလို လုပ်လို့မရဘူးလို့ ပြောပါတယ်။ အာကာသဆိုင်ရာတပ်ဖွဲ့မှာ အမေရိကန်စစ်ဘက်နဲ့ အရပ်ဘက် အဖွဲ့ဝင် ၁၆၀၀၀ ဝန်းကျင် ပါဝင်မှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG