သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္စစ္တကၠသိုလ္ေက်ာင္းသားအခ်ိဳ႕ လူျဖဴႀကီးစိုးေရး သေကၤတ လုပ္ခဲ့လား စံုစမ္းေန


အေမရိကန္ ၾကည္းတပ္၊ ေရတပ္ ေဘာလုံးပြဲ တက္ေရာက္ၾကည့္႐ႈေနသည့္ သမၼတ Donald Trump. (ဒီဇင္ဘာ ၁၄၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ မေန႔ စေနေန႔ကက်င္းပၿပီး တႏိုင္ငံလုံးကို ျပသသြားတဲ့ ေဘာလုံးပြဲအတြင္း အေမရိကန္ စစ္တကၠသိုလ္ သင္တန္းသားေတြအေနနဲ႔ လူျဖဴႀကီးစိုးေရး လက္ဟန္ေျခဟန္ သေကၤတေတြကို အသုံးျပဳသြားသလား ဆိုတာကို စုံစမ္းစစ္ေဆးေနၿပီလို႔ အေမရိကန္ၾကည္းတပ္နဲ႔ ေရတပ္ စစ္တကၠသိုလ္ တာဝန္ရွိသူေတြက ေျပာတယ္လို႔ The Wall Street Journal သတင္းစာက ေဖာ္ျပလိုက္ပါတယ္။

အဲဒီေဘာလုံးပြဲကိုေတာ့ အေမရိကန္သမၼတ Donald Trump လည္း တက္ေရာက္ၾကည့္႐ႈခဲ့တာ ျဖစ္ပါတယ္။

West Point စစ္တကၠသိုလ္ ဗိုလ္ေလာင္းေတြနဲ႔ Annapolis ေရတပ္ဗိုလ္ေလာင္းေတြဟာ Philadelphia ၿမိဳ႕မွာ လုပ္ခဲ့တဲ့ အေမရိကန္ၾကည္းတပ္ ေရတပ္ ေဘာလုံးပြဲအတြင္း လူျဖဴႀကီးစိုးေရး လက္ဟန္ေျခဟန္ သေကၤတေတြကို လုပ္ခဲ့ပုံရတယ္လို႔ သတင္းစာက ေဖာ္ျပပါတယ္။

အဲဒီစစ္တကၠသိုလ္ ၂ ခုကေတာ့ အဲဒီဗိုလ္ေလာင္းေတြက ဘာေၾကာင့္ အဲဒီလိုမ်ိဳး လက္ဟန္ေျခဟန္ သေကၤတကို လုပ္သလဲဆိုတဲ့ ရည္ရြယ္ခ်က္ကို သူတို႔အေနနဲ႔ မဆုံးျဖတ္ရေသဘူးလို႔ ေျပာတယ္ဆိုၿပီး The Wall Street Journal သတင္းစာက ဆိုပါတယ္။ အဲဒီသေကၤတဟာ အေမရိကန္ျပည္ေထာင္စုမွာေတာ့ OK ဆုိတဲ့ သေကၤတနဲ႔လည္း တူတာျဖစ္ပါတယ္။

--------------------------------

(Unicode)

ကန်စစ်တက္ကသိုလ်ကျောင်းသားအချို့ လူဖြူကြီးစိုးရေး သင်္ကေတ လုပ်ခဲ့လား စုံစမ်းနေ

အမေရိကန်ပြည်ထောင်စုမှာ မနေ့ စနေနေ့ကကျင်းပပြီး တနိုင်ငံလုံးကို ပြသသွားတဲ့ ဘောလုံးပွဲအတွင်း အမေရိကန် စစ်တက္ကသိုလ် သင်တန်းသားတွေအနေနဲ့ လူဖြူကြီးစိုးရေး လက်ဟန်ခြေဟန် သင်္ကေတတွေကို အသုံးပြုသွားသလား ဆိုတာကို စုံစမ်းစစ်ဆေးနေပြီလို့ အမေရိကန်ကြည်းတပ်နဲ့ ရေတပ် စစ်တက္ကသိုလ် တာဝန်ရှိသူတွေက ပြောတယ်လို့ The Wall Street Journal သတင်းစာက ဖော်ပြလိုက်ပါတယ်။

အဲဒီဘောလုံးပွဲကိုတော့ အမေရိကန်သမ္မတ Donald Trump လည်း တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

West Point စစ်တက္ကသိုလ် ဗိုလ်လောင်းတွေနဲ့ Annapolis ရေတပ်ဗိုလ်လောင်းတွေဟာ Philadelphia မြို့မှာ လုပ်ခဲ့တဲ့ အမေရိကန်ကြည်းတပ် ရေတပ် ဘောလုံးပွဲအတွင်း လူဖြူကြီးစိုးရေး လက်ဟန်ခြေဟန် သင်္ကေတတွေကို လုပ်ခဲ့ပုံရတယ်လို့ သတင်းစာက ဖော်ပြပါတယ်။

အဲဒီစစ်တက္ကသိုလ် ၂ ခုကတော့ အဲဒီဗိုလ်လောင်းတွေက ဘာကြောင့် အဲဒီလိုမျိုး လက်ဟန်ခြေဟန် သင်္ကေတကို လုပ်သလဲဆိုတဲ့ ရည်ရွယ်ချက်ကို သူတို့အနေနဲ့ မဆုံးဖြတ်ရသေဘူးလို့ ပြောတယ်ဆိုပြီး The Wall Street Journal သတင်းစာက ဆိုပါတယ်။ အဲဒီသင်္ကေတဟာ အမေရိကန်ပြည်ထောင်စုမှာတော့ OK ဆိုတဲ့ သင်္ကေတနဲ့လည်း တူတာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG